မြေတိုင်း လျှောက်တော့မယ်ဆိုရင် သိရှိထားသင့်သည်မျာ;

မြေတိုင်း လျှောက်တော့မယ်ဆိုရင် သိရှိထားသင့်သည်များ
မြေတိုင်းတာခြင်း ပြုလုပ်မယ်ဆိုရင် ဥယျာဉ်ခြံမြေ ၊ စိုက်ပျိုးမြေ နဲ့ ရွာမြေက လွဲရင် မြေတိုင်းတာပြီး မြေပုံ ထုတ်ပေးပါတယ်။ မြေတိုင်း လျှောက်ထားဖို့ လိုအပ်တဲ့ အချက်အလက်တွေကတော့ ………
( က ) နိုင်ငံသားကတ်ပြား မိတ္တူ
( ခ ) အမည်ပေါက် ( သို့ ) ဥပဒေနဲ့ အညီ ဆက်ခံခွင့်ရှိသူက ကျမ်းကျိန်လွှာ တင်ပြပြီး ၎င်းတင်ထားတဲ့ အထူး ကိုယ်စားလှယ် လွှဲစာ ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေ တင်ပြရပါမယ် ။
( ဂ ) မှတ်ပုံတင် စာချုပ်စာတမ်းများ ။
( ဃ ) ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရားရုံး အမိန့်ဒီဂရီ တို့ လိုအပ်ပါတယ် ။
မြေတိုင်း ခွင့်ပြုဖို့ အတွက်
( က ) သတ်မှတ်ထားတဲ့ ပုံစံနဲ့ ပိုင်ဆိုင်မှု အထောက်အထားများ ပြည့်စုံမှု ရှိ မရှိ စစ်ဆေးခြင်း ။
( ခ ) မြေစာရင်းနှင့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ ၊ တရားရုံးအမိန့် ဒီဂရီများကို စိစစ်ခြင်း ။
( ဂ ) ၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းလွှဲပြောင်း ကန့်သတ်တဲ့ ဥပဒေနှင့် ငြိစွန်းမှု ရှိ မရှိ စစ်ဆေးခြင်းတို့ လုပ်ဆောင် ဖြစ်ပါ တယ် ။ စိစစ်ပြီး ပြည့်စုံ မှန်ကန်ပါက အနားလေးဖက် အတိုင်းအထွာ ပါရှိတဲ့ မြေတိုင်းမြေပုံ ထုတ်ပေးပါတယ် ။
မြေတိုင်းတာခြင်း ၊ မြေပုံ ရေးဆွဲခြင်း ၊ မြေပုံ လျှောက်ထားခြင်း
၁ ။ အသေးစိတ် တိုင်းတာပြီး မြေပုံထုတ်ပေးခြင်း နှင့် မှန်ကန်ကြောင်း သက်သေခံတဲ့ မြေပဲ မြေရာဇဝင်တို့ကို မြေစာရင်းနှင့် မြို့ကွက် မြေပုံ အရ ထုတ်ပေးတာပါ ။
၂ ။ မူလက ဂရန်ရရှိထားမြေဟာ မြေကြီးမြေပုံ မကိုက်ညီလျှင် ပြန်လည် စိစစ်ပြီး ဆောင်ရွက်ပေးပါတယ် ။
ဥပမာ – လမ်း ၊ အကွက် အမှတ် နေရာ မှားနေခြင်းများ ။
၃ ။ ပါမစ်မြေမှ ဂရန်မြေ ရရှိသူဟာ မြေပုံရှိပါက လျှောက်ထားနိုင်ပါတယ် ။ ၎င်းကိစ္စကို လုပ်ထုံးလုပ်နည်းနဲ့ အညီ စိစစ် ဆောင်ရွက် ပေးပါတယ် ။
၄ ။ မြေတိုင်းတာရာမှာ မြို့ကွက်မြေပုံ အရ ၎င်း ၊ မြေစာရင်း အရ ၎င်း ၊ မြေဂရန်ရှိ အတိုင်းအတာအရလည်း ခိုင်မာတဲ့ အာမခံ အမှတ်အသားကို အခြေခံပြီး မြေပေါ်မှာ ရှာဖွေတွေ့ရှိပြီးမှသာ မြေတိုင်း ရပါတယ် ။
ဧရိယာကို အခြေခံပြီး မြေတိုင်းခြင်း မပြုပါ ။
Credit : The Kumudra
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...