ရွာမြေဆိုသည်မှာ ခေတ်ကာလ အဆက်ဆက်တွင် လူအများနေထိုင်ရန် သီးသန့် သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုး ဖြစ်ပါသည် ။

ရွာမြေ
ရွာမြေ ဆိုသည်မှာ ခေတ်ကာလ အဆက်ဆက်တွင် လူအများနေထိုင်ရန် သီးသန့် သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုး ဖြစ်ပါသည် ။
ပါမစ် ဂရန် တို့ကဲ့သို့ စာရွက်စာတမ်း အနေနှင့် သီးခြား ပုံသေ သတ်မှတ်ထားခြင်း မရှိသော်လည်း ရှေးအစဉ်အဆက်က ဘိုးဘွားများ လက်ထက်မှ သတ်မှတ်လာခဲ့သော နယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအဝယ် ပြုလုပ်လေ့ ရှိကြပါသည် ။
ရွာနှင့် ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများ ဖြစ်နေတတ်ပြီး ကျွဲနွား လွှတ်ကျောင်းရန် ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည် ။ ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်း တည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည် ။
ရွာမြေကို ဝယ်ယူရာတွင် သတိထားစရာ အချက်အလက်များမှာ
********************************************************************
( ၁ ) ရွာမြေ ဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုး ၊ အနီးအပါးတွင် နေထိုင်သော ရွာခံလူကြီးများ ၊ ပတ်ဝန်းကျင်ရှိ ရွာမြေတွင် နေထိုင်လာခဲ့သော နယ်ခံ လူထုများအား မေးမြန်း စုံစမ်းပြီး နေရာနှင့်တကွ ဟုတ် မဟုတ် သေသေချာချာ သတိပြု ဝယ်ယူသင့် ပါသည် ။
( ၂ ) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ ၊ ဘိုးဘွားပိုင်မြေ သဖွယ် စိတ်ပိုင်း ရောင်းချတတ်ပါသည် ။ ထိုမြေကွက် များကို ဝယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့် မရ ၊ အမည်ပေါက်လဲ ပြောင်းလဲ မရသဖြင့် အခက်အခဲကြုံ ငွေလဲ ဆုံးရူံးခဲ့
ကြရသည်ကို ကြားသိခဲ့ဖူးပါသည် ။
( ၃ ) အချို့ ကျူးကျော်နေထိုင်သူများမှာ သက်တမ်းရှည်ကြာစွာ နေထိုင်ခဲ့သဖြင့် ရွာမြေ ဖြစ်သယောင် နှင့် ရောင်းချသော်လည်း အမှန် တကယ်မှာ လယ်မြေတွင် ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည် ။
( ၄ ) ရွာမြေ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို သေချာစွာ စီစစ်ရာမှ ဘုန်းတော်ကြီးကျောင်း နယ်နိမိတ်ဧရိယာတွင် နေထိုင်နေကြ သော ကျူးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေ့ခဲ့ပါသည် ။
( ၅ ) ရွာမြေကို ဝယ်ယူပြီးပါက ခြံခတ်ရန် အလွန် အရေးကြီးပါသည် ။ ဧရိယာသတ်မှတ်ချက်မှာ ပါမစ် ဂရန် တို့ကဲ့သို့ အတိအကျ မရှိ တတ်ပဲ ခန့်မှန်းသာ အဆင့်ဆင့် ရောင်းချခဲ့ခြင်း သို့မဟုတ် ခန့်မှန်းဖြင့်သာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ရွာခံများပင် တိကျစွာ သိရန် ခက်ခဲခြင်းများ ကြုံတွေ့ရတတ်ပါသည် ။ ခြံမခတ်ပဲ ထားမိပါက နောင်နှစ်ပေါင်းများစွာမှ အရူပ်အရှင်းများ ရင်ဆိုင်ရတတ်ပါသည် ။ အချို့သော သူများက သစ်ပင်များ စိုက်ပျိုးခြင်း ဝါးပင်များဖြင့် စိုက်ပျိုးပြီး ဧရိယာကို ပိုမိုကျော်လွန်အောင် ဆောင်ရွက်တတ်ခြင်းတို့ ကြောင်း ပိုင်ဆိုင်မှု အငြင်းမပွားရလေအောင် စတင် ဝယ်ယူစဉ်ကတည်းက ခြံခတ်ထားသင့်ပါသည် ။ လူတိုင်း မဟုတ်ပါ ရိုးသား သော နယ်ခံများစွာ ရှိပါသည် ။
( ၆ ) ရွာမြေများသည် ဧရိယာအမျိုးမျိုးဖြင့် ရှိနေနိုင်ပါသည် ။ 50 ' x 60 ' / 45 ' x 90 ' / 60 ' x 120 ' စသည်ဖြင့် ပြန်လည် စိတ်ပိုင်း ရောင်းချသော သူများ၏ ဆန္ဒအတိုင်း ဧရိယာ သတ်မှတ်ချက်အတိုင်း ဝယ်ယူရန်သာ ဖြစ်ပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...