ဘိုးဘပိုင်မြေ” ဆိုသည်မှာ

ဘိုးဘပိုင်မြေ ” ဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၄ ၊ ပုဒ်မခွဲ ( ၁၀ ) အရ ဘိုးဘွားမိဘ လက်ထက်ကပင် ဓားမဦးချ ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မစိုက်ပျိုးသည့် မြေကို ဆိုသည်ဟု လည်းကောင်း
The Upper BURMA Land and Revenue Regulation section 23 ( b ) ၌ -
ဘိုးဘပိုင်မြေ ( ခ ) အမှုထမ်းမြေ ( Official Land ) ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည် ။
ဘိုးဘပိုင် မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ် အက္ခရာ B ( Bobabaing or Landholder's rights ) ဟု ရေးသားထားသည် ။ လွဲပြောင်းဆက်ခံခွင့် ရှိသော မြေအမျိုးအစား ဖြစ်သည် ။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဘိုးဘပိုင်မြေတို့ကို အမည် ပြောင်းလဲလိုပါက အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားရှိသည် -
ဘိုးဘပိုင်မြေကို အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်များ
၁ ။ ဘိုးဘပိုင်မြေကို အမည်ပြောင်း လျှောက်ထားလာပါက အောက်ပါအတိုင်း အမျိုးအစား ခွဲခြား၍ ဆောင်ရွက်ပေးသည် -
( ၁ ) အမည်ပြောင်း
( ၂ ) ဦးပိုင်ခွဲ အမည်ပြောင်း ( ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်း လျှောက်ထားခြင်း ၊ )
( ၃ ) အမည် ဖြည့်စွက်ခြင်း ( မူလ အမည်ပေါက် အပြင် နောက်ထပ် တစ်ဦး ၊ နှစ်ဦး အမည်ဖြင့် အမည်ထပ်မံ ဖြည့်စွက် လျှောက်ထား ခြင်း )
( ၄ ) အမည် ပယ်ဖျက်ခြင်း ( မူလ နှစ်ဦး ၊ သုံးဦး အမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောက်ထားခြင်း )
၂ ။ ဘိုးဘပိုင်မြေ အမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ်စာတမ်းများ နှင့် အထောက်အထားများကို တင်ပြရန် လိုအပ်ပါသည် -
( ၁ ) လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူမှန် ၊
( ၂ ) မြေပုံ ၊ မြေရာဇဝင် မူရင်း ၊
( ၃ ) အမွေဆက်ခံခြင်း ဖြစ်ပါက အဆင့်ဆင့် အမွေဆက်ခံမှု စာချုပ်စာတမ်း မိတ္တူ ၊
( ၄ ) အရောင်းအဝယ် ဖြစ်ပါက အဆင့်ဆင့် အရောင်းအဝယ် ပြုလုပ်သည့် မှတ်ပုံတင်စာချုပ် မိတ္တူမှန် ၊
( ၅ ) အပေး ၊ စွန့်လွှတ် ၊ အမည်ပြောင်း ဖြစ်ပါက မှတ်ပုံတင် ပေးကမ်း ၊ စွန့်လွှတ် စာချုပ်မိတ္တူ မှန် ၊
( ၆ ) တရားရုံး ဒီကရီ ( သို့မဟုတ် ) တရားမပုံစံ ( ၁၀၆ ) ( တရားရုံးမှ အမည်ပြောင်းပေးရန် အကြောင်းကြားစာ )
( ၇ ) အမည်ပေါက် သေဆုံးပါက သေစာရင်း မိတ္တူမှန် ၊
( ၈ ) အိမ်ထောင်စုဇယား မိတ္တူမှန် ၊
( ၉ ) အဆောက်အဉီး ဓာတ်ပုံ ၊
( ၁၀ ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် ။
၃ ။ အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲ တည်ဆောက်ပြီး သတင်းစာတွင် ကြော်ငြာ၍ ကန့်ကွက်မှု မရှိ ၊ အရှုပ်အရှင်း မရှိပါက သက်ဆိုင်ရာဌာနသည် ( ၁ ) လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည် ။
# လျှောက်လွှာ နမူနာ ပုံစံ
သို့
ဌာနမှူး
မြို့ပြ စီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမှတ်စဉ် ………….
ရက်စွဲ………………………………. .
# အကြောင်းအရာ။ ဘိုးဘပိုင်မြေအား အမည်ပြောင်းပေးရန် လျှောက်ထားခြင်း။
၁။ မန္တလေးမြို့ ၊………………………………… မြို့နယ် ၊ ……………………. ရပ်ကွက် ၊ အကွက်အမှတ်……………. ရှိ။ ဦးပိုင်အမှတ်………….. ဧရိယာ …………… ဧကရှိ ဘိုးဘပိုင်မြေကို ဦး/ ဒေါ်………………… ၏ အမည်ကို ပြောင်းလဲပေးပါရန် လေးစားစွာ လျှောက်ထားအပ် ပါသည် ။
၂ ။ အမည်ပြောင်းပေးရန် လျှောက်ထားသည့် ဘိုးဘပိုင်မြေ၏ တည်နေရာ လိပ်စာ အပြည့်အစုံမှာ ……………………………………………………………………………………………………………… ………………………………………………………………………………………………………………
၃ ။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ မြေပုံ ၊ စာရွက်စာတမ်း ၊ ပိုင်ဆိုင်မှု အထောက်အထားများ နှင့် ပူးတွဲတင်ပြပါသည် ။
( က ) မြေစာရင်းပုံစံ ( ၁၀၅ ) မြေပုံ ( ၂ ) ပုံ ၊
( ခ ) မြေစာရင်းပုံစံ ( ၁၀၆ ) ၊ မြေရာဇဝင် ၁ - က မှတ်တမ်း ( ၂ ) စုံ ၊
( ဂ ) အမျိုးသား မှတ်ပုံတင်ကတ်ပြား ( သို့ ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၊
( ဃ ) ပိုင်ဆိုင်ကြောင်း အထောက်အထားများ
( ၁ ) …………………………………..
( ၂ ) …………………………………..
( ၃ ) …………………………………..
( ၄ ) …………………………………..
လျှောက်ထားသူ လက်မှတ် ……… ………………
အမည် ဦး / ဒေါ် ………………………………….
နေရပ်လိပ်စာ ……………………………………
……………………………………………………………………
# ခံ ဝန်ချက်
ရက်စွဲ ………………………….
၁ ။ မန္တလေးမြို့ ၊………………………………… မြို့နယ် ၊ …………………….ရပ်ကွက် ၊ အကွက်အမှတ် ……………. ရှိ။ ဦးပိုင်အမှတ်………….. ဧရိယာ…………… ဧကရှိ ဘိုးဘပိုင်မြေကို ကျွန်တော်/ ကျွန်မ/ ဦး/ ဒေါ် ……………………. ၏ အမည်သို့ ပြောင်းလဲပေးရန်အတွက် ပိုင်ဆိုင်မှု အထောက်အထားများနှင့်အတူ တင်ပြလျှောက်ထားအပ်ပါသည်။
၂ ။ အကယ်၍ ကျွန်တော် / ကျွန်မ / ဦး/ ဒေါ် ………………………….. ၏ အမည်သို့ ပြောင်းလဲပေးပြီး နောက် ပိုင်ဆိုင်မှု၊ သက်ဆိုင်မှု၊ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက အငြင်းပွားမှု မပြီးပြတ်မီ ကာလအတွင်း မူလအမည်အတိုင်းပြန်လည်ထားရှိရ မည်ကို သဘောတူကြောင်း ဝန်ခံ ကတိပြုပါသည်။
လျှောက်ထားသူလက်မှတ် ……………………
အမည် / ဦး / ဒေါ် …………………………….
မှတ်ပုံတင်အမှတ် ……………………………
နေရပ်လိပ်စာ ………………………………
……………………………………………
ကျွန်ုပ် ရှေ့မှောက်တွင် -
ဌာနစုမှူး ( မြေယာ / စီမံ )
# ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဘိုးဘပိုင်မြေတို့ကို အမည်ပြောင်းလဲခြင်း #
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဘိုးဘပိုင်မြေကို အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ -
# အမည်ပြောင်းလဲနိုင်သော မြေအမျိုးအစားတို့မှာ အောက်ပါ မြေအမျိုးအစား တို့ဖြစ်သည် -
- မြေပိုင် မြေ ၊
- ဘိုးဘပိုင် မြေ ၊
- ဂရန်ရှိ မြေပိုင် မြေနှင့် သက်တမ်းရှိသော မြေငှားဂရန် မြေ ၊
- လယ်ယာ မြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက် လက်မှတ် ရရှိပြီး မြေ ( ရန်ကုန်စည်ပင် လုပ်ထုံး ၂၅ )
မြေအမည်ပေါက် ပြောင်းလဲရန် လျှောက်ထားခွင့်ရှိသူများ
# မြေအမည်ပေါက် ပြောင်းလဲပေးရန် လျှောက်ထားနိုင်သူများမှာ -
- မြေ အမည်ပေါက်နှင့် မြေငှားစာချုပ် ရရှိသူတို့ထံမှ မှတ်ပုံတင် စာချုပ်စာတမ်း အဆက်အစပ်ဖြင့် ရရှိသူ သို့မဟုတ်
- တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းကြောင်း လက်မှတ်စာ ( တံဆိပ် ခေါင်းကပ်ပြီးဖြင့် ) ဝယ်ယူသူတို့ သာ မြေအမည်ပြောင်း လျှောက်ထားခွင့် ရှိပါသည် ။
မြေအမည်ပေါက် ပြောင်းလဲပေးရန် လျှောက်ထားသူသည် ဌာန၏ သတ်မှတ် ပုံစံနှင့်အတူ အောက်ပါ အထောက်အထားများကို ပူးတွဲ တင်ပြရပါမည် -
( က ) မြေနှင့် ပတ်သက်သော အထောက်အထားများ
( ၁ ) မြေအငှားချထားသည့် အငှားစာချုပ် ၊
( ၂ ) မှတ်ပုံတင် စာချုပ်စာတမ်းများ ၊ အခွန်ထမ်းဆောင်ရသည့် အကြောင်းအရာနှင့် ပတ်သက်သော မှတ်ပုံတင်စာချုပ်များ အတွက် ပြည်တွင်း အခွန်များ ဦးစီးဌာနတွင် အခွန်ထမ်းဆောင်ထားသော အထောက်အထား ၊
( ၃ ) တရားရုံးဖြင့် လေလံတင် ရောင်းချရန် သတ်မှတ်သည့် အမိန့်နှင့် တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရောင်းကြောင်း လက်မှတ် စာ ၊
( ခ ) နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသား မှတ်ပုံတင်ကတ်ပြား မိတ္တူ ၊
( ဂ ) နိုင်ငံတော်၏ အမိန့်တစ်ရပ်ရပ်အရ အကျိုးခံစားခွင့် ရှိကြောင်း အထောက်အထား ၊
စသည်တို့ကို တင်ပြ၍ လျှောက်ထား ဆောင်ရွက်သွားရန် ဖြစ်ပါသည် ။
# ထိုအခါဌာနမှ အောက်ပါအတိုင်း စိစစ်ပေးသွားမည် ဖြစ်သည် -
( က ) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း ရှိ / မရှိ ၊
( ခ ) ပိုင်ဆိုင်မှု အထောက်အထားများ ပြည့်စုံမှု ရှိ / မရှိ စိစစ်၍ မိတ္တူကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ၊
( ဂ ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြားမိတ္တူကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ၊
( ဃ ) ဂရန်မြေ ဖြစ်ပါက မြေငှားခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ၊
( င ) အထက်ပါ အချက်များ ပြည့်စုံမှန်ကန်မှု ရှိက မြန်မာ့အလင်း သတင်းစာ သို့မဟုတ် ကြေးမုံသတင်းစာ နှင့် မြို့တော်သတင်းစာ တို့ တွင် ကန့်ကွက်ရန် ရှိ / မရှိ အတန်းလိုက် အတန်းလိုက် ကြော်ငြာခြင်း ၊
( စ ) မြို့နယ်အလိုက် သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေခြင်း ၊
( ဆ ) မြေတိုင်းမှ မြေရာဇဝင် အစီရင်ခံစေခြင်း ၊
( ဇ ) တင်ပြထားသည့် မြေဆိုင်ရာ အထောက်အထားများနှင့် မြေစာရင်း ကိုက်ညီမှု ရှိ / မရှိ ၊
( ဈ ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ရမည် -
( ၁ ) လျှောက်ထားသော မြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ / မရှိ ၊
( ၂ ) မြေစာရင်းတွင် မြေသိမ်းရှိ / မရှိ ၊
( ၃ ) မြေစာရင်းတွင် မြေတန်ဖိုးဖြတ် မှတ်ချက် ရှိ / မရှိ ၊
( ၄ ) မြေစာရင်းတွင် အစိုးရ ဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ / မရှိ ၊
( ၅ ) မြေစာရင်းတွင် တရားရုံး တားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ / မရှိ ၊
( ၆ ) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ / မရှိ ၊
( ၇ ) မြေစာရင်းတွင် ဂရန် စည်းကမ်းပျက် မှတ်ချက် ရှိ / မရှိ
( ၈ ) ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ / မရှိ ၊
( ၉ ) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများနှင့် သက်ဆိုင်မှု ရှိ / မရှိ ၊
( ည ) ၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ နှင့် ငြိစွန်းမှု ရှိ / မရှိ ၊
( ဋ ) ကန့်ကွက်ရန် ကြော်ငြာစာကို မြေပေါ်တွင် ( ၁ ) စောင် ၊ လျှောက်ထားသူ ကာယကံရှင်သို့ ( ၁ ) စောင် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သို့ ( ၁ ) စောင်စီကို လျှောက်ထားသူမှ ပေးပို့နိုင်ရေး ထုတ်ပေးရန် နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား ( ၁ ) စောင်အား လျှောက်ထားသူက ပြန်လည်တင်ပြခြင်းကို စိစစ်ခြင်း ၊
( ဌ ) တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရောင်းကြောင်း လက်မှတ်စာ နှင့် နောက်ဆုံးစာချုပ် မိတ္တူမှန်တို့ဖြင့် တင်ပြ လျှောက်ထားခြင်းအား မြို့တော်သတင်းစာ နှင့် မြန်မာ့အလင်း သတင်းစာ ၊ ကြေးမုံသတင်းစာတို့တွင် ရိုးရိုး ကြော်ငြာ
( သီးခြား ) ကြော်ငြာခြင်း ၊
( ဍ ) သတင်းစာတွင် ကြော်ငြာပြီး သတ်မှတ်ရက် အတွင်း ကန့်ကွက်ချက် မရှိပါက အဆင့်ဆင့် စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက် ရယူခြင်း၊
( ဎ ) ဌာနမှူး၏ ခွင့်ပြုချက် ရရှိပါက အမည်ပြောင်းလဲ မှတ်တမ်း ( Endorsement ) ထုတ်ယူခြင်း နှင့် ( Endorsement ) ပေါ်တွင် အမည်ပြောင်းလဲ သတ်မှတ်ပေးခြင်းနှင့် သက်ဆိုင်ရာ အရာရှိမှ လက်မှတ်ရေးထိုးပေးခြင်းနှင့် ထုတ်ပေးခြင်း ၊
( ဏ ) အမည်ပြောင်းခွင့် ပြုထုတ်ပေးပြီးပါက ၎င်းအမှုတွဲကို ယင်းသို့ ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း ။
ဘိုးဘပိုင်မြေ အမည်ပြောင်း လျှောက်ထားခြင်းကို အထက်ဖော်ပြပါ အတိုင်း စိစစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အသိပေးမျှ ဝေလိုက်ရပေသည် ။
ဆရာကြီး မိုးထက် ( ၂၈.၃.၂၀၂၂ ) ရက်နေ့ ည( ၁၁ ) နာရီ ( ၂၄ ) မိနစ်
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...