၁၀၅ / ၁၀၆ နဲ့မြေရောင်းတယ် ။

၁၀၅ / ၁၀၆ နဲ့ မြေရောင်းတယ် ။
၁၀၅ / ၁၀၆ရှိတယ် စသည်ဖြင့်
မေးလာကြသဖြင့် ၁၀၅ / ၁၀၆
မြေပုံရာဇဝင် အကြောင်း
လေ့လာသိရှိ ထားရန် ဖော်ပြပေး
လိုက်ပါသည် ။
မြေပုံ မြေရာဇဝင် ဆိုသည်မှာ
ရွှေ မဖြစ်တဲ့မြေကို အရောင်းအဝယ်
လုပ်ပြီဆိုတာနဲ. မြေပုံ မြေရာဇဝင်
ဆိုတာ ပါလာပါပြီ ။ မြေတစ်ကွက်ကို
ဝယ်မယ်ဆိုရင် “မြေပုံမြေရာဇဝင်” ကို
အရင်စစ်ဆေး ရမယ်လို. ဥပဒေတွေမှာ
ပါပါတယ် “ မြေပုံ စာရွက်ရယ် ” ၊ “
မြေရာဇဝင် စာရွက်ရယ် ” နှစ်ရွက်ပေါင်းပြီး
မြေပုံ မြေရာဇဝင်လို ခေါ်ကြတာပါ ။
မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာပုံစံ
အမျိုးအမျိုးရှိပါတယ်၊ လူသိအများဆုံး
ကတော့ အိမ်ခြံမြေအရောင်း အဝယ်
စာချုပ်ချုပ်တဲ့အခါပေါ့။
စာချုပ်စာတမ်း မှတ်ပုံတင်ရေး
အက်ဥပဒေပုဒ်မ ( ၂၁ ) တွင် ရွှေ.မပြောင်း
နိုင်သော ပစ္စည်းရောင်းဝယ် ၊ ပေးကမ်း ၊
စွန်လွှတ်စသည့် စာချုပ်များ မှတ်ပုံတင်
ချုပ်ဆိုလျှင် “ မြေပုံ မြေရာဇဝင် ” မပါရှိခဲ့
လျှင်လက်ခံချုပ်ဆိုခြင်းမပြုရလို.ပါရှိပါတယ်။
မြေပုံ မြေရာဇဝင် ဆိုသည်မှာ နှစ်စဉ်အမြဲ
ပြောင်းလဲ အတည်ပြုရေး ဆွဲနေရပါသော
“ မြို.ပြမြေစာရင်း ” မှ ကောက်နုတ်
ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှုရှိ /
မရှိဆိုတာကို အိုးအိမ် ဦးစီးဌာန ( သို .)
မြို.တော် စည်ပင်တို့တွင်သာ တိုက်ဆိုင်
စစ်ဆေး နိုင်ပါသည် ။
မြို.နယ်မြေစာရင်းကထုတ်ပေးတဲ့
ပုံစံ ၁၀၅ မြေပုံ ။ ပုံစံ ၁၀၆ က မှမြေ ရာဇဝင် ၊
အဲဒီ ( ၂ ) ရွက်ပေါင်းကို မြေပုံ မြေရာဇဝင်လို.
ခေါ်ပါတယ် ။ မြို.တော် စည်ပင်က ထုတ်ပေးတဲ့
မြေပုံကလေး ပါတာကို မြေပုံ ။ မြေရာဇဝင်ပါတဲ့
စာရွက်ကို မြေရာဇဝင်လို. ခေါ်ပြီး ( ၂ )
ရွက်ပေါင်း လိုက်တော့ မြေပုံမြေရာဇဝင်
ဖြစ်သွားပါတယ်။
အောက်ပါ ကိစ္စရပ်များအတွက် သက်သေခံ
မြေပုံ - မြေရာဇဝင် ( Certified Map )
လျှောက်ထား နိုင်ပါသည် ။
- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်
- အဆောက်အအုံ အကြီးစား ပြင်ဆင်ခွင့် လျှောက်ထားရန်
- ခြံစည်းရိုး ကာရံခွင့် လျှောက်ထားရန်
- အဝီစိတွင်း တူးခွင့် လျှောက်ထားရန်
- ဘဏ်ငွေ ချေးခွင့် လျှောက်ထားရန်
- မြေကွက် ခွဲစိတ်ခွင့် လျှောက်ထားရန်
- ကျူးလွန်ခြင်း ပြမြေပုံ လျှောက်ထားရန်
- အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန်
- အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံ
တင်စာချုပ် ချုပ်ဆိုရန်
- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- စွန့်လွှတ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်
- မေတ္တာဖြင့် အပိုင်ပေး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမှားပြင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မှတ်တမ်း အဖြစ်ထားရှိရန်
ဒီလိုအကန့်အသတ်တွေရှိတယ်
ရွာမြေ ၊ ဉယျာဉ်ခြံမြေ ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည် ။ မြေတိုင်းတား ပေးသည်။
လိုင်စင်မြေ နှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန် ၊ အကြီးစားပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန်နှင့် အဝီစိတွင်း တူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည်။
အဆောက်အဉီးဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက် ကသာ လျှောက်ထားနိုင်သည်။
စွန့်လွှတ် စာချုပ်ချုပ်ဆိုရန် ၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက်ပူးတွဲ ပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည် ။
ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံ မြေရာဇဝင်ကို မြေတိုင်း မြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။
မြေကွက် ခွဲစိတ်ခွင့် လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ ၊ ဘိုးဘွာပိုင်မြေ ( အိမ်ယာမြေ ) ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့် ရှိသည် ။
သက်တမ်း ကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန် အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့်ရှိသည်။
ဆောင်ရွက် ရပုံခြင်း မတူပါ
အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို
အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်
-လျှောက်ထားလို သူသည် ဌာနမှ သတ်မှတ်ပုံစံ နှင့် အတူနိုင်ငံသား စိစစ်ရေးကတ်ပြား ၊
မြေပိုင် မြေဖြစ်ပါက မှတ်ပုံတင်စာချုပ် ၊ ဂရန်မြေဖြစ်ပါက မြေငှား ဂရန်စာချုပ် နှင့် နောက်ဆုံးထမ်း ဆောင်ထားသော မြေခွန် ပြေစာ ၊ အမည်ပေါက်သူကလျှောက်ထားခြင်းမဟုတ်လျှင် ပိုင်ဆိုင်မှုအထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့်
သက်ဆိုင်သည့် တရားရုံး စီရင်ချက် နှင့် ဒီကရီမူရင်းများ တင်ပြ လျှောက်ထားရပါသည် ။
ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေးပါသည်။
တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထား မှန်ကန်ပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လိုအပ်ပါက သတင်းစာတွင် ( ၁၄ ) ရက်ကြော်ငြာ ခြင်းများ ဆောင်ရွက်ပါသည် ။
ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည် ။
အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ် ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်
လျှောက်ထား သူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထား များအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေး ဉီးစီးဌာနမှသေစာရင်း၊
အမွေရှင် နှင့် ကျန်အမွေဆိုင် များကွယ်လွန်ပြီး ဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့် ရှိကြောင်း ပြည့်စုံစွာ ဖော်ပြရေးသားထားသည့် လျှောက်ထားသူ ကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ၊
တစ်မြို့နယ် တည်းတွင်နေထိုင်သူ ( ၂ ) ဉီးက လျှောက်ထား သူအား သိရှိကြောင်း နှင့် မှန်ကန်ကြောင်း ထောက်ခံသည့် တရားရုံးကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ( ၂ ) စောင်၏ မူရင်းများပါ တင်ပြလျှောက်ထားရပါမည်။
ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။
တင်ပြထားသော အထောက်အထား နှင့် မြေစာရင်း ပါအထောက်အထားများ ကိုက်ညီမှုရှိပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လျှောက်ထား သည့် မြေကွက်နှင့် ပတ်သက်၍ ပြည့်စုံစွ ာဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည် ။
သတင်းစာကြော်ငြာပြီး (၁၄) ရက်ပြည့်သည်အထိ ကန့်ကွက်မှုတစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ အမွေဆက်ခံ ပိုင်ဆိုင် ကြောင်းစာချုပ်ချုပ် ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည် ။
မြေပုံ မြေရာဇဝင် သက်တမ်း
သက်တမ်းကို နှစ်အတွင်းဟု သတ်မှတ်လေ့ရှိသည် ။ သို.သော် လက်ရှိမြေကွက် ကိုခွဲစိတ်တာ ၊ အခြားနည်း အသုံးပြုတာ တွေပြုလုပ်ပါက မြေပုံ မြေရာဇဝင်ရဲ. သက်တမ်းပြတ် ပြယ်ပါသည် ။ အသစ်ပြန် လျှောက်ရပါသည် ။
ရေးသားသူ ဆရာကြီး(Kyi Soe)(I.C)
Credit - ဥပဒေရေးရာ
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...