ရွာမြေဆိုရင်ကော ဘာတွေလုပ်လို့ရလဲ?

ရွာမြေဆိုရင်ကော ဘာတွေလုပ်လို့ရလဲ?

 

ရွာမြေဆိုရင်ကော ဘာတွေလုပ်လို့ရလဲ?
" ရွာမြေကို ဝယ်ယူမယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ နှစ်ဦးသဘောတူ အိမ် ခြံ မြေ အရောင်းအဝယ်ကတိစာချုပ်နဲ့ ဝယ်ယူလို့ရပါတယ်။ ဂရန်မြေတွေ ၊ဘိုးဘွားပိုင်မြေတွေ ဝယ်ယူတာလိုမျိုး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရတဲ့ မှတ်ပုံတင်စာချုပ်တော့ လုပ်လို့မရပါဘူး။
ရွာမြေတွေကို ကျေးရွာအတွင်းရှိ အိမ်ကွက်များ တစ်ကွက်ချင်း နယ်နမိတ်ခွဲခြားတိုင်းတာ ပုံထုတ်ထားတာမျိုး မြေစာရင်းရုံးမှာ မရှိပါဘူး။
ပြောချင်တာက မြို့မြေတွေလိုမျိုး ကွက်စိတ် ကွက်ကြဲတိုင်းတာပြီး မြေပုံထုတ်ထားတာမျိုး မရှိတာပါ။
အကြောင်းကတော့ ခေတ်အဆက်ဆက် ရွာမြေတွေကို အခွန်ကင်းလွတ်ခွင့် ပေးထားပြီး
ရွာရဲ့ နယ်နိမိတ် အကျယ်အဝန်းကိုသာ ရေးဆွဲထားခဲ့ကြတာပါ။
တလောကတောင် လယ်မြေကို ရွာမြေထင်ပြီး ဝယ်မိတော့မယ့် အသိတစ်ယောက်ရှိပါတယ်။
ကျွန်တော့်အသိကို ရောင်းတဲ့ အကျိုးဆောင်က ရွာမြေဆိုပြီးပြောတော့ မြေပြင်အထိ လိုက်ကြည့်ပြီး 
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ တိုက်ကြည့်တဲ့အခါ လယ်ယာမြေ ပုံစံ(၇) ဖြစ်နေတယ်လို့ဆိုပါတယ်။ 
သူဝယ်ယူမည့် မြေကွက်က ကျေးရွာနယ်နိမိတ်နဲ့နီးပြီး လူနေအိမ်တွေရှိတဲ့နေရာမှာမို့  ရွာမြေ အမှတ်နဲ့ ဝယ်ယူမယ်ဆိုပြီး အားခဲခဲ့ရာကနေ လယ်မြေဖြစ်နေလို့ ဝယ်ယူမည့် အစီအစဉ် နောက်ဆုတ်လိုက်ရတယ် လို့ဆိုပါတယ်။
အရင်တုန်းကကျတော့ လယ်မြေတွေကို ရောင်းချခွင့်မပြုခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ပြန်လည်ပြင်ဆင် ပြဠာန်းချက်အရ လယ်မြေ၊ ယာမြေများကို ရောင်းချခြင်းများ ပြုလုပ်ခွင့် ရှိပါတယ်။
ဝယ်ယူပြီး အိမ်ဆောက်နေချင်တယ်ဆိုရင်တော့ မိမိရဲ့ မြေကို အိမ်ဆောက်လုပ် နေထိုင်ခွင့်ရအောင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ၊ သက်ဆိုင်ရာတိုင်းဒေသကြီးဆီ အခြားနည်းအသုံးပြုခွင့် လယ(၃၀) တင်ပြရမှာပါ။ ပိုင်ဆိုင်မှု့အထောက်အထား ခိုင်လုံတာဆိုရင် တော့ နှစ်ထပ်တိုက်ထိ ဆောက်လုပ်ခွင့်ပြုပါတယ်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate