ဂရန် လျှောက်ထား ခြင်း

၁ ။ မြေငှါးဂရန် ထုတ်ပေးရာတွင် အမျိုးအစား ( ၂ ) မျိုး ရှိပါသည် ။ ( က ) အစိုးရ မြေမှ ဂရန်သစ် စတင် ထုတ်ပေး ခြင်းနှင့် ( ခ ) မူလဂရန်ရှိပြီး မြေကို အကြောင်းအရာ အမျိုးမျိုးဖြင့် ဂရန် ထပ်မံ လျှောက်ထားခြင်း တို့ဖြစ် ပါသည် ။
( က ) ဂရန်သစ် ( အစိုးရ မြေမှ ဂရန်သစ် လျှောက်ထားခြင်း ) မြို့ကွက်သစ် စတင် ဖော်ထုတ် ပေးရာတွင်လည်း ( ၂ ) မျိုး ရှိပါသည် ။
( ၁ ) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့်မြေကွက် များအား ဂရန် ထုတ်ပေးခြင်း ၊
( ၂ ) မူလ မြို့ဟောင်းရှိ အနေကြာ ဂရန် လျှောက်ထားခြင်း မရှိသေးသည့် အစိုးရ မြေများအား ဂရန်ထုတ် ပေးခြင်းတို့ ဖြစ်ပါသည် ။
( ကက ) မြို့ကွက်သစ် ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက်များကို ဂရန်လျှောက် ထားရာတွင် မြေချထားမိန့် ၊ မြေကွက်ဖိုး ၊ လမ်းဖိုး ပေးသွင်းသည့် ငွေရပြေစာများ ပါရှိရပြီး သတင်းစာ ကြော်ငြာခြင်း မပြုစေဘဲအချိန် ( ၂ ) ပါတ် အတွင်း ဂရန်သစ်ထုတ် ပေးပါသည် ။
( ခခ ) မူလ မြို့ဟောင်းရှိ အစိုးရမြေ များကိုခ လျှောက်ထားပါက ဦးစွာပထမ မြေပုံ ရေးကူး ခွင့်လျှောက် ထားရပါမည် ။ မြေပုံ ရေး ကူးခွင့်ရရှိပြီးပါက တရားရုံး ကျမ်းကျိန်ချက် ၊ အိမ်ထောင်စု ဇယား ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထောက်ခံ ချက် ၊ အဆောက်အဦ ဓါတ်ပုံများဖြင့် အမှုတွဲ တည်ဆောက် ပြီးသတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှု အရှုပ်အရှင်း မရှိပါက ( ၁ ) လအတွင်း ဂရန်သစ် ထုတ်ပေးပါသည် ။
( ၃ ) ဂရန်သစ် လျှောက်ထားမှု များကို အောက်ဖော် ပြပါ အတိုင်း အမျိုး အစားများ ခွဲခြား၍ ဆောင်ရွက် ပေးပါသည် -
( ကက ) ဂရန်သစ် ၊
( ခခ ) ဂရန်သစ် / အမည်ပြောင်း ( မြေကွက် ရရှိသူ ကိုင်တိုင် မဟုတ်ဘဲ ၄င်းထံမှ တဆင့်လွှဲပြောင်း ရရှိသူမှ အမည်ပြောင်း လျှောက် ထားခြင်း )
( ဂဂ ) ဂရန်သစ် / ဦးပိုင်ခွဲ / အမည်ပြောင်း ( မြေကွက် ရရှိသူ ထံမှခွဲစိတ်၍ လွှဲပြောင်း ရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း )
( ဃဃ ) အမည်ပေါက် လျှောက်ထားခြင်း ( အချို့သော ဌာနဆိုင်ရာ အဖွဲ့ အစည်းများသည် ငွေသွင်းရန် အခက်အခဲရှိ၍ ဂရန်ထုတ်ယူ ခြင်းမပြုဘဲ မြေရာဇ၀င်တွင် အမည်ပေါက်ရန် အတွက်သာ လျှောက်ထားခြင်း ဖြစ်ပါသည် ။
( ခ ) ဂရန်ဟောင်း ( မူလ ဂရန်ရှိပြီး မြေကို အကြောင်း အမျိုးမျိုးဖြင့် ဂရန်ပြန်လည် လျှောက်ထားခြင်း ) မူလဂရန် ရှိပြီးမြေကို ဂရန်သက်တမ်း ကုန်ဆုံး၍ လည်းကောင်း ၊ လွှဲပြောင်း၍ လည်းကောင်း ၊ ဦးပိုင်ခွဲ၍ လည်းကောင်း ၊ ဂရန်ပျောက် မိတ္တူလျှောက်၍ လည်းကောင်း ၊ ဂရန် အမျိုးအစား ပြောင်း၍ လည်းကောင်း လျှောက်ထား လာပါက အောက်ဖော် ပြပါအတိုင်း အမျိုး အစားခွဲခြားဆောင်ရွက်ပါသည် -
( ၁ ) ဂရန် အမည်ပြောင်း ၊
( ၂ ) ဂရန် ဦးပိုင်ခွဲ ( ဂရန်မြေ တစ်ခုကို အမည်မပြောင်းဘဲ ဂရန်နှစ်ခု ၊ သုံးခု ထပ်မံ ခွဲစိတ် လျှောင်ထားခြင်း )
( ၃ ) ဂရန် သက်တမ်းတိုး ( ဂရန် သက်တမ်းကုန်၍ ထပ်မံ သက်တမ်းတိုး လျှောက်ထားခြင်း )
( ၄ ) သက်တမ်းတိုး ၊ အမည်ပြောင်း ( အမည်လည်း ပြောင်း ၊ သက်တမ်း လည်းတိုးမည် )
( ၅ ) ဦးပိုင်ခွဲ ၊ အမည်ပြောင်း ( ဂရန်မြေ တစ်ခုကို နှစ်ခု ၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း )
( ၆ ) ဂရန်ပျောက် ၊ သက်တမ်းတိုး ၊ အမည်ပြောင်း ( သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး ၊ အမည်ပြောင်း လျှောက်ထားခြင်း )
( ၇ ) ဂရန်မိတ္တူ လျှောက်ထားခြင်း ( ဂရန်မူရင်း ပျောက်ဆုံး သွား၍ အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူ လျှောက်ထားခြင်း )
( ၈ ) တောမှ မြို့ပြောင်း လျှောက်ထားခြင်း ( ယခင် ပုသိမ်ကြီး ၊ အမရပူရ မြို့ ပြင်ပရှိ မြေများကို ထုတ်ပေး ထားသည့် တောဂရန်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း )
( ၉ ) တောမှ မြို့ပြောင်း ၊ အမည်ပြောင်း ( တောဂရန်မှ မြို့ဂရန်အပြင် အမည်ပါ ပြောင်းပေးရန် လျှောက်ထားခြင်း ဖြစ်ပါသည် ။)
၂ ။ အထက် ဖော်ပြပါ ဂရန်လျှောက်ထား မည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည် -
( ၁ ) ကာယကံရှင် ၏ မှတ်ပုံတင် မိတ္တူမှန် ၊
( ၂ ) ဂရန် စာချုပ် မိတ္တူမှန် ၊
( ၃ ) အမွေ ဆက်ခံဖြစ်ပါက အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက် ၊
( ၄ ) အရောင်း အဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ် စာချုပ် မိတ္တူမှန် ၊
( ၅ ) တရားမမှု ဖြစ်သည့် မြေဖြစ်ပါက တရားရုံး ဒီကရီ ၊ တရားမပုံစံ ( ၁၀၆ )
( ၆ ) မြေခွန် ပြေစာ မိတ္တူမှန် ၊
( ၇ ) အိမ်ထောင်စု ဇယား မိတ္တူမှန် ၊
( ၈ ) အဆောက်အဦး ဓါတ်ပုံ ၊
( ၉ ) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၏ ထောက်ခံချက် ၊
( ၁၀ ) အမည်ပေါက် ၊ အမွေ ဆက်ခံသူများ သေဆုံးပါက သေစာရင်း မိတ္တူမှန်များ ။
၃ ။ အထက် ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက် ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ ၊ အရှုပ်အရှင်း မရှိပါက ( ၁ ) လအတွင်း အပြီးဆောင်ရွက် ပေးမည်
( မြို့ပြ စီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှု ဉီးစီးဌာန )
သိရှိလို သူများ အတွက်
မြေ ၁ ဧက အထိ ဂရန်ထုတ်ပေးမှု
ဖြေလျော့ + မူလ လုပ်ထုံး လုပ်နည်းများ
လုပ်ငန်းစဉ် အဆင့်ဆင့် ကိုပါဖော်ပြ ပေးလိုက် ပါတယ် ။
Credit-OriginalUploder
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...