" ကျွန်မ သဘောကျတဲ့ ခြံကွက်တစ်ကွက် တွေ့ထားတယ် အဲဒါက ရွာမြေ ဖြစ်နေတယ် ။

"  ကျွန်မ သဘောကျတဲ့  ခြံကွက်တစ်ကွက် တွေ့ထားတယ် အဲဒါက ရွာမြေ ဖြစ်နေတယ် ။

      " ကျွန်မ သဘောကျတဲ့  ခြံကွက် တစ်ကွက် တွေ့ထားတယ်  အဲဒါက ရွာမြေ  ဖြစ်နေတယ် ။
ရွာမြေ ဝယ်ယူဖို့ စိတ်ကူးရှိ ပေမယ့် ဘယ်နေရာမှာ သွားပြီး အတိုင်းအတာကို စစ်ဆေးရမလဲ မသိဖြစ် နေပါတယ် "
" ဂရန် တို့ 105 တို့က သက်ဆိုင်ရာ မြေစာရင်း ဌာနမှာ မြေအတိုင်း အတာကို စစ်ဆေးလိုက် လို့ရပါတယ် ။  ရွာမြေကကျတော့ ကျေးရွာ အတွင်းရှိ အိမ်ကွက်များ တစ်ကွက်ချင်း နယ်နမိတ် ခွဲခြားတိုင်းတာ ပုံထုတ်ထား တာမျိုး မြေစာရင်းရုံးမှာ မရှိပါဘူး ။
ခေတ် အဆက်ဆက် အခွန်ကင်း လွတ်ခွင့် ပေးထားတာပါ ။


         ကျေးရွာ အုပ်ချုပ် ရေးမှုး သက်ဆိုင်ရာ လူကြီးတွေ နှင့် အတူ စနစ်တကျ တိုင်းတာ ဆောင်ရွက်ပြီးမှ အရောင်းအဝယ် ပြုလုပ်သင့်ပါတယ်။ " ဟုတ်ကဲ့ပါ ဆရာကြီးရှင့် မြေမတိုင်း တာပဲနဲ့ ဆောင်ရွက် တဲ့အခါ ဘာအကျိုးဆက် တွေဖြစ်လာ နိုင်တာလဲ "
" စိန်ကောင်း ကျောက်ကောင်း ရှာဖို့ထက် အိမ်ခြံမြေ ကောင်းရှာဖို့က ပိုခက်တယ် ဆိုသလိုပဲ ကိုယ့်ဝယ် ယူမယ့် အိမ်ခြံမြေကို သတိကြီးစွာမထား ဘူးဆိုရင် နောင်တစ်ချိန် ပြဿနာတတ်လာ  နိုင်တာတွေ  ရှိပါတယ် ။ ဥပမာပြောရရင် - 


       တခါက ကျွန်တော့် အသိ တစ်ယောက် က 25 x 40 မြေဝယ် ယူရာမှာ အရင် မတိုင်းတာပဲ စရံချမိသွားတယ် နောက် အရောင်းအဝယ်စာချုပ်မှတ်ပုံတင် မယ်ဆိုတော့ သက်ဆိုင် ရာမှာ စစ်ဆေး ကြည့်တာ ကိုယ့်ဝယ် ယူမည့် မြေမှာ ၁၀ ပေက လမ်းမြေထဲမှာပါနေတာတွေ့ရတယ်။  လမ်းကလည်း လူသွားလူလာ နည်းတဲ့ခါကျ ဂရုမစိုက်ဘဲ ကျူးကျော်ပြီး ခြံခတ်ထား လိုက်ပါတယ် ၊
အဲဒါနဲ့  မဝယ်ယူတော့ဘဲ စရံငွေ ပြန်လည် တောင်းယူတဲ့ အခါ ရောင်းသူက တခြား တစ်နေရာမှာ အသုံးပြု  လိုက်ပြီ  ဖြစ်သောကြောင့် စရံငွေအပြည့်အဝပြန်ရဖို့ကို အချိန်အတော်ကြာစောင့်ခဲ့ရတယ်။


         အခု ရွာမြေကို ဝယ်ယူမယ် ဆိုတော့​ သက်ဆိုင်ရာ  လူတွေနဲ့  မြေ သေချာတိုင်းပြီး  ၊ နယ်နိမိတ်ချင်း  စပ်လျှက်ရှိတဲ့ ဘေးခြံက ခြံပိုင်ရှင်နဲ့လည်း သေချာလေး  တွေ့ဆုံကာ စည်းခြားထား  သင့်ပါတယ် ။
ဝယ်ယူ  ပြီးပြီဆိုပါ အခိုင်အမာ ခြံစည်းရိုး  ကာထား  သင့်ပါတယ်။"
" ကျွန်မသိ  လိုတဲ့ ရွာမြေကို ဘယ်လို  အတိုင်းအတာ ပြုလုပ်  ရမလဲဆိုတာကို အသေးစိတ်  ရှင်းပြပေးသည့်  အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့် 

 

Credit - ဥပဒေရေးရာ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate