နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်
ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို
တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင်
ကုမ္ပဏီအား ငှားရမ်းခြင်း မပြုရဟု ပြဌာန်း ထားပါသည် ။
ထို့အတွက်ကြောင့် နိုင်ငံခြားကို မရွှေ့မပြောင်း နိုင်သော ပစ္စည်းဖြစ်သည့် တိုက်ခန်း ၊
မြေ စသည်တို့ကို ငှားရမ်းမည် ဆိုလျှင် တစ်ကြိမ်လျှင် တစ်နှစ် စာချုပ်ဖြင့်သာ
ငှားရမ်းခွင့် ရှိမည် ဖြစ်သည်။
အကယ်၍ မလိုက်နာဘဲ နှစ်ရှည် ငှားရမ်းခဲ့ပါက ၁၉၈၇ခုနှစ် ၊ မရွှေ့မပြောင်း
နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၁၂အရ
အောက်ပါ အတိုင်း အရေးယူခြင်း ခံရမည်ဖြစ်သည်။
ပုဒ်မ- ၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း
ပြစ်မှုထင်ခြား စီရင်ခြင်း ခံရလျှင် အငှားချထားသည့် ကာလအတွက်
သဘောတူထားသည့် ငှားရမ်းခ၏ သုံးဆထက်အနည်းသော ငွေဒဏ်ချမှတ်ခံ
ရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် မရွှေ့မပြောင်း
နိုင်သောပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည် ဟု
ပြဌာန်းထားပါသည်။
နိုင်ငံခြားသားကို မရွှေ့မပြောင်း နိုင်သော ပစ္စည်း ငှားရမ်းမည် ဆိုလျှင်
ရှေးဦးစွာ နိုင်ငံခြားသား၏ ပါစ်ပို့စ် ( Passport ) ကို စစ်ဆေးရန် လိုအပ်မည် ဖြစ်သည် ။
Social Visa ဟုခေါ်သည့် မိမိတို့နိုင်ငံသူ / နိုင်ငံသားနှင့် အိမ်ထောင်ကျပြီး
လာရောက် နေထိုင်ခြင်းလား၊ Business Visa ဟုခေါ်သည့် အလုပ်လုပ် ကိုင်ရန်
ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား ၊ Visit Visa ဟုခေါ်သည့်
အလည် အပတ်ခွင့် ပြုချက်ဖြင့် လာရောက်ခြင်းလား စစ်ဆေးရန် လိုအပ်မည် ဖြစ်သည် ။
Visit Visa ဖြင့် လာရောက်သည့် နိုင်ငံခြားသားအား မရွှေ့မပြောင်းနိုင်သော
ပစ္စည်း ငှားရမ်း ခွင့်မရှိပါ ။ အကယ်၍ ငှားရမ်းခဲ့ပါက အိမ်ရှင်သည်
ဥပဒေအရ အရေးယူခံ ရမည် ဖြစ်သည် ။
ထိိုသို့ ငှားရမ်းပြီးသည့် အခါတွင်လည်း ငှားရမ်းသူ နိုင်ငံခြားသားသည်
လူဝန်မှုကြီး ကြပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာနတို့ကို သတင်းပို့ အကြောင်းကြားရမည် ဖြစ်သည် ။
အထက်ပါ ဥပဒေ ပြဌာန်းချက်များ နှင့်အညီ ဗီဇာ ( Visa ) စစ်ဆေးပြီး
သတ်မှတ်ချက် အတိုင်းငှားရမ်းခြင်း ၊ ငှားရမ်းကာလကို တစ်နှစ်ထက်
မပိုဘဲငှားရမ်း ခြင်းဖြင့် နိုင်ငံခြားသားကို ဥပဒေနှင့်အညီ
တရားဝင် ငှားရမ်း နိုင်မည် ဖြစ်ပါသည် ။
Dvb law lab
#Crd to owner
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှား အဖြစ်မှ အခမဲ့ ခွင့်ပြုချက်အရ နေထိုင်သူ အဖြစ်ပြောင်းလဲ သွားခြင်း============================ဦးချစ်တီးနှင့် ဒေါ်အေးရီ ( သေသူ ဦးအုန်းဖေ တရားဝင်ဝင် ကိုယ်စားလှယ် ) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအု...