အိမ်ခြံ မြေ အရောင်း အဝယ် ပြုလုပ် တဲ့ အခါ မှာ အရေးကြီး တဲ့ အပိုင်းက စာချုပ် စာတမ်း တွေပါ။

အိမ် ခြံ မြေ အရောင်း အဝယ်ပြု လုပ်တဲ့ အခါမှာ အရေးကြီးတဲ့ အပိုင်းက စာချုပ် စာတမ်း တွေပါ ။
နူတ်တစ်ရာ စာတစ်လုံး ဆိုတဲ့ ဆိုရိုးစကား အတိုင်း စာချုပ် မချုပ် ထားဘဲ နှုတ်ကတိဖြင့် ပြုလုပ်ထားရင် ကာလ ကြာရှည် တဲ့ အခါ မေ့လျော့ခြင်း ကြောင့် ဖြစ်ဖြစ် ၊ အကြောင်း တစ်ခုကြောင့် ဖြစ်ဖြစ် ဖြေရှင်း ရခက်ခဲ မှာဘဲ ဖြစ်ပါတယ် ။ စာချုပ်ချုပ်ဆိုထားပါက
ထိုကဲ့သို့သော ကိစ္စမျိုးကို လွယ်လင့်တကူ ဖြေရှင်း ပြီးသား ဖြစ်ပါတယ် ။
အိမ် ခြံ မြေ လုပ်တဲ့သူတွေဟာ စာချုပ်ကို သတိမထား ဘဲနေလို့ လည်းမရပါဘူး ။
စာချုပ် စာတမ်း ရေးရာ မှာလည်း မပြည့်စုံ ပါက အရေးကြုံ လာရင် ငွေကြေး မြောက်များစွာ ဆုံးရှုံး ရတတ်ပါတယ် ။
အဓိက အားဖြင့် အရောင်း အဝယ်စာချုပ် မှာ တံဆိပ် ခေါင်းပါမယ် ၊ ရောင်း သူဝယ်သူ နှစ်ဦးပါမယ် ၊ အသိ သက်သေ နှစ်ယောက်ပါမယ် ၊ အများကြီး စဉ်းစား နေစရာ မလိုပါဘူး အဲဒါ စာချုပ်ပါပဲ ။ ( အကြမ်း အားဖြင့် ပေါ့ )
စာချုပ်က ဘယ်လို အချိန်မျိုးမှာ ပျက်တတ် လည်းဆိုရင်
- မဖြစ်နိုင်တာ တွေထည့် ရေးတဲ့ အခါ
- ဥပဒေ နှင့် မညီညွတ်တာ
- စည်းကမ်း တွေ ဖောက်ဖျက်တဲ့ အခါမျိုး တွေမှာ ပျက်ပါ တယ် ။
နောက် တစ်ခု အနေ နဲ့ စာချုပ်ကို စာချုပ် နဲ့ ဖျက်လို့ ရပါတယ် ။
ဗဟု သုတ အနေနဲ့ အများသိ ကြသည့် အတိုင်း မှတ်ပုံတင် စာချုပ်နဲ့ အရပ်ကတိ စာချုပ် ဆိုပြီးနှစ် မျိုးရှိ ပါတယ် ။
ဘယ်လို ခွဲမလဲ ဆိုတော့ ဒါကတော့ လွယ်လွယ် လေးပါ
မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် ထားရင် မှတ်ပုံတင် စာချုပ် မှတ်ပုံ မတင် ထားရင် အရပ် ကတိ စာချုပ်ပါ ။
အိမ်ခြံ မြေ ဝယ်တဲ့ အခါ မှတ်ပုံတင် ထားတဲ့ စာချုပ် မချုပ်ရင် အမည် ပြောင်း လို့မရပါဘူး ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...