နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် 

ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို 

တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် 

ကုမ္ပဏီအား ငှားရမ်းခြင်း မပြုရဟု ပြဌာန်း ထားပါသည် ။

ထို့အတွက်ကြောင့် နိုင်ငံခြားကို မရွှေ့မပြောင်း နိုင်သော ပစ္စည်းဖြစ်သည့် တိုက်ခန်း ၊ 

မြေ စသည်တို့ကို ငှားရမ်းမည် ဆိုလျှင် တစ်ကြိမ်လျှင် တစ်နှစ် စာချုပ်ဖြင့်သာ 

ငှားရမ်းခွင့် ရှိမည် ဖြစ်သည်။ 

အကယ်၍ မလိုက်နာဘဲ နှစ်ရှည် ငှားရမ်းခဲ့ပါက ၁၉၈၇ခုနှစ် ၊ မရွှေ့မပြောင်း 

နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၁၂အရ 

အောက်ပါ အတိုင်း အရေးယူခြင်း ခံရမည်ဖြစ်သည်။

 

ပုဒ်မ- ၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း 

ပြစ်မှုထင်ခြား စီရင်ခြင်း ခံရလျှင် အငှားချထားသည့် ကာလအတွက် 

သဘောတူထားသည့် ငှားရမ်းခ၏ သုံးဆထက်အနည်းသော ငွေဒဏ်ချမှတ်ခံ

ရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် မရွှေ့မပြောင်း

နိုင်သောပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည် ဟု

 ပြဌာန်းထားပါသည်။ 

 

နိုင်ငံခြားသားကို မရွှေ့မပြောင်း နိုင်သော ပစ္စည်း ငှားရမ်းမည် ဆိုလျှင် 

ရှေးဦးစွာ နိုင်ငံခြားသား၏  ပါစ်ပို့စ် ( Passport ) ကို စစ်ဆေးရန် လိုအပ်မည် ဖြစ်သည် ။ 

Social Visa ဟုခေါ်သည့် မိမိတို့နိုင်ငံသူ / နိုင်ငံသားနှင့် အိမ်ထောင်ကျပြီး 

လာရောက် နေထိုင်ခြင်းလား၊ Business Visa ဟုခေါ်သည့် အလုပ်လုပ် ကိုင်ရန် 

ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား ၊ Visit Visa ဟုခေါ်သည့် 

အလည် အပတ်ခွင့် ပြုချက်ဖြင့် လာရောက်ခြင်းလား စစ်ဆေးရန် လိုအပ်မည် ဖြစ်သည် ။

 Visit Visa ဖြင့် လာရောက်သည့် နိုင်ငံခြားသားအား မရွှေ့မပြောင်းနိုင်သော 

ပစ္စည်း ငှားရမ်း ခွင့်မရှိပါ ။ အကယ်၍ ငှားရမ်းခဲ့ပါက အိမ်ရှင်သည် 

ဥပဒေအရ အရေးယူခံ ရမည် ဖြစ်သည် ။ 

ထိိုသို့  ငှားရမ်းပြီးသည့် အခါတွင်လည်း ငှားရမ်းသူ နိုင်ငံခြားသားသည် 

လူဝန်မှုကြီး ကြပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး

 ဦးစီးဌာနတို့ကို သတင်းပို့ အကြောင်းကြားရမည် ဖြစ်သည် ။

အထက်ပါ ဥပဒေ ပြဌာန်းချက်များ နှင့်အညီ ဗီဇာ ( Visa ) စစ်ဆေးပြီး 

သတ်မှတ်ချက် အတိုင်းငှားရမ်းခြင်း ၊  ငှားရမ်းကာလကို တစ်နှစ်ထက် 

မပိုဘဲငှားရမ်း ခြင်းဖြင့် နိုင်ငံခြားသားကို ဥပဒေနှင့်အညီ  

တရားဝင် ငှားရမ်း နိုင်မည် ဖြစ်ပါသည် ။

 

Dvb law lab
#Crd to owner

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

အိမ်ငှား အဖြစ်မှ အခမဲ့ ခွင့်ပြုချက်အရ နေထိုင်သူ အဖြစ်ပြောင်းလဲ သွားခြင်း============================ဦးချစ်တီးနှင့် ဒေါ်အေးရီ ( သေသူ ဦးအုန်းဖေ တရားဝင်ဝင် ကိုယ်စားလှယ် ) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအု...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate