တိုက်ခန်း ဝယ်ပြီး ငွေအကြေး ချေပြီးသည့် တိုင်အောင် အိမ်ငှား က မဖယ်ပေးရင် ဘယ်လိုလုပ် ရမလဲ?

တိုက်ခန်း ဝယ်ပြီး ငွေအကြေး ချေပြီးသည့်  တိုင်အောင် အိမ်ငှား က မဖယ်ပေးရင် ဘယ်လိုလုပ်  ရမလဲ?

      အိမ်ငှား တင်ထားတဲ့ လူနေ တိုက်ခန်း တစ်ခုကို ဝယ်ဖို့ စရံပေးပါတယ် ။ ငွေအကြေ ချေပြီးရင် အိမ်ငှားတွေကို ဖယ်ပေးဖို့ ပိုင်ရှင်ကလည်း သဘောတူ ပြီးသားပါ ။ ဒါပေမဲ့ ငွေအကြေး ချေပြီးတဲ့ နောက်မှာ အိမ်ငှားက အကြောင်း အမျိုးမျိုးပြပြီး နေ့ရွှေ့ညရွှေ့ လုပ်နေပါတယ်  ။ တစ်လ ကျော်နေပါပြီ ။  အခန်း ပြန်ရအောင် ပိုင်ရှင်က လုပ်ပေး ရမှာလား ၊ မိမိက လုပ်ရမှာလား  ၊ ဘယ်လိုဆက် လုပ်ရမလဲဆိုတာကို ရှင်းပြပေး စေချင်ပါတယ်  ။
=======================
      ဒီမေးခွန်းမှာ ကျွန်မတို့ ဘာကို သွားတွေ့ ရလဲဆိုတော့ စရံပေးတယ်.. စရံပေးစဉ် ကာလကတည်းက ငွေအကျေ ချေပြီးရင် အိမ်ငှားကို ဖယ်ပေးပါ မယ်လို့ မူလရောင်းသူက ကတိပြု ထားတာရှိတယ် ။ ဒီလို ကတိပြုထား ကတည်းကိုက ဒီအိမ်ငှားကို ဖယ်ပေးပါလို့ ပြောကြားပြီး ဖြစ်လိမ့်မယ် ။ ဒီလို အကြောင်းကြား ပြီးပြီ ဆို ကတည်းကိုက ဒီအိမ်ငှားသည် ဖယ်ပေးရမယ် ။ ဘာဖြစ်  လို့လဲဆိုတော့ နောက် owner ကို ရောင်းပြီးပြီး ဆိုတော့ ဖယ်ပေးပါ ပြောတယ် ။ ဒါပေမဲ့ အိမ်ငှားကလဲ ငွေအကျေ ချေပြီးတဲ့နောက်ပိုင်း မှာလဲ ဖယ်ပေးခြင်း မရှိဘူး ။ အဲ့တော့ ကျွန်မတို့က ဒီအရောင်း  အဝယ်စာချုပ်ကိုဘဲ ပြန်ကြည့်ရမယ်။ 


       အရောင်း  အဝယ်  စာချုပ်ကို  ပြန်ကြည့်တဲ့  အခါမှာ ဒီလက် ရောက်လွှဲပြောင်း  ပေးအပ်တဲ့ နေရာမှာ ငွေအကျေ  ချေပြီးတဲ့ အခါမှာ ဒီအခန်းကို အိမ်ငှားပါ ပါဝင်ပြီး လက် ရောက်လွှဲအပ်  တယ်ဆိုတာ ပေါ်ပေါက် တာကို ကျွန်မတို့တွေ့  ရှိရပါတယ် ။ ဒါကြောင့် မို့လို့ တိုက်ခန်းကော  ၊ အိမ်ငှားကော လက်ရောက် လွှဲအပ်ပြီး  ခြင်းဖြစ်တယ် ။ တိုက်ခန်း  ပိုင်ရှင်ကလဲ နှင်လို့  မရသည့် အတွက် ဒီကိစ္စမှာ အားလုံးကို မူလဝယ်သူက ရရှိသွားပါပြီ ။ ရရှိသွားတဲ့  အတွက်ကြောင့်မို့ တိုက်ခန်းကို ဖယ်ပေးဖို့  အတွက်ကို ပစ္စည်းလွှဲ  ပြောင်းရေးအက်  ဥပဒေပုဒ်မ ၁၀၆  နဲ့အညီ အငှားချ  ထားခြင်းကို ရပ်စဲကြောင်း နို့တစ်စာ  ပေးရပါမယ်  ။ နောက်ပြီးတော့ ဒီဝယ်သူကလဲ သူအမှန်တစ်ကယ်  နေဖို့ ဝယ်ပြီးတဲ့  အတွက်ကြောင့် နေစရာ  မရှိလို့ နေဖို့  အတွက်ကို ဒီတိုက်ခန်းကို ပြန်လည်  လက်ရောက်  ရယူရ  ပါမယ်လို့ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာ  ငှားရမ်းခ ကြီး ကြပ်ရေးအက်  ဥပဒေပုဒ်မ ၁၂ (  စ  )  နဲ့ အညီ အိမ်ငှား  နှင်လိုမှု စွဲပြီး  အခန်းကို ယူလို့ရပါတယ်လို့ ဖြေကြား  လိုက်ပါတယ်ရှင် ။


#DVBlawlab #DVBtvnews  # နို့်တစ်  # မြို့ပြဆိုင်  ရာငှားရမ်းခ
( Zawgyi )


         အိမ်ငှား  တင်ထားတဲ့ လူနေ တိုက်ခန်းတစ်ခုကို ၀ယ်ဖို့ စရံပေး  ပါတယ် ။ ငွေအကြေ  ချေပြီးရင် အိမ်ငှားတွေကို ဖယ်ပေးဖို့  ပိုင်ရှင်ကလည်း သဘောတူ  ပြီးသားပါ ။ဒါပေမဲ့  ငွေအကြေချေ  ပြီးတဲ့နောက်မှာ အိမ်ငှားက အကြောင်း အမျိုးမျိုး  ပြပြီး နေ့ရွှေ့  ညရွှေ့လုပ်နေ  ပါတယ် ။ တစ်လ  ကျော်နေပါပြီ ။ အခန်း ပြန်ရအောင် ပိုင်ရှင်က လုပ်ပေး ရမှာလား  ၊ မိမိက  လုပ်ရမှာလား ၊ ဘယ်လိုဆက်လုပ်  ရမလဲ  ဆိုတာကို ရှင်းပြပေး  စေချင်ပါတယ် ။


=======================


        ဒီ မေးခွန်းမှာ ကျွန်မတို့ ဘာကို သွားတွေ့ ရလဲဆိုတော့ စရံပေးတယ်.. စရံပေးစဉ်  ကာလကတည်းက ငွေအကျေ ချေပြီးရင် အိမ်ငှားကို ဖယ်ပေး ပါမယ်လို့ မူလရောင်းသူက ကတိပြု ထားတာရှိတယ် ။ ဒီလို ကတိပြုထား ကတည်းကိုက ဒီအိမ်ငှားကို ဖယ်ပေးပါလို့ ပြောကြား  ပြီးဖြစ်လိမ့်မယ် ။ ဒီလို အကြောင်းကြား ပြီးပြီ ဆို ကတည်းကိုက ဒီအိမ်ငှားသည် ဖယ်ပေးရမယ်  ။ ဘာဖြစ်လို့လဲ  ဆိုတော့ နောက်owner ကိုရောင်းပြီးပြီး ဆိုတော့ ဖယ်ပေးပါပြောတယ်။ ဒါပေမဲ့ အိမ်ငှားကလဲ ငွေအကျေချေပြီးတဲ့နောက်ပိုင်းမှာလဲ ဖယ်ပေးခြင်းမရှိဘူး ။  အဲ့တော့ ကျွန်မတို့က ဒီအရောင်း  အဝယ်  စာချုပ်ကိုဘဲ  ပြန်ကြည့်ရမယ် ။


         အရောင်း အဝယ် စာချုပ်ကို ပြန်ကြည့်တဲ့ အခါမှာ ဒီလက်ရောက်  လွှဲပြောင်းပေး  အပ်တဲ့နေရာမှာ ငွေအကျေ  ချေပြီးတဲ့ အခါမှာ ဒီအခန်းကို အိမ်ငှား ပါပါဝင်ပြီး လက် ရောက်လွှဲ  အပ်တယ်ဆိုတာ ပေါ်ပေါက်တာကို ကျွန်မတို့  တွေ့ရှိရပါတယ် ။  ဒါကြောင့် မို့လို့ တိုက်ခန်းကော ၊ အိမ်ငှားကော လက်ရောက်လွှဲ အပ်ပြီးခြင်း ဖြစ်တယ် ။ တိုက်ခန်း ပိုင်ရှင်ကလဲ နှင်လို့မရသည့် အတွက် ဒီကိစ္စမှာ အားလုံးကို မူလဝယ်သူက ရရှိသွားပါပြီ ။ ရရှိသွားတဲ့  အတွက်ကြောင့်မို့ တိုက်ခန်းကို ဖယ်ပေးဖို့  အတွက်ကို ပစ္စည်းလွှဲ  ပြောင်းရေးအက် ဥပဒေပုဒ်မ ၁၀၆ နဲ့အညီ အငှားချထား  ခြင်းကို ရပ်စဲကြောင်း နို့တစ်စာ  ပေးရပါမယ် ။ နောက်ပြီးတော့ ဒီဝယ်သူကလဲ သူအမှန်တစ်ကယ်နေဖို့ ဝယ်ပြီးတဲ့  အတွက်ကြောင့် နေစရာမရှိလို့ နေဖို့အ တွက်ကို ဒီတိုက်ခန်းကို ပြန်လည်  လက်ရောက်ရ  ယူရပါမယ်လို့ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာ  ငှားရမ်းခ ကြီး ကြပ်ရေး  အက်ဥပဒေ  ပုဒ်မ ၁၂ (  စ  )  နဲ့အညီ  အိမ်ငှားနှင် လိုမှု  စွဲပြီး  အခန်းကို ယူလို့ရပါတယ်လို့ ဖြေကြား  လိုက်ပါ  တယ်ရှင် ။

# DVBlawlab # DVBtvnews # နို့တစ်  # မြို့ပြဆိုင်ရာငှားရမ်းခ
# Crd to owner

 

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate