တိုက်ခန်း၊ မြေကွက်၀ယ်လျှင်လက်ရောက်ရဖိုတော့လိုပါသည်

တိုက်ခန်း၊ မြေကွက်၀ယ်လျှင်လက်ရောက်ရဖိုတော့လိုပါသည်

+++တိုက်ခန်း၊ မြေကွက်၀ယ်လျှင်လက်ရောက်ရဖိုတော့လိုပါသည်+++

လွန်ခဲ့သော (၁၅) နှစ်ခန့်က ကျွန်မ မိတ်ဆွေတစ်ယောက် Shopping Mall 
ဖွင့်လှစ်ရန် မြေအကွက်အကွင်းကောင်းကောင်းလိုက်ရှားရင်း စျေးနှုန်းချိုသာသော
 မြေကွက်တစ်ကွက်ကို တွေ့ခဲ့ရပါသည်။ စျေးနှုန်းကလည်း ချိုသာ၊ မြေနေရာက
လည်းကောင်းဆိုတော့ စျေးညှိပြီး ဝယ်ခဲ့ပါတယ်။ ထုံးစံအတိုင်း 
မြေအရောင်းအဝယ်စာချုပ်ကို ရန်ကုန်မြို့စာချုပ်စာတမ်းရုံးမှာ ရောင်းသူ၊ 
ဝယ်သူ နှင့် အသိသက်သေများ လက်မှတ်ရေးထိုးချုပ်ဆိုပြီး ဝယ်ခဲ့ပါတယ်။
 ဝယ်သူက မဝယ်ခင်မှာလည်း ဝယ်သူတစ်ယောက်အနေနှင့် အရောင်းအဝယ်ကို
 မှန်မှန်ကန်ကန် တိတိကျကျဖြစ်အောင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ 
ရောင်းသူအမှန်အကန် အမည်ပေါက်ရဲ့လာ၊ ပိုင်ဆိုင်မှုစာရွက်စာတမ်းများ
 မှန်ကန်ရဲ့လား စုံစမ်းပါတယ်။
 အရောင်းအဝယ်လုပ်ဖို့ စရန်ငွေစတင်ပေးစဉ်ကလည်း သတင်းစာထဲမှာ 
ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်သွင်းခဲ့ပါသေးတယ်။ 
အားလုံးရှင်းလင်းပြီဆိုမှ မြေအရောင်းအဝယ်စာချုပ်ကို ရန်ကုန်မြို့
စာချုပ်စာတမ်းရုံးမှာ ရောင်းသူ၊ ဝယ်သူ နှင့် အသိသက်သေများ 
လက်မှတ်ရေးထိုး ချုပ်ဆိုပြီး ဝယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း နေရာကောင်း၊ စျေးနှုန်းချိုသာ၊ ပိုင်ရှင်မှန်ကန်ပါလျှက် 
ဒီမြေကွက်ကို ဝယ်သူ ကျွန်မ မိတ်ဆွေ လက်ရောက်မရရှိခဲ့ပါဘူး။ 
ဘာဖြစ်လို့လဲဆိုတော့ အဲဒီမြေကွက်ထဲမှာ ရောင်းသူပိုင်ရှင်လက်ထက်

မတိုင်ခင်ကတည်းက ကျုးကျော်ဝင်ရောက်နေထိုင်သူများ ရှိနေလို့ပါပဲ။ 
ဒါကြောင့် ကျွန်မမိတ်ဆွေခင်မျာ အခွန်အခများစွာ ထမ်းဆောင်ပြီး တရားဝင်စာချုပ် 
ချုပ်ဆိုဝယ်ယူထားသောမြေကွက်ပေါ်မှာ မူလကတည်းက 
ကျုးကျော်ဝင်ရောက်နေထိုင်သူများကို ဖယ်ရှားဖို့ကြိုးစားရပြန်ပါတော့တယ်။
ကဲ ဒီလိုဆို ဒီကျုးကျော်သူများကို ဘယ်လိုတရားစွဲမလဲ၊ ဘယ်တရားရုံးမှာ စွဲမှာလဲ၊ 
မြေကွက်ပေါ်က ကျုးကျော်သူများကို ဖယ်ရှားနိုင်ပါ့မလား အစရှိသည်တို့ကို
 သက်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူတို့ထံ ပြေးတိုင်ပင်ရပြန်တာပေါ့ရှင်။
 ဒီနေရာမှာ ကျုးကျော်ဆိုတာလေးကို ထပ်ရှင်းပြပါရစေ။ 
ကျုးကျော်မှာ သာမန်လက်ရှိနဲ့ ဆန့်ကျင်လက်ရှိဆိုပြီး (၂) မျိုးရှိပါတယ်။ 
သာမန်လက်ရှိဆိုတာ ပိုင်ရှင်ဘယ်သူဘယ်ဝါမှန်းမသိဘဲ မြေကွက်လွတ်နေလို့ 
ဝင်ရောက်နေထိုင်သူကိုခေါ်တာပါ။
ဥပဒေအရဆိုလျှင် "သာမန်လက်ရှိ " ဆိုသော ကျုးကျော်သူများကို ရုံးတော်မှာ
 တရားစွဲပြီး နှင်ထုတ်ဖို့အတွက် "ကာလစည်းကမ်းသတ်" ဆိုတဲ့ အချိန်ကာလ
 မရှိပါဘူး။ ကြိုက်တဲ့အချိန်မှာ တရားစွဲဆိုနိုင်ပါတယ်။ 
"ဆန့်ကျင်လက်ရှိဆိုလျှင်တော့" ပိုင်ရှင်တွေအတွက် တကယ့်အခက်အခဲပါဘဲ။ 
"ဆန့်ကျင်လက်ရှိ" ဆိုတဲ့သဘောကတော့ ပိုင်ရှင်ဘယ်သူဘယ်ဝါဆိုတာကို
သိပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ ပိုင်ရှင်ကိုဆန့်ကျင်ပြီး ကျုးကျော်ဝင်ရောက်
နေထိုင်ခြင်းကို ပြောခြင်းဖြစ်ပါတယ်။ ဒီလို "ဆန့်ကျင်လက်ရှိ" များကို 
နှင်ထုတ်ဖို့ ရုံးတော်မှာ တရားစွဲဆိုရင်တော့ "ကာလစည်းကမ်းဆိုတဲ့ "အချိန်ကာလ
 ရှိပါတယ်။ စတင်ကျုးကျော်တာကိုသိသည့်အချိန်မျစ၍ (၁၂) နှစ်အတွင်း 
တရားစွဲရပါမယ် လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကျူးကျော်ဝင်ရောက်နေသူများရှိနေတဲ့ မြေကွက်ကို
သိလျှက်နှင့်ဖြစ်စေ၊ မသိရှိလို့ဖြစ်စေ၊ ဝယ်ယူမိပါက ဝယ်ယူသူများအနေနှင့် 
ကျွန်မမိတ်ဆွေတွေ့ကြုံခံစားနေရသော စိတ်သောကများကို ရရှိခံစားရမှာ 
ဖြစ်သည့်အတွက် မိမိဝယ်ယူမည့် မြေကွက်ကို လက်ရောက်ရရှိဖို့မှာ 
ဝယ်ယူသူတစ်ယောက်အတွက် အင်မတန်အရေးကြီးသော ကိစ္စတစ်ခု
 ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Credit: Myanmar Property News

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate