အိမ်ခြံ‌ မြေ အရောင်းပြသ သည့်အခါ ကြုံတွေ့ရတတ်တဲ့ စိတ်ညစ်စရာ ( ၅ ) ချက်

အိမ်ခြံ‌ မြေ အရောင်းပြသ သည့်အခါ ကြုံတွေ့ရတတ်တဲ့ စိတ်ညစ်စရာ ( ၅ ) ချက်

အိမ်ခြံ မြေ အကျိုးဆောင်များက မိမိ တို့ရဲ့ ဝယ်လက်ကို အိမ်ခြံ‌မြေ အရောင်းပြသ သည့်အခါ
ကြုံတွေ့ရတတ် တဲ့ စိတ်ညစ်စရာ ( ၅ ) ချက်
 

 

(၁)     အိမ်ခြံမြေ ကိုကြည့်ဖို့ ချိန်းဆိုခဲ့ပြီးမှ ပျက်ကွက်ခဲ့ကြတဲ့ ဝယ်သူ ၊ ငှားသူတွေဟာ 
အကျိုးဆောင် တွေကို စိတ်အနှောက်ယှက် ဖြစ်စေပြီး ဆွဲထားတဲ့ အချိန်ဇယား များကို 

ပျက်ကွက် စေတဲ့ အတွက်ကြောင့် အချိန်များ ထိခိုက်စေ နိုင်ပါတယ် ။

အကြောင်း အမျိုးမျိုးကြောင့် ဝယ်မယ့်သူ ဖြစ်ဖြစ် ၊ ငှားမယ့်သူဖြစ်ဖြစ် 

ကြည့်ဖို့ ချိန်းထားတာ ပျက်ကွက်ခဲ့တယ် ဆိုရင် သေချာလေး‌‌ တောင်းပန်သင့်ပါတယ် ။

(၂)     ချိန်းထားတဲ့ အချိန်များက သာမန်ထက်ကို ပိုပြီးတော့ နောက်ကျမှ ရောက်လာတတ်တဲ့
ဝယ်သူ ၊ ငှားသူများဟာ အကျိုးဆောင်များ ကို စိတ်ညစ်စရာ ဖြစ်စေပါတယ် ။
ဘာဖြစ် လို့လဲဆိုတော့ အမြဲတမ်းတော့ မဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံမှ
ာအကျိုးဆောင် တော်တော်များများဟာ တစ်ရက်ထဲ မှာတင်ကို 
ဧည်သည့် နှစ်ယောက် သုံးယောက် လောက်ကို ပြသရတာမျိုး ရှိတတ်ပါတယ် ။
အချိန်နောက်ကျမှ ပေါ်လာခြင်း အတွက် နောက်တစ်ဖွဲ့ ချိန်းဆိုထား မှု့တွေ 
အကျိုးဆောင်အတွက် အချိန်ကြာမှ ရောက်သွား နိုင်တာမျိုး ဒါမှမဟုတ်
ဖျက်လိုက် ရတာမျိုး ဖြစ်တတ်ပါတယ် ။ ဖျက်လိုက်ရတာ မျိုးဟာ 
သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု့ တစ်ရပ်ပါ ။

(၃)       အမှန်တကယ် ဝယ်တာမျိုး မဟုတ်ဘဲ ဒီအတိုင်း ဘယ်မှာဘယ်လို
အရောင်းရှိတယ် ဆိုတာကို သိချင်ရုံလောက်နဲ့ အကျိုးဆောင်များ၏ 
အချိန်ကို လာဖြုန်းတီး တတ်သော သူများ ။ ဒါက တော့်တော့်ကို
 စိတ်အနှောက်ယှက် ပေးတဲ့သူတွေပါ ။ အကြိုက်မတွေ့လို့ မဝယ်သွားတာက 
သူတို့အတွက် ကိစ္စမရှိပေမယ့် အရောင်းရှိတဲ့ အိမ်ခြံမြေအကုန်လိုက် ကြည့်ပြီး 

ကြိုက်တယ်မပြော ၊ မကြိုက်ဘူး မပြောတာက သူတို့အတွက် စိတ်ညစ်စရာ

ကိစ္စတစ်ခုလို ဖြစ်စေပါတယ် ။ ဒါပေမယ့် အကျိုးဆောင် တော်တော်များများ ကတော့ 
ဒေတာ လာနိုက် သူနှင့် တကယ်လာ ဝယ်သူတို့ကို ခွဲခြားနိုင်ကြပါတယ်။

(၄)      အရောင်း အပ်ထားပြီး ပြသရခက်နေတဲ့ အိမ်ခြံမြေတွေ ၊  တစ်ချို့ အိမ်ရှင်တွေက 
လုံခြုံမှု့မရှိမှာ အလွန်ကြောက် ကြပါတယ် ၊ ဒါကြောင့် ဝယ်သူကိုပြတဲ့ခါ အိမ်ခြံမြေခြံဝိုင်း 
အတွင်းသေချာ ဝင်ရောက် မကြည့်ရတဲ့ အတွက်ကြောင့် ဝယ်သူစိတ် ကျေနပ်မှု့ မရရှိနိုင်ပါဘူး ။
ဒီအတွက်ကြောင့် အကျိုးဆောင်များကပြသရာမှာအခက်အခဲဖြစ်ကြရပါတယ်။

(၅)     ဝယ်ယူသူက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မရှိတဲ့အခါ နှင့် လက်တွေ့ မကျတဲ့ 
မျှော်လင့်ချက်တွေ ရှိနေတဲ့ အခါမျိုးမှာလည်း အကျိုးဆောင်များကို စိတ်ညစ်စေပါတယ် ။
ဥပမာ-  မိမိဘတ်ဂျက်က သိန်း ရာကျော်ကို လိုချင်တဲ့ အိမ်‌နေချင်တဲ့ အိမ်က
 ဇိမ်ခံ ထောင်ကျော်တန်အိမ် တွေစသဖြင့်ပေါ့ ။
 

 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate