ပုံစံ (၁၀၅ ) ဆိုသည်မှာ ကျေးရွာ // မြေစာရင်းဦးစီး ဌာနအပိုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ မြေတို့ရဲ့ အကျယ်အဝန်းနဲ့ အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ် ။

ပုံစံ ( ၁၀၅ ) ဆိုသည်မှာ ကျေးရွာ // မြေစာရင်း ဦးစီဌာနအပိုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ မြေတို့ရဲ့ အကျယ်အဝန်းနဲ့ အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ် ။
ပုံစံ _ ၁၀၅ _ လက်ထဲ ရောက်တာနဲ့ _ ကိုယ်လုပ်ချင်တာ လုပ်လို့ ရမယ်လို့ _ မထင်လိုက်ပါနဲ့ ။
ဆရာရှင့် … ကျွန်မက အကျိုးဆောင်တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ရွာမြေ တစ်ကွက်ကို ဝယ်ထားမိသူ တစ်ဦးပါ ။ ပုံစံ (၁၀၅) ရပြီလို့ ပြောလို့ ဝယ်လိုက်မိပါတယ် ။ သူငယ်ချင်းတွေလည်း ဝယ်ကြပါတယ် ။ အဖော်ကောင်းလို့သာ လိုက်ဝယ်တာပါ ။
သိပ်နားမလည်တဲ့ အလုပ်လည်း ဖြစ်နေပြီးတော့ အခုဆို သုံးလကျော်လောက် ရှိပြီး ။ ပြန်ရောင်းမယ် ဆိုတော့မှ ပါမစ်မြေ ဖြစ်နေတယ် ဆိုလား မသိဘူး ။ အမျိုးမျိုး ပြောကြပါတယ် ။ ကျွန်မ ဝယ်ခါနီးတုန်းကတော့ ရွှေလို့ ပြောကြပြီး ကျွန်မ လက်ထဲ ရောက်မှ အမျိုးမျိုး ပြောခံနေရပါတယ် ။
အဆောက်အအုံ ဆောက်မယ် ဆိုတော့လည်း ဆောက်ခွင့်က လွယ်လွယ် မရနိုင်ဘူးတဲ့ ဆရာ ။
ဒီတော့ ပုံစံ ( ၁၀၅ ) ဆိုတာက ဘာလဲ ဆရာ ။ ရှင်းပြပါဦး ၊ ကျွန်မ ဒေါ်ခင်လှတင့်ပါ ။
ဒေါ်ခင်လှတင့်ရေ …
ရှင်းရှင်းလေးနဲ့ ရှုပ်နေတာကို တစ်သက်စာ မှတ်မိအောင် ကျွန်တော် သိသလောက် ဖြေပေးပါ့မယ် ။ ပုံစံ ( ၁၀၅ ) ဆိုတာက “ ကျေးရွာ မြေစာရင်းဌာန ” က ထုတ်ပေးတဲ့ ပုံစံ တစ်ခုသာ ဖြစ်ပါတယ် ။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ် ၊ ရွာမြေ ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ် ကျေးရွာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ် အတွင်းမှာ ရှိတဲ့မြေတို့ရဲ့ အကျယ်အဝန်းနဲ့ အမျိုး အစားကို ဖော်ပြပေးတဲ့ ပုံစံ စာရွက်သာ ဖြစ်ပါတယ် ။
ဒီပုံစံ (၁၀၅) လက်ထဲ ရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ ရမယ်လို့ မထင်လိုက်ပါနဲ့ ။ အခု ပုံစံ ( ၁၀၅ ) အရ ဒေါ်ခင်လှ တင့် ဝယ်ထားတဲ့မြေက “ လယ်ယာမြေ ” ဆိုတာ သိပြီလေ ။ လယ်ယာမြေ ဆိုရင်တော့ “ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု
လက်မှတ် ” ရှိမယ် ဆိုရင် လယ်လုပ်လို့ ရမယ်ပေါ့ ။
အဆောက်အအုံ ဆောက်ဖို့ ၊ စီးပွားရေးလုပ်ငန်း တစ်ခုခု အခြေတည်ပြီး လုပ်ကိုင်ဖို့ ဆိုတာကတော့ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဆိုရင် “ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ ” က ခွင့်ပြုမှသာ ရမယ် ဖြစ်ပါတယ် ။ အဲဒီလို ခွင့်ပြုလိုက်ပြီ ဆိုရင် “ ဂရန် ” ကိုပါ လျှောက်ထားပိုင်ခွင့် ရရှိတော့တာပေါ့ ။ တစ်ချိန်တုန်းက “ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ ( ယခုအခါ - လ / ယ ၃၀ ဖြစ်သည် ) နဲ့ လုပ်ပိုင်ခွင့်တွေ တူမယ်လို့ ကျွန်တော် ဝါရင့်ပွဲစား မှန်းပြီး ဖြေ လိုက်ပါရစေ ။
ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဆရာကြီး Kyi Soe ( IC ) ဆောင်းပါးတစ်ပုဒ်ကို မျှဝေခြင်း ဖြစ်ပါတယ် ။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...