အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန် အဆင့်ဆင့်

အရောင်း အဝယ် စာချုပ် မှတ်ပုံတင်ရန် အဆင့်ဆင့်
( ဗဟုသုတ )
မေး ။ ။ ဝယ်စဉ်က အရောင်းအဝယ် စာချုပ်ရော SP
ရောစာချုပ် ချုပ်ထားပါတယ် အမည်ပေါက်ပြောင်းရင်
အခွန်ဆောင် ရပါသလား ။ ဘာတွေ လိုအပ်လဲ ရှင်းပြပေး
ပါခင်ဗျာ ။
ဖြေ ။ ။ အိမ် ၊ ခြံ ၊ မြေ နှင့်ပတ်သက်ပြီး စရံပေးစဉ် အချိန်
မှစ၍ ဝယ်သူတို့မှ တန်ဖိုး ( ၃၀၀ ) ကျပ်တန် တံဆိပ်ခေါင်းဖြင့်
စာချုပ်ရေးသားကာ အရပ်သဘော အရောင်းအဝယ် ပြုလုပ်
ကြပါသည် ။ အိမ် ၊ ခြံ ၊ မြေ ဝယ်ယူရာတွင် တန်ဖိုး ( ၁၀၀ )
ကျပ်ထက်ပိုပါက မှတ်ပုံတင်မှသာ ဥပဒေအရ ခိုင်မာမည်ဖြစ်၍
ဝယ်ယူသူတို့မှ အရောင်းအဝယ် တိကျ ခိုင်မာမှုရှိရန်အတွက်
အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင်ရန် လိုအပ်ပါသည် ။
အရောင်းအဝယ် စာချုပ်မှတ် ပုံတင်ရန် အဆင့်ဆင့်
( ၁ ) တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် ချုပ်ထားသော
စာချုပ်တစ်စောင်၊ ဝယ်သူ၊ ရောင်းသူတို့ မှတ်ပုံတင်မူရင်းများ၊
ဝယ်သူ၏ သန်းခေါင်စာရင်း ၊ အရောင်းအဝယ်ပြုထားသော
မြေ၏ဂရံ (သို့) ပိုင်ဆိုင်မှု အထောက်အထားများ၊ နောက်ဆုံး
အကြိမ် ဆောင်ထား သော မြေခွန် နှင့် အရောင်းမြေပုံ ၊
မြေရာဇဝင် ဝယ်ယူထားသော အိမ် ၊ ခြံ၊ မြေ အားရိုက်
ထားသော ဓါတ်ပုံ(၄)ပုံ၊ ရောင်းသူ / ဝယ်သူ (၂)
ဦးလုံးမှ တန်ဖိုးစီစစ်ရေးရုံးသို့ သွားရောက်၍ ဝယ်ယူထားသော
မြေကို တန်ဖိုးဖြတ် သတ်မှတ် ပေးရန် လျှောက်ထား ရမည် ။
(၂ ) လျှောက်ထားပြီး (၂) ပတ်ခန့်အကြာတွင် သက်ဆိုင်ရာမြို့နယ်
အခွန်ဦးစီးဌာနတွင် ဝယ်ယူထားသော အိမ် ၊ ခြံ ၊ မြေ အခွန်မည်မျှ
ကျသင့်ကြောင်း သွားရောက် စုံစမ်းရမည် ။
( ၃ ) ပြီးနောက် ကျသင့်သော အခွန်ကို သက်ဆိုင်ရာ မြို့နယ်ရှိ
မြန်မာ့ စီးပွားရေး ဘဏ်တွင် သွားရောက် ထမ်းဆောင်ပြီး
သက်သေခံ ဘဏ်ချလံအား ပြန်လည် ထုတ်ယူ ရပါသည် ။
( ၄ ) ဘဏ်ချ လံရရှိလာပါက မြို့နယ် အခွန်ရုံးသို့ သွားရောက်၍
အခွန်ဆောင် ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းများ ထုတ်ယူ
နိုင်ပါသည် ။
( ၅ ) ယင်းတံဆိပ် ခေါင်းများပေါ်တွင် စာချုပ်ရိုက်နှိမ် ပြီးနောက်
စာချုပ်စာတမ်းများ မှတ်ပုံတွင်ရုံးတွင် အရောင်းအဝယ် စာချုပ်ကို
ရောင်းသူ / ဝယ်သူ နှစ်ဦးလုံး လိုက်ပါ၍ မှတ်ပုံတွင် ရပါသည် ။
( ၆ ) ရက်ပေါင်း ( ၄၅ ) ရက်ကြာပါက မှတ်ပုံတင် ထားသော
အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတွင်ရုံးတွင် ပြန်လည် ထုတ်ယူ
နိုင်ပါသည်။
ခြွင်းချက် ။ ။ ရောင်းချသူမှ စာချုပ် မှတ်ပုံတင် အဆင့်ဆင့်ကို
လိုက်ပါ ဆောင်ရွက် မပေးနိုင်ပါဟု ဝယ်ယူသူ ( သို့ ) ဝယ်ယူသူ
ညွှန်ပြသော သူအား S.P ပေးရပါမည် ။
အရောင်းအဝယ် စာချုပ်အား မှတ်ပုံတင်ပြီးပါက ဝယ်ယူသူ
အမည် ပေါက်ရေးအတွက် စည်ပင် သာယာရေး ကော်မတီ
( သို့ ) မြို့ရွာ အိုးအိမ်နှင့် ဦးစီးဌာနတွင် အမည်ပြောင်း
လျှောက်ထား နိုင်ပါသည် ။ အမည်ပြောင်း လျှောက်ထားရာတွင်
ဌာန သို့အမည်ပြောင်းခ နှင့် သတင်းစာတွင် ကြော်ငြာထည့် သွင်းခ
သာပေးဆောင် ရမည်ဖြစ်ပြီး အခြားသော အခွန်အခများ ထပ်မံ
ပေးဆောင်စရာ မလိုအပ်ပါ ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...