ဂရန် စာရွက် အတု ၊ အစစ်

" ကျွန်တော် အခု ဝယ်မယ့် မြေကွက်က ဂရန် မြေပါ ။ ဒါနဲ့ ကျွန်တော် စိုးရိမ်တာ တစ်ခု ရှိပါတယ် ။ ဂရန် အတု စာရွက်ကို အစစ်လို့ အထင် မှားပြီး ဝယ်ယူ မိလိုက် မှာကို "
" ကိုယ်က အကြောင်း အရာ ကို သေသေ ချာချာ သိထားရင် မှားပြီး ဝယ်မိစရာ အကြောင်း မရှိပါ ဘူး ၊ ဂရန် မြေကို ဝယ်ယူ မည်ဆိုက တည်းက စီစစ် ရမည့် အချက်တွေ တော့ များစွာ ရှိပါတယ် ။ အဲဒီ ထဲက မှ အရေးကြီး တဲ့ အချက် တစ်ချက် ဖြစ်တဲ့ ဂရန် စာရွက်အစစ် ဟုတ် မဟုတ် ဆိုတာ ကိုတော့ ထိုဂရန်ကို
စည်ပင် ( သို့ ) မြို့နယ် အထွေထွေ အုတ်ချုပ် ရေး မှုးရုံး တို့မှာ စီစစ် ရပါမယ် ။ ဂရန်ကို စစ်တဲ့ အခါမှာ ဆိုရင် လည်း ကိုယ်တိုင် ဒါမှ မဟုတ် အကျိုးဆောင် ၊ ပွဲစား ၊ ရှေ့နေ တို့ကို အဆင်ပြေ မပြေ စစ်ဆေး ဆောင်ရွက် စေနိုင် ပါတယ် ။ ဝယ်မယ့် သူက စာရွက် စာတမ်း များကို မစီစစ် တတ်ဘူး ဆိုလျှင် အကျိုးဆောင် ၊ ရှေ့နေ ၊ စသည့် သူတို့ နှင့် မိမိ ကိုယ်တိုင် အတူ လိုက် ပါပြီး မှန်မမှန် ကိုယ်တိုင် သိနားလည် အောင် လုပ်ဆောင် သင့်ပါတယ် ။
မိမိ ဝယ်ယူ မည့် ဂရန် မြေမှာ ရောင်းတဲ့ သူက ဂရန်စာရွက် မှာလည်း အမည် မပေါက် ၊ အမည်ပေါက် တဲ့ သူထံမှ လည်း မှတ်ပုံ တင်ရုံးတွင် ပြုလုပ် ထားသော စာရွက် စာတမ်း များတွင် SP / GP ရရှိ ထားခြင်း မရှိဘူး ဆိုလျှင် အဲဒီ အိမ်ခြံ မြေကို မဝယ် ယူသင့် ပါဘူး။
များသော အားဖြင့် တော့ ဂရန်မြေ ဝယ်ကြ တဲ့ သူတွေဟာ မှတ်ပုံတင် စာချုပ်ချုပ် ဆိုပြီး ဝယ်လေ့ မရှိကြ ပါဘူး ။ အရပ်စာချုပ်ဖြင့် ချုပ် ဆိုပြီး SP / GP ရယူထား ခြင်း ကိုသာ ပြုလုပ် လေ့ရှိ ကြပါတယ် ။
" မှတ်ပုံတင်စာချုပ်ချုပ် ဆိုခြင်း မရှိဘဲ ဝယ်ယူရင် ဘာပြသာနာ ရှိပါသလဲ ခင်ဗျား "
" ဘာ ပြသာနာ ရှိလဲ ဆိုတော့ မှတ်ပုံတင် စာချုပ် ဖြင့် မဝယ် ယူထား ဘူးဆိုလျှင် ဥပဒေအရ တော့ ပိုင်ရှင် အဖြစ် မရောက်ရှိတာ ၊နောက် အချိန်မှာ မိမိ အရပ်စာချုပ်ဖြင့် ဝယ်ယူ လိုက်သော အိမ်ခြံ မြေအား မှတ်ပုံတင် စာချုပ်ဖြင့် ရောင်းချ ခွင့်မရှိတာ ၊ ဘဏ်မှာ အပေါင် ထားပြီး ချေးငွေ ယူလို့ မရတာ စတဲ့ အခက်အခဲ ပြသာနာတွေ ဖြစ်တတ် ပါတယ် "
" ကျွန်တော် သိလို သည့် ဂရန်မြေ အကြောင်းကို အခုလို ရှင်းပြ ပေးသည့် အတွက် အထူးပင် ကျေးဇူးတင် ရှိပါ တယ် ခင်ဗျား "
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...