လယ်ယာမြေပုံစံ(၇) ရရှိထားသူက မြေဂရန် လျှောက်ထားရန် နည်းလမ်း

လယ်ယာ မြေပုံစံ ( ၇ ) ရရှိထား သူက မြေဂရန် လျှောက်ထားရန် နည်းလမ်း
???
လယ်ယာ မြေ လုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ ( ၇ ) ရရှိထားသော မြေကွက်ကို အမည်ပေါက် ခြံဂရန် လုပ်ကိုင် လိုသည့် အတွက် အရင်ဆုံး ဆောင်ရွက်ရန်မှာ ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀( ခ ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့သည် လယ်မြေမှ တစ်ပါး လယ်ယာ မြေကို အခြားနည်း ဖြင့် အသုံးပြုနိုင် ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်မြေ စီမံခန့်ခွဲမှု အဖွဲ့၏ ထောက်ခံချက်ကို အရင် ရအောင် လျှောက်ထား ရန်လိုပါသည် ။
လျှောက် ထားရန်ရုံးမှာ
မြို့နယ် လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ( ယခင် အခေါ် ( မြေစာ ရင်းရုံး ) တွင် လျှောက်ထား ရပါမည် ။ လျှောက်ထားရမည့် ပုံစံမှာ ပုံစံ ( ၁၄ ) ဖြစ်ပါသည် ။ ၂၀၁၂ လယ်ယာ မြေဥပဒေ စာအုပ်ကို ဝယ်လိုက်လျှင် နည်းဥပဒေများပါတစ်ခါတည်း ပါရှိပါသည် ။ ဆိုင်ရာ ရုံးသို့ သွားလျှင် ၄င်းတို့က ဆောင်ရွက် ပေးပါလိမ့်မည် ။ထိုသို့ လျှောက်ထား သည့်အခါ လယ်မြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ထုတ်ပေး ပါလိမ့်မည် ။ ထိုအမိန့် ကိုရသည့် အခါတွင် မှ ပုဂ္ဂလိက ဂရန်မြေ ၊ စက်မှုမြေ ငှားဂရန် ရယူလို သူတို့သည် သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန သို့ လိပ်စာတပ်၍
( က ) လျှောက်ထားသူ အမည် ၊ အမျိုးသား မှတ်ပုံတင် အမှတ် ၊ နေရပ်လိပ်စာ နှင့် အလုပ်အကိုင်
( ခ ) လျှောက်ထား မြေတည်ရှိရာ ရပ်ကွက် ၊ ဦးပိုင်အမှတ် ၊ မြေကွက်အမှတ် ၊ လမ်း သို့မဟုတ် နယ်မြေဒေသ
( ဂ ) လျှောက်ထား မြေ၏ အလားလေးရပ် ( အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်အရပ်ရှိ မြေများ )
( ဃ ) လျှောက်ထား သော မြေပေါ်တွင် ဆောက်လုပ်မည့် အဆောက် အအုံ၏ အရွယ်အစားနှင့် ဆောက်လုပ်မည့် ပစ္စည်း အမျိုးအမည်များ ၊ ( တိုက်အိမ် ၊ ပျဉ်ခင်း ၊ ပျဉ်ကာ ၊ သစ်တိုင်အိမ် )
( င ) လျှောက်ထား သောမြေကို မည်ကဲ့သို့ အသုံးချရန် ရဉ်ရွယ်ချက် ( ဥပမာ အဆောက်အအုံ ဆောက်လုပ်ရန် ၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလုပ်ငန်း လုပ်ကိုင်ရန် )
( စ ) လျှောက်လွှာ နှင့်အတူ လျှောက်ထား သောမြေ၏ အကျယ်အဝန်း အလား ( ၄ ) ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့် ဖော်ပြရန် ထိုမြေပုံ ( ၂ ) ပုံအနက် ( ၁ ) ပုံမှာ သက်သေခံ နိုင်ရန်အတွက် သတ်မှတ် ရုံးခွန် တံဆိပ် ခေါင်းကပ်ပြီး ၊ လယ်မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး က လက်မှတ် ရေးထိုးထား သည့် ပုံစံ ( ၁၀၅ ) မြေပုံ ( ၂ ) ပုံဖြစ်ရမည် ။
( ဆ ) လျှောက်ထားသည့် မြေ၏ ရာဇဝင် မြေစာရင်း ပုံစံ ( ၁၀၆ ) ( လယ်ယာ မြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရှိ ၁ - က မှတ်ပုံတင် စာရင်းစာအုပ်မှ ကောက်နှုတ် ချက်မိတ္တူမှန် ( ၁ ) စောင် )
( ဇ ) ဆောက်ထား မြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံ ပုံစံ ( ၂ ) ပုံ ၊ ပုံစံမှာ ရှေ့မြင် Front Elevation နှင့်ဘေးမြင် Side Elevation ဖြစ်ရမည် ။
( ဈ ) ဂရန်အသစ် လျှောက်ထားခြင်း ဖြစ်ပါက မြေကွက် ရရှိကြောင်း မြေပေးမိန့် ပါရှိရမည် ။
( ည ) အရောင်း အဝယ် ပြုလုပ်ထားသော မြေကွက် ဖြစ်ပါက အခွန် တံဆိပ်ခေါင်း ကပ်ပြီးသော တရားဝင် မှတ်ပုံတင် ထားသည့် စာချုပ် စာတမ်း မိတ္တူပါရှိရမည် ။
( ဋ ) ဂရန် ၊အငှား ဂရန် ၊ စက်မှု မြေငှား ဂရန် နှင့် လိုင်စင် လျှောက်လွှာ ပေါ်တွင် သတ်မှတ် ရုံးခွန် တံဆိပ်ခေါင်း ကပ်ထား ပါရှိရမည် ။
( ဌ ) မြေငှား ဂရန် သက်တမ်းတိုး / အသစ်လဲ လျှောက်ထားခြင်း ဖြစ်ပါက မူရင်း မြေငှားဂရန် စာချုပ် ပူးတွဲ ပါရှိရမည် ။
( ၓ ) မြေငှား ဂရန် အမည်ပြောင်း လျှောက်ထားခြင်း ဖြစ်ပါက မူရင်း မြေငှား ဂရန်စာချုပ် ပါရှိရမည့် အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထား သူသို့ မြေလွှဲပြောင်း ပေးခဲ့သည့် တရားဝင် အထောက်အထား စာချုပ် စာတမ်းများ ပါရှိရမည် ။ ( အရောင်း အဝယ်ပြုလုပ် ရယူခဲ့ပါက တရားဝင် မှတ်ပုံတင် အရောင်း အဝယ် စာချုပ် ပါရှိရမည် ။
ပုဂ္ဂလိက ဂရန် / စက်မှု မြေငှား ဂရန်အတွက် ဌာနမှ ဆောင်ရွက် ပေးရမည့် လုပ်ငန်းစဉ်များ
( ၁ ) ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ ခရိုင်အုပ်ချုပ် ရေးမှူးသည် လျှောက်ထား လာသော လျှောက်လွှာကို သတ်မှတ် ထားသည့် အချက်အလက်များ ပြည့်စုံမှု ရှိ / မရှိ စိစစ်ပြီး ပြည့်စုံ မှုရှိပါက အမှုတွဲ မှတ်ပုံတင် စာရင်း စာအုပ်တွင် မှတ်တမ်းတင် စေရန်နှင့် အမှုတွဲဖွင့်လှစ်မည် ဖြစ်ပါသည် ။ အချက် အလက်များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည် ။ ( အောက်မြန်မာ ပြည်မြို့နှင့် ကျေးရွာ မြေများ နည်းဥပဒေ - ၁၅ )
( ၂ ) အမှုတွဲ ဖွင့်လှစ်ပြီးပါက အမှုတွဲတွင် ပါရှိသော လျှောက်ထားသူ တင်ပြသည့် အချက် အလက်များ ပြည့်စုံ မှန်ကန်မှု ရှိ / မရှိ စိစစ်တင်ပြရန် မြို့နယ် အုပ်ချုပ်ရေးမှူး( လက်ထောက် ကော်လိတ္တော် အရာရှိ) ထံ ပေးပို့ ရမည်ဖြစ် ပါသည် ။
( ၃ ) မြို့နယ် အုပ်ချုပ် ရေးမှူးသည် လျှောက်ထားမြေ နှင့်ပတ်သက်၍ အောက် ဖော်ပြပါ အချက်အလက် များကို စိစစ်တင် ပြရန် မြို့နယ် လယ်ယာ မြေစီမံ ခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီး ဌာန သို့ အမှုတွဲ ပေးပို့ရမည် -
( ၁ ) လျှောက်ထား မြေရာဇဝင် ၊ ( ၁ - က စာရင်း အရ )
( ၂ ) လျှောက်ထား မြေသည် နိုင်ငံတော် အစိုးရက ချထား ပိုင်ခွင့်ရှိသော မြေကွက် ဟုတ် / မဟုတ် ၊
( ၃ ) လျှောက်ထား မြေကို နိုင်ငံတော် အစိုးရက အသုံးပြုရန် သတ်မှတ် လျာထားခြင်း ရှိ / မရှိ ၊
( ၄ ) လျှောက်ထား မြေ၏ နယ်နိမိတ် သတ်မှတ် တိုင်းတာ ထားခြင်း ရှိ / မရှိ ၊
( အောက် မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာ မြေများ နည်းဥပဒေ / ၁၁ ၊ အထက် မြန်မာနိုင်ငံ မြေနှင့် အခွန်နည်း ဥပဒေ - ၆၂ )
( ၅ ) လျှောက်ထား မြေပေါ်တွင် ကျူးကျော် နေထိုင် သူများ ရှိ / မရှိ ၊
( ၆ ) လျှောက်ထား မြေကို ဂရန် ၊ အငှားဂရန် ၊ လိုင်စင် စသည်များ ထုတ်ပေးခဲ့ခြင်း ရှိ / မရှိ ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန် ဖြစ်သည် ။
( ၇ ) လျှောက်ထား မြေကို လျှောက်ထားသူ အပြင် အခြားသူများက မြေပုံ ကူးယူခြင်း ၊ လျှောက်ထား ခြင်းများ ရှိ / မရှိ ၊
( ၈ ) လျှောက်ထား မြေပေါ်တွင် အဆောက်အအုံ များဆောက်လုပ် ထားခြင်း ရှိ / မရှိ ၊
( ၉ ) လျှောက်ထား မြေနှင့် အလားတူ မြေပေါ်တွင် မြေငှားခ၏ ၇၅ % ကျသင့်ငွေကို ဖော်ပြရန် ၊
( ၁၀ ) လျှောက်ထား မြေနှင့် အလားတူ မြေပေါ်တွင် ရောင်းဈေး ၆ % ကျသင့်ငွေကို ဖော်ပြရန် ဇြစ်ပါသည် ။ ( စက်မှု မြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့် ငွေကို ဖော်ပြရန် )
( ၁၁ ) လျှောက်ထား မြေအတွက် စည်းကြပ်ရန် မြေငှားခ သင့်ငွေကို တွက်ချက် ဖော်ပြပေးရန် ဖြစ်ပါသည် ။
( ၁၂ ) လယ်ယာမြေ စီမံခန့် ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မှ အထက်အပိုဒ်ပါ အချက်အလက် များအပေါ် စိစစ် ပြန်ကြား လာသည့် မြေ ရာဇဝင်အရ နိုင်ငံတော် အစိုးရက ချထားပေး ပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန် ၊ လိုင်စင်ချထား ပေးခြင်းကို ကန့်ကွက်ရန် ရှိ / မရှိ ၊ ကန့်ကွက် လိုသူရှိက ( ၁၅ ) ရက်အတွင်း ကန့်ကွက် နိုင်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ကြော်ငြာ ရပါမည် ။
( ၁၃ ) သတ်မှတ် ရက်အတွင်း ကန့်ကွက်လွှာ များရရှိပါက စုံစမ်းစစ် ဆေးပြီး ကန့်ကွက်သည့် အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထား ချက်ကို ပယ်ခွင့်ရှိသည် ။ ကန့်ကွက် ချက်သည် ခိုင်လုံမှု မရှိလျှင် သော်လည်းကောင်း ၊ သတ်မှတ်ရက် ကုန်ဆုံးလျှင်သော် လည်းကောင်း ၊ မြေငှား ဂရန်ထုတ်ပေး ခွင့်ပြု နိုင်ရေး အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး သည် ယင်း မြေနေရာသို့ သက်ဆိုင်ရာမြေတိုင်း စာရေးနှင့် အတူ ကိုယ်တိုင် ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သို့ ပြန်လည် ပေးပို့ရပါမည် ။
( ၁၄ ) ခရိုင် အုပ်ချုပ် ရေးမှူးသည် ဂရန်လျှောက် ထားမြေ ( ၁ ) ဧက အောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန် ထုတ်ပေးနိုင်ပါသည် ။ ( အထက်မြန်မာ ပြည်မြေနှင့် အခွန်နည်း ဥပဒေ - ၅၁ ( ခ ) နှင့် အောက် မြန်မာပြည် မြို့နှင့် ကျေးရွာ မြေနည်းဥပဒေ - ၉ )
( ၁၅ ) လျှောက်ထား မြေသည် မြေဧရိယာ ( ၁ ) ဧက အထက်မှ ( ၅ ) ဧက အထိဖြစ်ပါက တိုင်းဒေသကြီး / ပြည်နယ် အုပ်ချုပ် ရေးမှူးထံ အမှုတွဲတင် ပြ၍ တိုင်းဒေသကြီး / ပြည်နယ် အုပ်ချုပ် ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ် ရေးမှူး ( ကော်လိတ္တော် အရာရှိက) မြေငှား ဂရန် ထုတ်ပေး နိုင်ပါသည် ။
( ၁၆ ) မြေဧရိယာ ၅ ဧက အထက် လျှောက်ထားပါက တိုင်းဒေသကြီး / ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ( ရုံးချုပ် ) သို့ ဆက်လက် တင်ပြ၍ ညွှန်ကြား ရေးမှူးချုပ် မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက် ရယူရပါမည် ။
( ၁၇ ) ပြည်ထောင်စု ဝန်ကြီး၏ ခွင့်ပြုချက် ရရှိပါက အထက်မြန်မာ နိုင်ငံမြေနှင့် အခွန်နည်း ဥပဒေ - ၅၁ ၊ ( ခ ) ( ဂ ) အရ အောက်မ်ြနမာနိုင်ငံမြို့နှင့် ကျေးရွာ မြေများ နည်းဥပဒေ - ၉ ( ဂ ) အရ နှစ်ရှည် မြေငှားဂရန် ပေးရန် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူး ( ကော်လိတ္တော် အရာရှိ ) အား လုပ်ပိုင် ခွင့်အပ်နှင်းရန် ဖြစ်ပါသည် ။
ဆရာကြီး မိုးထက် ( ၁၄.၇.၂၀၂၀ )
#ကိုးကား
( ၁ ) အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ( ရုံးချုပ် ) ဝဘ်ဆိုဒ် ဝန်ဆောင်မှုကဏ္ဍ
( ၂ ) ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ
?Credit Sayar Gyi U KYI SOE IC
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...