မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြလိုက် ပါတယ် ။
( ၁၀၅ ) တွင် ပိုင်ဆိုင်ခွင့် ရေးသားရာ၌...
၁ ။ ဂရန် ( Grant ) ရရှိ မြေဖြစ်လျှင် “ G ”
၂ ။ အငှား ဂရန် ( Lease ) ရရှိပြီး မြေ “ L ”
၃ ။ အခွန်လွတ် ဂရန်မြေ " အခွန်လွတ် ဂရန် ”
၄ ။ လိုင်စင် ရရှိပြီး မြေ “ လိုင်စင် ”
၅ ။ ဘိုးဘပိုင် ( သို့ ) လက်ဝယ် ထားရှိ ပိုင်ခွင့် ရှိသော မြေ “ B ”
၆ ။ စကွာ တာမြေ “ A ”
၇ ။ အစိုးရ ထံမှ အခမဲ့ မြေလွှဲ အမိန့်ဖြင့် ရရှိမြေ “ အစိုးရ ”
၈ ။ မြို့ / ရွာမြေ အတွင်း ကျရောက်ပြီး တရားဝင် ပိုင်ဆိုင်ခွင့် မရရှိသေးပါက “ အစိုးရ ”
၉ ။ ဌာနတွင် အခြား မြေအဖြစ် မှတ်တမ်း တင်ထားသော သတ္တုတွင်း မြေ ၊ ကျွဲ - နွားစား ကျက်မြေ ၊ မီးရထား လမ်းမြေ ၊ လမ်းမြေ ၊ ဆည်မြောင်း ကန် တာတမံမြေ ၊ မြစ်ချောင်း နှင့် ရေအောက်မြေ ၊ အင်းအိုင်မြေ ၊ စက်ရုံမြေ ၊ လေယာဉ်ပျံ ကွင်းမြေ ၊ သာသနာ သုဿန် အဆောက်အဦး စသည့် မြေများ ၊ ကျန် အခြားမြေများ ဖြစ်ပါက “ — ”
၁၀ ။ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြု လက်မှတ် ( ပုံစံ - ၇ ) ရရှိထား သည့်မြေ “RUF”
၁၁ ။ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြုလက်မှတ် ( ပုံစံ - ၇ ) မရရှိသော လယ်ယာမြေ "NRUF"
၁၁ ။ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်း ၊ တောရိုင်းမြေ များဖြစ်ပါက “ NVFV "
၁၂ ။ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ နှင့်အညီ လုပ်ပိုင် ခွင့်ပြုမိန့် ရရှိမြေ “ VFV ”
၁၃ ။ လယ်ယာ မြေကို အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်နှင့် လယ်ယာမြေ ဟူသော စကားရပ်နှင့် အကျုံးမဝင်ကြောင်း သက်သေခံ လက်မှတ် ရရှိထား သောမြေ မည်သည့် စာသားမှ ရေးသားခြင်းမပြုဘဲ “—” မြေမျိုးနှင့် အတန်း ရေးသားရာ၌...
၁ ။ မြို့မြေ ဖြစ်ပါက “ မြို့မြေ ”
၂ ။ ကျေးရွာ မြေ ဖြစ်ပါက “ ရွာမြေ ”
၃ ။ လယ်ယာ မြေ ဖြစ်ပါက သက်ဆိုင်ရာ မြေမျိုးနှင့် အတန်းအစားအား ရေးသားရန် ( ဥပမာ R1 , Y2 , G3 စသည်ဖြင့် )
၄ ။ သတ္တုတွင်း မြေ ၊ ကျွဲနွားစား ကျက်မြေ ၊ မီးရထားလမ်း ၊ လမ်းမြေ ၊ ဆည်မြောင်း ကန်တာတမံ မြေ ၊ မြစ်ချောင်းနှင့် ရေအောက်မြေ ၊ အင်းအိုင် မြေ ၊ စက်ရုံမြေ ၊ လေယာဉ်ပျံ ကွင်းမြေ ၊ သာသနာသုဿန် အဆောက်အဦစသည့် မြေများ ၊ ကျန်အခြား မြေများဖြစ်ပါက အဆိုပါ မြေမျိုးများ အတိုင်း ရေးသားရန် ၊
၅ ။ လယ်ယာ မြေကို အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်နှင့် လယ်ယာမြေ ဟူသော စကားရပ်နှင့် အကျုံး မဝင်ကြောင်း သက်သေခံလက်မှတ် ရရှိထားသော မြေများ ဖြစ်ပါက ခွင့်ပြုထားသည့် လုပ်ငန်း အမျိုးအစား အလိုက် သက်ဆိုင်ရာ မြေမျိုးကို ဖော်ပြရန် ၊ ( ဥပမာ - “ ဆန်စက် မြေ ”အဖြစ် အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ရရှိထားသည့် မြေ ဖြစ်ပါက " စက်ရုံမြေ " ဟုဖော်ပြရန် ၊ မှတ်ချက် စာတိုင်တွင် ဆန်စက်မြေ အဖြစ် အသုံးပြုရန် ခွင့်ပြု ထားကြောင်း ဖော်ပြရန် )
၆ ။ အစိုးရထံမှ အခမဲ့ မြေလွှဲအမိန့် ရရှိထားသည့် မြေဖြစ်ပါက ခွင့်ပြုမိန့်တွင် ဖော်ပြထားသည့် အသုံးပြုရန် သတ်မှတ် နည်းလမ်းအတိုင်း ရေးသား ဖော်ပြရန် ( ဥပမာ “ ဌာန ဆိုင်ရာ ”မြေအဖြစ် မြေလွှဲအမိန့် ရရှိထားပါက “အဆောက်အဦး” ဟု ဖော်ပြ ရန်ဖြစ်ပြီး ၊ မှတ်ချက် စာတိုင်တွင် မြေလွှဲ အမိန့်ပါ သတ်မှတ် နည်းလမ်းအား ဖော်ပြရန် )
၇ ။ မြေရိုင်းများ ဖြစ်ပါက “ မြေရိုင်း ” တောရိုင်း မြေဖြစ်ပါက " တောရိုင်း "
၈ ။ သာသနာမြေ ဖြစ်ပါက " သာသနာမြေ "
၉ ။ သုဿာန်မြေ ဖြစ်ပါက “ သုဿန်မြေ ”
၁၀ ။ တပ်မြေ ၊ ဌာန / အဖွဲ့ အစည်းများအား ခွင့်ပြု ထားသည့်မြေ စသည့် အဆောက်အဦး ဆောက်လုပ် အသုံးပြုရန် မြေများအား “အဆောက် အဦမြေ ”
၁၁ ။ စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက် အသုံးပြုရန် ရည်ရွယ်၍ လှူဒါန်းထားသော လယ်ယာမြေ " ဝတ္တကမြေ " ဖြစ်ပါက " လယ်ယာမြေ "ဟု ဖော်ပြပြီး သာသနာမြေဟု ထည့်သွင်း ဖော်ပြခြင်း မပြုရန် ၊
၁၂ ။ နိုင်ငံတော် ပိုင်မြေ ( State Land ) အဖြစ် သတ်မှတ် ထားသော မြေဖြစ်ပါက နောက်ဆုံး သတ်မှတ် ထားသည့် မြေမျိုးအားထည့်သွင်း ရန်နှင့် မှတ်ချက် စာတိုင်တွင် နိုင်ငံတော်မြေ အဖြစ် သတ်မှတ် ထားကြောင်း ဖော်ပြရန် ၊ အမြဲအမိန့် ၁၈၈ ပူးတွဲတင်ပြလိုက်ပါတယ် ။
Credit Video Sayar Gyi U KYI SOE IC
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

လယ်ယာမြေပုံစံ(၇) ရရှိထားသူက မြေဂရန် လျှောက်ထားရန် နည်းလမ်း
လယ်ယာ မြေပုံစံ ( ၇ ) ရရှိထား သူက မြေဂရန် လျှောက်ထားရန် နည်းလမ်း??? လယ်ယာ မြေ လုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ ( ၇ ) ရရှိထားသော မြေကွက်ကို အမည်ပေါက် ခြံဂရန် လုပ်ကိုင် လိုသည့် အတွက် အရင်ဆုံး ဆောင်ရွက်ရန်မှာ ၂၀၁၂ ခု...