အိမ်ခြံမြေ အမွေ ရဖို့ လုံးဝသေချာတဲ့ နည်း

အိမ်ခြံမြေ အမွေ ရဖို့ လုံးဝသေချာတဲ့ နည်း

အိမ် ၊ ခြံ ၊ မြေ အမွေရဖို့ လုံးဝသေချာတဲ့ နည်း ‼

အရမ်းထိရောက်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်သလို လုပ်ထားဖို့ နည်းလမ်းကလည်း လွယ်ကူပါတယ်. အဲ့ တာကတော့ မိသားစုစီမံမှုစာချုပ် ပါ ။ မိသားစုစီမံမှု ကိုသာလုပ်ထားရင် အရမ်းအတွေ့ရများ လာတဲ့ မိသားစုတွင်းမှာ မောင်နှမချင်း အိမ် ခြံ မြေလူယှက်ကြတဲ့ အမွေမှု တွေ ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး။

ဒါကြောင့် ဘဲ မိသားစုစီမံမှုကို လုပ်ကြဖို့ မြန်မာ့ ဥပဒေပညာရှင်ကြီးများက အမြဲတိုက်တွန်းခဲ့ ကြတယ်။ ပညာပေးခဲ့ကြတယ် ။ အဲဒါနှစ် (၁၀၀) ကျော်တိုင်ခဲ့ပြီ။ (သို့သော် တချို့တချို့တွေက တော့ ဖုံးကြတယ်။ ဖွက်ကြတယ် ။ ပညာပေးတဲ့သူကတစ်ဖွဲ့ ၊ လူတွေမသိအောင် လိုက်ကာနေတဲ့ သူတွေကလည်း တစ်ဖွဲ့ပါ)

ပစ္စည်းရှင် ကွယ်လွန်ပြီးနောက် အိမ် ခြံ မြေ အမွေ များကို မည်သို့ ခွဲဝေယူကြ ရမည်ဆိုသော မိသားတစ်စု၏ စီမံမှုကို မိသားစုစီမံမှု ဟုခေါ်ပြီး ၁၉၆၆ ဦးဘဖေနှင့် မချိုတီ မတစ ရ၂၇၊ စီရင်ထုံးနှင့် ဒေါက်တာဦးမောင်မောင်၊ မြန်မာဓလေ့ထုံး ၁၉၆၃/၁၀၄ အပြင် စီရင်ထုံးများစွာမှာ ထင်ရှားစွာ ဖော်ပြထားပါသည်။

မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေဆက်ခံခွင့် မရှိသူများ ပါ၀င်ချုပ်ဆိုရေးသားခွင့် မရှိဟု ဦးညွန့်မောင်/ဒေါ်မြရွှေ ၁၉၇၄ တရားမဒုတိယ အယူခံ အမှတ်-၃၃ မှာလည်း စီရင်ထားပါတယ်။

မိသားစုစီမံမှု ကို သဘောတူညီ ပြုလုပ်ပြီးပါက ကြိုတင်တရားစွဲ တောင်းဆိုခွင့်မရှိ ၊ ဖောက်ဖျက်ခွင့် မရှိသည့်အပြင် ငြင်းဆိုခွင့်လည်း မရှိပါကြောင်း ၊ မပန်းစီ/မလှရင်၊ ၁၉၆၃ မတစ၊ ၈၀၀(၈၀၈) တွင်ပါရှိပါတယ်။

မိသားစုစီမံမှုသည် မိသားစုအတွင်းတွင်သာ သဘောတူညီ ခွဲဝေကြသည့်အတွက် အခွင့်အရေးတို့သည် ဥပဒေနှင့် အတိအကျ ညီညွတ်နိုင်မည် မဟုတ်ပါ၊ သို့သော်လည်း ခိုင်မာပါသည်ဟု ဦးမြတ်သူ/မစောရှင် ၁၉၄၉ မတစ၊ လွှတ်တော် ၉၄၂တွင် စီရင်ထားရှိသည်ကို တွေ့ နိုင်ပါသည်။

_______________________________________________________________________

🔺အမွေဆိုင်များပိုင်ဆိုင်သည့် အိမ်ခြံမြေကို အမွေဆိုင်တစ်ဦးတည်းက အခြားအမွေဆိုင်များ မသိအောင်ရောင်း ချမည်ဆိုလျှင်?

https://www.yuzanarland.com/g/RJW0V

🔺မိဘရဲ့ အိမ်ခြံမြေကို အမွေခွဲမယ်လုပ်တော့ အကိုအကြီးဆုံးက သူဟာ သြရသဖြစ်တဲ့အတွက် အမွေဝေစု ပိုရသင့်ပါသလား?

https://www.yuzanarland.com/g/gIl59

🔺 နှစ်ဦးနာမည်နဲ့ချုပ်ထားတဲ့ စာချုပ်ကို ခင်ပွန်းဆုံးသွားလို့ ဇနီးက တယောက်တည်းအမည်နဲ့ စာချုပ်ပြောင်းချင်ရင် ဘာတွေလုပ်ရမလဲ?

https://www.yuzanarland.com/g/7sLUE

 

 


 

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate