တိုက်ခန်း ဝယ်ပြီး ငွေအကြေး ချေပြီးသည့် တိုင်အောင် အိမ်ငှား က မဖယ်ပေးရင် ဘယ်လိုလုပ် ရမလဲ?
အိမ်ငှား တင်ထားတဲ့ လူနေ တိုက်ခန်း တစ်ခုကို ဝယ်ဖို့ စရံပေးပါတယ် ။ ငွေအကြေ ချေပြီးရင် အိမ်ငှားတွေကို ဖယ်ပေးဖို့ ပိုင်ရှင်ကလည်း သဘောတူ ပြီးသားပါ ။ ဒါပေမဲ့ ငွေအကြေး ချေပြီးတဲ့ နောက်မှာ အိမ်ငှားက အကြောင်း အမျိုးမျိုးပြပြီး နေ့ရွှေ့ညရွှေ့ လုပ်နေပါတယ် ။ တစ်လ ကျော်နေပါပြီ ။ အခန်း ပြန်ရအောင် ပိုင်ရှင်က လုပ်ပေး ရမှာလား ၊ မိမိက လုပ်ရမှာလား ၊ ဘယ်လိုဆက် လုပ်ရမလဲဆိုတာကို ရှင်းပြပေး စေချင်ပါတယ် ။
=======================
ဒီမေးခွန်းမှာ ကျွန်မတို့ ဘာကို သွားတွေ့ ရလဲဆိုတော့ စရံပေးတယ်.. စရံပေးစဉ် ကာလကတည်းက ငွေအကျေ ချေပြီးရင် အိမ်ငှားကို ဖယ်ပေးပါ မယ်လို့ မူလရောင်းသူက ကတိပြု ထားတာရှိတယ် ။ ဒီလို ကတိပြုထား ကတည်းကိုက ဒီအိမ်ငှားကို ဖယ်ပေးပါလို့ ပြောကြားပြီး ဖြစ်လိမ့်မယ် ။ ဒီလို အကြောင်းကြား ပြီးပြီ ဆို ကတည်းကိုက ဒီအိမ်ငှားသည် ဖယ်ပေးရမယ် ။ ဘာဖြစ် လို့လဲဆိုတော့ နောက် owner ကို ရောင်းပြီးပြီး ဆိုတော့ ဖယ်ပေးပါ ပြောတယ် ။ ဒါပေမဲ့ အိမ်ငှားကလဲ ငွေအကျေ ချေပြီးတဲ့နောက်ပိုင်း မှာလဲ ဖယ်ပေးခြင်း မရှိဘူး ။ အဲ့တော့ ကျွန်မတို့က ဒီအရောင်း အဝယ်စာချုပ်ကိုဘဲ ပြန်ကြည့်ရမယ်။
အရောင်း အဝယ် စာချုပ်ကို ပြန်ကြည့်တဲ့ အခါမှာ ဒီလက် ရောက်လွှဲပြောင်း ပေးအပ်တဲ့ နေရာမှာ ငွေအကျေ ချေပြီးတဲ့ အခါမှာ ဒီအခန်းကို အိမ်ငှားပါ ပါဝင်ပြီး လက် ရောက်လွှဲအပ် တယ်ဆိုတာ ပေါ်ပေါက် တာကို ကျွန်မတို့တွေ့ ရှိရပါတယ် ။ ဒါကြောင့် မို့လို့ တိုက်ခန်းကော ၊ အိမ်ငှားကော လက်ရောက် လွှဲအပ်ပြီး ခြင်းဖြစ်တယ် ။ တိုက်ခန်း ပိုင်ရှင်ကလဲ နှင်လို့ မရသည့် အတွက် ဒီကိစ္စမှာ အားလုံးကို မူလဝယ်သူက ရရှိသွားပါပြီ ။ ရရှိသွားတဲ့ အတွက်ကြောင့်မို့ တိုက်ခန်းကို ဖယ်ပေးဖို့ အတွက်ကို ပစ္စည်းလွှဲ ပြောင်းရေးအက် ဥပဒေပုဒ်မ ၁၀၆ နဲ့အညီ အငှားချ ထားခြင်းကို ရပ်စဲကြောင်း နို့တစ်စာ ပေးရပါမယ် ။ နောက်ပြီးတော့ ဒီဝယ်သူကလဲ သူအမှန်တစ်ကယ် နေဖို့ ဝယ်ပြီးတဲ့ အတွက်ကြောင့် နေစရာ မရှိလို့ နေဖို့ အတွက်ကို ဒီတိုက်ခန်းကို ပြန်လည် လက်ရောက် ရယူရ ပါမယ်လို့ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီး ကြပ်ရေးအက် ဥပဒေပုဒ်မ ၁၂ ( စ ) နဲ့ အညီ အိမ်ငှား နှင်လိုမှု စွဲပြီး အခန်းကို ယူလို့ရပါတယ်လို့ ဖြေကြား လိုက်ပါတယ်ရှင် ။
#DVBlawlab #DVBtvnews # နို့်တစ် # မြို့ပြဆိုင် ရာငှားရမ်းခ
( Zawgyi )
အိမ်ငှား တင်ထားတဲ့ လူနေ တိုက်ခန်းတစ်ခုကို ၀ယ်ဖို့ စရံပေး ပါတယ် ။ ငွေအကြေ ချေပြီးရင် အိမ်ငှားတွေကို ဖယ်ပေးဖို့ ပိုင်ရှင်ကလည်း သဘောတူ ပြီးသားပါ ။ဒါပေမဲ့ ငွေအကြေချေ ပြီးတဲ့နောက်မှာ အိမ်ငှားက အကြောင်း အမျိုးမျိုး ပြပြီး နေ့ရွှေ့ ညရွှေ့လုပ်နေ ပါတယ် ။ တစ်လ ကျော်နေပါပြီ ။ အခန်း ပြန်ရအောင် ပိုင်ရှင်က လုပ်ပေး ရမှာလား ၊ မိမိက လုပ်ရမှာလား ၊ ဘယ်လိုဆက်လုပ် ရမလဲ ဆိုတာကို ရှင်းပြပေး စေချင်ပါတယ် ။
=======================
ဒီ မေးခွန်းမှာ ကျွန်မတို့ ဘာကို သွားတွေ့ ရလဲဆိုတော့ စရံပေးတယ်.. စရံပေးစဉ် ကာလကတည်းက ငွေအကျေ ချေပြီးရင် အိမ်ငှားကို ဖယ်ပေး ပါမယ်လို့ မူလရောင်းသူက ကတိပြု ထားတာရှိတယ် ။ ဒီလို ကတိပြုထား ကတည်းကိုက ဒီအိမ်ငှားကို ဖယ်ပေးပါလို့ ပြောကြား ပြီးဖြစ်လိမ့်မယ် ။ ဒီလို အကြောင်းကြား ပြီးပြီ ဆို ကတည်းကိုက ဒီအိမ်ငှားသည် ဖယ်ပေးရမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်owner ကိုရောင်းပြီးပြီး ဆိုတော့ ဖယ်ပေးပါပြောတယ်။ ဒါပေမဲ့ အိမ်ငှားကလဲ ငွေအကျေချေပြီးတဲ့နောက်ပိုင်းမှာလဲ ဖယ်ပေးခြင်းမရှိဘူး ။ အဲ့တော့ ကျွန်မတို့က ဒီအရောင်း အဝယ် စာချုပ်ကိုဘဲ ပြန်ကြည့်ရမယ် ။
အရောင်း အဝယ် စာချုပ်ကို ပြန်ကြည့်တဲ့ အခါမှာ ဒီလက်ရောက် လွှဲပြောင်းပေး အပ်တဲ့နေရာမှာ ငွေအကျေ ချေပြီးတဲ့ အခါမှာ ဒီအခန်းကို အိမ်ငှား ပါပါဝင်ပြီး လက် ရောက်လွှဲ အပ်တယ်ဆိုတာ ပေါ်ပေါက်တာကို ကျွန်မတို့ တွေ့ရှိရပါတယ် ။ ဒါကြောင့် မို့လို့ တိုက်ခန်းကော ၊ အိမ်ငှားကော လက်ရောက်လွှဲ အပ်ပြီးခြင်း ဖြစ်တယ် ။ တိုက်ခန်း ပိုင်ရှင်ကလဲ နှင်လို့မရသည့် အတွက် ဒီကိစ္စမှာ အားလုံးကို မူလဝယ်သူက ရရှိသွားပါပြီ ။ ရရှိသွားတဲ့ အတွက်ကြောင့်မို့ တိုက်ခန်းကို ဖယ်ပေးဖို့ အတွက်ကို ပစ္စည်းလွှဲ ပြောင်းရေးအက် ဥပဒေပုဒ်မ ၁၀၆ နဲ့အညီ အငှားချထား ခြင်းကို ရပ်စဲကြောင်း နို့တစ်စာ ပေးရပါမယ် ။ နောက်ပြီးတော့ ဒီဝယ်သူကလဲ သူအမှန်တစ်ကယ်နေဖို့ ဝယ်ပြီးတဲ့ အတွက်ကြောင့် နေစရာမရှိလို့ နေဖို့အ တွက်ကို ဒီတိုက်ခန်းကို ပြန်လည် လက်ရောက်ရ ယူရပါမယ်လို့ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီး ကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂ ( စ ) နဲ့အညီ အိမ်ငှားနှင် လိုမှု စွဲပြီး အခန်းကို ယူလို့ရပါတယ်လို့ ဖြေကြား လိုက်ပါ တယ်ရှင် ။
# DVBlawlab # DVBtvnews # နို့တစ် # မြို့ပြဆိုင်ရာငှားရမ်းခ
# Crd to owner
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...
နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...