စာချုပ်ချုပ်မည်ဆိုလျှင် စာမျက်နှာတိုင်း လက်မှတ်မထိုးခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် စာမျက်နှာတိုင်း လက်မှတ်မထိုးခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် စာမျက်နှာတိုင်း လက်မှတ်မထိုးခဲ့သည့် ကိစ္စ
===============================
အရောင်းအဝယ်စာချုပ် ပေါင်နှံခြင်းစာချုပ် ငွေချေးကတိစာချုပ် ငှားရမ်းခြင်းစာချုပ် စသည်ဖြင့် မည်သည့် သဘောတူစာချုပ် ချုပ်ချုပ် စာချုပ်၏ စာမျက်နှာတိုင်းတွင် နှစ်ဦးနှစ်ဘက် လက်မှတ်များ ရေးထိုးထား ကြရန် လိုအပ်မည်ဟု ထင်ပါသည်။
ရေစစ္စရီမှတ်ပုံတင်ရုံးတွင် ပြုလုပ်ချုပ်ဆိုသော စာချုပ်များတွင် အငြင်းပွားပြဿနာမရှိလှသော်လည်း အရပ် ဘက်ချုပ်ဆိုသော သဘောတူ ကတိစာချုပ်များတွင်မှု အငြင်းပွားပြဿနာများ မကြာခဏ ပေါ်ပေါက်လေ့ ပေါ်ပေါက်ထ ရှိပါသည်။
စာချုပ်၏ စာမျက်နှာတိုင်းတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် ပေါ်ပေါက်လာသော အငြင်းပွားပြဿနာ မျိုးမှာ ထိုသို့ ဖြစ်ပါသည်။
ဥပမာ- အိမ်ခန်းငှားရမ်းခြင်း ကတိစာချုပ်တစ်ရပ် ပြုလုပ်ချုပ်ဆိုကြရာတွင် စာချုပ်နှစ်စုံ ရိုက်နှိပ်၍ တစ်ဖက် တစ်စုံစီ ရယူထားလေ့ရှိသည်ကို သိကြမည်ဖြစ်သည်။
အဆိုပါ ငှားရမ်းခြင်းစာချုပ်တွင် အိမ်ရှင် လိုက်နာရမည့် အချက်များ အိမ်ငှားလိုက်နာရမည့် အချက်များ ပါဝင် ကောင်း ပါဝင်နိုင်ပါသည်။ သဘောတူ ကတိပြုချက်များ စည်းကမ်းချက်များ ထည့်သွင်းရေးသားချုပ်ဆိုထား သည် ဖြစ်သောကြောင့် စာချုပ်သည် စာမျက်နှာ တစ်မျက်နှာသာမက နှစ်မျက်နှာ သုံးမျက်နှာ အထိလည်း ရှိနိုင်ပါသည်။
စာချုပ်တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးကြရာတွင် များသောအားဖြင့် စာချုပ်ချုပ်သူများ လက်မှတ်ရေး ထိုး တတ်ကြသည်မှာ စာချုပ်၏ နောက်ဆုံးစာမျက်နှာ စာချုပ်၏ နောက်ဆုံး စာပိုဒ်အောက်ရှိ( အိမ်ရှင်) (အိမ်ငှား) စသည်ဖြင့် ရည်ညွှန်း အမည်နေရာတွင်သာ ကာယကံရှင်များ လက်မှတ်ရေးထိုးလေ့ရှိပါသည်။
ပထမ စာမျက်နှာတွင်လည်းကောင်း ဒုတိယစာမျက်နှာတွင်လည်းကောင်း ကာယကံရှင်များ လက်မှတ်မပါရှိဘဲ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ထားသော (သို့) လက်ရေးဖြင့် ရေးသားထားသော စာသက်သက်အဖြစ်သာ ရှိနေပါ သည်။
ဤတွင် အိမ်ရှင် သို့မဟုတ် အိမ်ငှား တစ်ဖက်ဖက်လိုက်နာရမည့် အချက်များသည် စာမျက်နှာ တစ်တွင် လည်း ကောင်း ၊ နှစ်တွင်လည်းကောင်း ပါရှိကောင်း ပါရှိနေမည် ဖြစ်ပါသည်။ သို့မဟုတ် စာချုပ်၏ အရေးကြီးသော အပိုင်းများ အဓိကကျသော အချက်များ တစ်ဖက်ဖက်က ပျက်ကွက်ပါက အခြားတစ်ဖက်က ခံစားခွင့်ရှိသည့် အခွင့်အရေးများ စသည်တို့သည် စာမျက်နှာ တစ်တွင် လည်းကောင်း စာမျက်နှာ နှစ်တွင် လည်းကောင်းပါရှိ ကောင်း ပါရှိနေမည် ဖြစ်သည်။
ထိုသို့ ပါရှိသည့် သဘောတူညီချက်များ စည်းကမ်းချက်များ လိုက်နာရမည် အချက်များ ခံစားခွင့်ရှိသည့် အချက် များကို တစ်ဖက်ဖက်က အလွယ်တကူ ပြင်ဆင်နိုင်မည့် အနေအထားဖြစ်သည်။ အချို့သော မသမာသတို့သည် ပထမ စာမျက်နှာနှင့် ဒုတိယ စာမျက်နှာများကိုပင် မိမိစိတ်တိုင်းကျ လက်ရေးတူ အမျိုးတူလက်ရေး လက်နှိပ် စက်ဖြင့် ပြန်လည် ရေးသားရိုက်နှိပ်၍ တတိယစာမျက်နှာနှင့် အဆက်အစပ်ပြုကာ စာချုပ်၏ အတွင်းသရုပ်များ ကိုပင် ပြောင်းလဲသွားအောင် ပြုလုပ်တတ်ကြပါသည်။
ဤသို့ဖြင့် စာချုပ်မှန် ကိုင်ထားသူကိုပင် မတရား ပြင်ဆင်ရေးသားသူ ဟူ၍ “မသမာသူ သူခိုးက လူသူဟစ်ဆို” သလို တစ်ဖန် ပြန်၍ စွပ်စွဲသည် အထိဖြစ်လာတတ်ပါသည်။
ဤအချက်ကို ကာကွယ်ရန်မှာ သဘောတူစာချုပ်၏ စာမျက်နှာတိုင်း၏ အောက်ချေနေရာတွင် လည်းကောင်း၊ နံဘေးနေရာ လွတ်တွင်လည်းကောင်း ကာယကံရှင် နှစ်ဦးနှစ်ဘက်စလုံး သက်သေများနှင့်အတူ လက်မှတ် ရေးထိုး ထားကြရန်သာ ရှိပါသည်။
(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ- ၇  ) ။ #DVBLawLab
 

Credit - ဥပဒေရေးရာ
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate