“ လူပြော များနေတဲ့ အိမ်ခြံမြေလောက ရဲ့ ကျော်တယ် ခွတယ် ဆိုတာ ”

“ လူပြော များနေတဲ့ အိမ်ခြံမြေလောက ရဲ့ ကျော်တယ် ခွတယ် ဆိုတာ ”

“ လူပြော များနေတဲ့ အိမ်ခြံမြေလောက ရဲ့ ကျော်တယ် ခွတယ် ဆိုတာ ”
ဘယ်နေရာ ဘယ်ဒေသမှာ ပဲကြည့်ကြည့် 
ကျော်တယ် ခွတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ကြားဖူးနေပေမယ့်  အိမ်ခြံမြေ လောကရဲ့ ကျော်ခြင်း ခွခြင်း ကတော့ ရက်စက် ပါပေတယ် ။
ဘယ်ကနေ စတာလဲဆိုရင်


အပိုင်း (  2 ) ပိုင်းလေး နဲ့ ပြောပြပေး သွားပါ့မယ် ။


ကျော်ခြင်း ၊ ခွခြင်း 
✅နံပါတ်(1) 


အိမ်ခြံ မြေ အရောင်းအပ်တဲ့  ခြံရှင် အိမ်ရှင်တွေက အကျိုးဆောင် တစ်ယောက်ကို
မိမိ တို့ရဲ့အိမ် ၊ ခြံလေး အရောင်းအပ် လိုက်တယ် ။
အဲဒီ အချိန်ထိတော့ အကောင်းရှိ နေပါသေးတယ် ။
အရောင်း အပ်ခြင်းခံ ရတဲ့ အကျိုးဆောင် တစ်ယောက်က သူသိတဲ့ 


• အခြား အကျိုးဆောင် တွေကို လိုက်ပြတဲ့အခါ  သူပြလိုက်တဲ့ အကျိုးဆောင်တွေ ထဲက တစ်ယောက် ကနေပြီး ပိုင်ရှင်ကို စုံစမ်းလိုက်ပြီး ဝယ်လက်လာတော့  မူလအကျိုးဆောင်ကို မပြောတော့ဘဲ


• အရောင်းအဝယ် ဖြစ်အောင်လုပ်လိုက် ခြင်းဟာ ကျော်ခြင်း ခွခြင်း နံပါတ် ( 1 ) ပါ ။
ကျော်တာ ခွတာ ခံရတာကို တစ်ဖက်က သိသွားတဲ့အခါ  မခံနိုင်ဖြစ်ပြီး  ကုန်ခဲ့ရတဲ့အချိန်တွေ  ရင်းခဲ့ရတဲ့ချွေးတွေဟာ အလကားဖြစ်သွားပါတယ်။


✅နံပါတ်(2) 


နံပါတ် ( 1 ) မှာတုန်းက အကျိုးဆောင် အချင်းချင်း ကျော်ခြင်း ခွခြင်း ဆိုပေမယ့် ၊ နံပါတ် ( 2 ) မှာတော့ ထူးဆန်းစွာဖြင့် ၊ စိတ်မကောင်းစွာဖြင့်  ဝယ်တဲ့ဝယ်လက်က ကျော်တာဖြစ်ပါတယ် ။
အိမ်ခြံ မြေမှာ ကျင်လည်နေတဲ့ အကျိုးဆောင်တွေ အနေနဲ့ကတော့  ကိုယ်တိုင် ကြုံဖူးလို့ဖြစ်ဖြစ် ၊ တစ်ခြား တစ်ယောက်ယောက် ဆီကနေကြားဖူး တာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်မျိုးကို တော့ရင်းနှီး နေကြမှာပါ ။


• မိမိ အရောင်းတင် ထားသော post ကနေ အိမ်ခြံမြေ အရောင်းကို တွေ့တဲ့ ဝယ်လက်တစ်ယောက်ဟာ  မိမိနဲ့အတူ မြေပြင်မှာပါ  ခြံအတူကြည့်ပြီး ပိုင်ရှင်နဲ့ တွေ့ခဲ့ပေမယ့် အရောင်းအဝယ် မဖြစ်သွားသလိုလုပ်ပြီး တကယ်တမ်း မိမိကွယ်ရာမှာ ပိုင်ရှင်ဝယ်သူ နှစ်ဦးသား အရောင်းအဝယ် ဖြစ်အောင်လုပ်ပြီး ကျော်သွား တာမျိုးပါ ။


• နောက် တစ်ယောက် ကတော့ မိမိနဲ့အတူ မြေပြင်မှာ အိမ်ခြံ မြေကို အတူတူကြည့်ရှု့ ခဲ့ပေမယ့် ဝယ်လက်ဆိုသူက ပိုင်ရှင်ကိုစုံစမ်းလိုက်ပြီး နှစ်ဦးသား အရောင်းအဝယ် ဖြစ်အောင် လုပ်ကာ ကျော်သွားတာပါ ။
ခံရခက်တဲ့ ကိစ္စတွေမှာ ကိုယ့်ဘက်က မတတ်နိုင်ပေမယ့်  ခံလိုက်ရတဲ့ အိမ်ခြံမြေရဲ့ လှည့်ကွက်တွေ လို့ဆိုပြီး ဖြေသိမ့်လိုက် မလားဘဲ ။
ဝယ်လက်ကသစ္စာဖောက်သွားတဲ့အကျိုးတစ်ယောက်ရဲ့ရင်ဖွင့်သံတစ်ခုဆိုရင်
“ တစ်နေ့ ကျွန်တော့် ရဲ့  facebook page မှာတင် ထားတဲ့ သိန်း ၁၅၀၀ တန် အကွက်ကို ဝယ်မယ်ဆိုတဲ့သူ ရောက်လာတယ်  ကျွန်တော်လည်းနွေးထွေးစွာ ကြိုဆိုရင်းသူနဲ့ အတူ မြေပြင်ထိ ရောက်သွားတယ် သူ့မျက်နှာမှာ ကျွန်တော်ပြပေးတဲ့ အကွက်ကို လုံးဝစိတ်ဝင်စားတဲ့ပုံပြပေမယ့် မယူဖြစ်ဘူးဆိုပြီး ပဲဖြစ်သွားတယ်
နောက်တော့ ကျွန်တော်က တခြားဝယ်လက် တစ်ဖွဲ့နဲ့ သွားကြည့်မယ်ဆိုတော့ အဲဒီအကွက်က မရှိတော့ဘူးတဲ့ဗျ ။ သိလိုက်ရတာက ကျွန်တော် ပထမပြတဲ့ ဝယ်လက်က ဝယ်သွားခဲ့ တယ်ဆိုတာပဲ ၊ ထပ်ပြီး သိလိုက်ရတာက ကျွန်တော်နဲ့အတူ ကြည့်ပြီးတဲ့ နောက်ပိုင်းမှာ မ ဝယ်ဘူးပြောတဲ့သူက အနီးတစ်ဝိုက်က နေပိုင်ရှင်ကို စုံစမ်းပြီး ဝယ်ဖြစ်သွားသတဲ့ဗျ ၊”
ဆိုပြီးပြောကာ  အလှူကြီးပေး နေသလိုပါပဲ ဆိုပြီးတော့လည်း ပြောသွား ပါသေးတယ် ။
အားလုံးသာ စည်းကမ်းရှိမယ် ဆိုရင်ဒီလို ကိစ္စမျိုးတွေက ဖြစ်လာမှာ မဟုတ်ပါဘူး ။
yuzanarland.com

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate