မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။
၁ ။ ဂရန်မြေ ဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင် နဲ့ဆွဲတယ်
၂ ။ ဘိုးဘွား ပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်
၃ ။ အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်
၄ ။ ရွာမြေ ဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံ ဆွဲပြီးတော့
၅ ။ သာသနာ့မြေ ဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။
အက္ခရာ သင်္ကေတတွေကို ကြည့်ပီးလည်း ဘာမြေ အမျိုးအစား ဖြစ်နိူင်တယ် ၊ မြေပြန့်လား ၊ ကုန်းကျလား ၊ မြောင်းဘေးလားဆည်ရေ သောက်လား ၊ မြစ်ရေ ဝင်လား ၊ သုသာန်နဲ့ နီးလား.....စသည်ဖြင့် ခွဲခြားလို့ ရတယ်လို့ အများလည်း သိအောင် ၊ ကျနော်လည်း စုပီးသား ဖြစ်သွားအောင် သိထား သလောက်လေး ပြောရရင်..မြေ အမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....
၁ ။ မိုးကောင်း လယ်မြေ ၊ သာမန် လယ်မြေဆိုရင် R / P/M တို့နဲ့ ပြသတက်ပြီး ပထမတန်းစား ဆိုရင် R1 ၊ ဒုတိယတန်းစားဆိုရင် R2 ၊ တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3 ၊ တစ် ဧက အထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထ တန်းစား R4 နဲ့ ပြကြပါတယ်။
၂ ။ အစိုးရ ဆည်ရေသောက် လယ် မြေ ဆိုရင် RG
၃ ။ ပုဂ္ဂလိက ဆည်ရေသောက် လယ် မြေဆိုရင် RP
၄ ။ ကန်ရေသောက် မူရင်း လယ်ဆိုရင် TM
၅ ။ မူရင်း လယ်မြေ ဆိုရင် M / MY
၆ ။ ချောင်းရေဝင် မြေဆိုရင် C
၇ ။ ယာမြေ ဆိုရင် Y
၈ ။ ရာဘာ ကြက်ပေါင်စေး စိုက်မြေဆိုရင် RR
၉ ။ တောင်ယာ မြေဆိုရင် TY / YY
၁၀ ။ ကိုင်းမြေ ဆိုရင် K / KA/KY
၁၁ ။ ကိုင်းမြေ ရင့်ဆိုရင် KY
၁၂ ။ ဥယျာဉ်ခြံ မြေဆိုရင် G / U
၁၃ ။ ဓနိမြေ ဆိုရင် D
၁၄ ။ အပိုင်ရ မြေ O
၁၅ ။ အပိုင် ဂရန်မြေ G
၁၆ ။ အငှား ဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ် ။
CRD မူရင်း ရေးသားသူ
Credit Sayar Gyi U KYI SOE IC
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...

လယ်ယာမြေပုံစံ(၇) ရရှိထားသူက မြေဂရန် လျှောက်ထားရန် နည်းလမ်း
လယ်ယာ မြေပုံစံ ( ၇ ) ရရှိထား သူက မြေဂရန် လျှောက်ထားရန် နည်းလမ်း??? လယ်ယာ မြေ လုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ ( ၇ ) ရရှိထားသော မြေကွက်ကို အမည်ပေါက် ခြံဂရန် လုပ်ကိုင် လိုသည့် အတွက် အရင်ဆုံး ဆောင်ရွက်ရန်မှာ ၂၀၁၂ ခု...