ပုံစံ_ ၇ ရှိသော လယ်ယာမြေ ကိုပေါင်နှံ _ ငှား ရမ်းခြင်း အတွက် သတိပြု ရမည့်အချက်များ

ပုံစံ_ ၇ ရှိသော လယ်ယာမြေ ကိုပေါင်နှံ _ ငှား ရမ်းခြင်း အတွက် သတိပြု ရမည့်အချက်များ

ပုံစံ_၇ ရှိသောလယ်ယာမြေ ကိုပေါင်နှံ_ ငှားရမ်းခြင်း အတွက် သတိပြု ရမည့်အချက်များ 


           လယ်ယာ မြေဥပဒေအရ ပုံစံ ၇ ရှိသူက လယ်ယာမြေကို ရောင်း ၊  ပေါင် ၊  ငှား ၊  လဲ ၊  ပေး ၊  အမွေဆက်ခံ ၊  လှူဒါန်း ၊  စွန့်လွှတ်ခြင်း တရားဝင် ပြုလုပ် နိုင်ကြောင်း ပြဌာန်း ထားပါတယ် ။ ဒီလို လုပ်မယ် ဆိုရင်  -


( က )ရပ်ကျေး လယ်စီ ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး စာချုပ်ချုပ် ရမယ် ။
(ခ) စာချုပ် ချုပ်ပြီးရင် ရက်ပေါင်း  ၁၂၀ အတွင်း မြို့နယ် မြေစာရင်း ဌာနမှာ မှတ်ပုံတင်ရမယ် ။
(ဂ) ပုံစံ ၇ အမည် ပြောင်းဖို့ အတွက် ပုံစံ ၉ နဲ့ မြို့နယ် မြေစာရင်း ဌာနမှာ လျှောက် ထားရမယ်။
(ဃ) ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက် ပေးရမယ်လို့ ဆိုပါတယ် ။


        ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ ကို ရောင်း ၊  ပေါင် ၊  ငှား ၊  လဲ ၊  ပေး ၊  အမွေဆက်ခံ ၊  လှူဒါန်း ၊  စွန့်လွှတ်ခြင်း အားလုံး အတွက် ဒီအဆင့်လေးဆင့် နဲ့ လုပ်ရမယ်လို့သာ ပြဌာန်းထားပြီး တစ်ခုချင်း အတွက် အသေးစိတ် မပါဝင် ပါဘူး ။ ဆိုလိုတာက ရောင်းချမှု အတွက် ဘယ်လိုလုပ် ၊ ပေါင်နှံခြင်းအတွက် ဘယ်လိုလုပ် ၊ ငှားရမ်း ခြင်းအတွက် ဘယ်လိုလုပ် စသည်ဖြင့် အသေးစိတ် မပါဝင်တာ ဖြစ်ပါတယ် ။ ရောင်းတာ  ၊  စွန့်တာ ၊  လှူတာ ၊  အမွေပေးတာက အပြီးအပိုင် ဆောင်ရွက်လိုက် တာမျိုးဆိုတော့ ကိစ္စမရှိပါဘူး ၊  ပေါင်တာ နဲ့ ငှားတာက အပြီးအပိုင် လုပ်ဆောင် လိုက်တာ မဟုတ်ပါဘူး ။ အပေါင်ခံသူ အငှားရသူက ပုံစံ ၇ ကို သူ့အမည် နဲ့ အမည်ပြောင်း လုပ်ရမှာလား ၊ လုပ်နိုင်တာလား ဆိုတာမျိုး ဖြစ်လာ နိုင်ပါတယ် ။ 


       ပုံစံ ( ၇ ) အမည် ပြောင်းတယ် ဆိုတာကလည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို သားစဉ် မြေးဆက်ထိ အဆက် ဆက် ရရှိခံစားရစေနိုင်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာမြေကို ခေတ္တ အပေါင်ထားခြင်း ၊ ငှားရမ်း ခြင်းများက မြေကို အပြီးအပိုင် လွှဲပြောင်းမှု ဆောင်ရွက်ခြင်း မဟုတ်တဲ့ အတွက် ပုံစံ ၇ ရှိသူ /  အပေါင် ခံသူ /  အငှားရ သူများအားလုံး သတိထားရမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ပုံစံ ၇ အမည်ပေါက် ပိုင်ဆိုင်သူနဲ့ သက်ဆိုင်ရာ ဌာန ကသတိပြုရမှာ ဖြစ်ပါတယ် ။ ဌာနကလည်း ပေါင်နှံ ငှားရမ်းထားတဲ့ လယ်ယာမြေကို ဥပဒေအရ အပေါင်စာချုပ် ၊  အငှားစာချုပ်များ မှတ်ပုံတင် ပေးနိုင်သော်လည်း  ပုံစံ ၇ အမည်ပြောင်းဖို့ တင်ပြ လာရင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။


      ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ အမွေဆက်ခံ ခြင်းကိုတော့ တရားရုံးရဲ့ အမွေဆက် ခံခွင့်ရှိကြောင်း အထောက်အထား တင်ပြလာရင် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ချုပ် စရာမလိုပဲ မြေစာရင်းဌာနမှာ ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ။ 
ပေါင်နှံခြင်း ၊  ငှားရမ်းခြင်းအတွက် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုရမယ် ၊  စာချုပ်ကို မှတ်ပုံ တင်ရမယ် ၊  ဒီစာချုပ်တွေအရ ပုံစံ ၇  အမည်ပြောင်း ပေးလို့မရပါဘူး ။  ဥပဒေ ၊ နည်းဥပဒေ မှာလည်း ပြဌာန်း ထားခြင်းမရှိပါဘူး ။  အပေါင်ဆုံး ၊ အပေါင်စာချုပ် သက်တမ်းကုန် ၊  ပေါင်ထားတဲ့ သက်တမ်းကာ လအတွင်း ပြန်မရွေးရင်တော့ ဥပဒေအရ အမည်ပြောင်း ပေးလို့ရပါတယ် ။ 
အနှစ်ချုပ် တင်ပြရရင် ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ ရောင်း ၊  ပေါင် ၊  ငှား ၊  လဲ ၊ ပေး ၊  အမွေဆက်ခံ ၊  လှူဒါန်း ၊  စွန့် လွှတ်ခြင်းများ ဆောင်ရွက်ရာမှာ...


၁။ ရောင်းဝယ် ၊  လွှဲပြောင်း ၊  လဲလှယ် ၊  ပေးကမ်းခြင်း များကို ရပ်ကျေးလယ်စီ ရှေ့မှာ စာချုပ်ရမယ် ၊  တံဆိပ်ခွန် ထမ်းဆောင်ရမယ် ၊ မှတ်ပုံတင်ရမယ် ၊ ပုံစံ ( ၉ ) နဲ့ အမည်ပြောင်း လျှောက်ထားပြီး ပုံစံ ၇ အမည်ပြောင်းပြု လုပ်ရပါမယ် ။ 
၂။ လယ်ယာမြေ အမွေဆက်ခံ ခြင်းကို ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ဖို့မလိုပါဘူး ၊  တရားရုံးက ထုတ် ပေးတဲ့ အမွေဆက်ခံခြင်းလက်မှတ်ကို မြေစာရင်း ဌာနမှာ တင်ပြပြီး ပုံစံ ၇ အမည်ပြောင်း ပြုလုပ်ရပါမယ် ။
၃။ ပေါင်နှံခြင်း ၊  ငှားရမ်းခြင်းကို ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ရမယ် ၊  တံဆိပ်ခွန် ထမ်းဆောင်ရမယ် ၊  မှတ်ပုံတင်ရမယ် ၊ အပေါင်ဆုံးမှ ပုံစံ ၇ အမည်ပြောင်းနိုင်မယ် ၊  ငှားရမ်းခြင်းအတွက် ပုံစံ ၇ အမည်ပြောင်းမရ  /  ဆောင်ရွက်ပေးလို့မရ ။
မျိုးမင်း ထွန်း

Credit - ဥပဒေရေးရာ
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate