တိုက်ခန်း ဝယ်ရင် မိုးတွင်းကို ဝယ်..

တိုက်ခန်း ဝယ်ရင် မိုးတွင်းကို ဝယ်..

    တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..

မိုးတွင်းဆိုရင် နံရံ ရေစိမ့်တာ သိ နိုင် တယ်..
အ ပေါ်  ဆုံးထပ် ကို ဝယ်ရင် မျက်နှာကျက် ကနေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိသာပေမယ့် နွေဆို မသိနိုင်ဘူး ၊
ဘေးလှေခါး လား ၊ အလယ် လှေခါးနဲ့  နှစ်ခန်း တွဲရင် ခွဲလားကြည့် ရမယ်..


      နှစ်ခန်းတွဲ ရင်ခွဲတိုက်တွေရဲ့  အပေါ်ဆုံးအလွှာ မှာ အလယ်မြင်းမို ကို အုတ်စီ ထားသလား..
ဒါမှမဟုတ် သံဇကာ ကာထားသလား ကြည့်ရမယ်..
နို့မိုဆို တစ်ဘက်ခန်း နဲ့ တစ်ဘက်ခန်း မျက်နှာကျက် ကနေ ကူးနိုင်တာမို့ လုံခြုံမှု မရှိနိုင် ဘူး။
နောက် ဖေးမိလ္လာကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေပိုက် တပ်ဆင်ထားမှု လည်းစစ်ဆေးရမယ်..
အနံထွက်ပိုက် လေပိုက် တပ်ဆင်ထားမှု စနစ်မကျရင် မိလ္လာနံ့တွေ အခန်းထဲ ဝင်လာနိုင်တယ်။
နောက်ဖေး အရေးပေါ်လှေကား ကတော့ အာစီတွေ ချည်းပါပဲ ၊


       ဒါပေမဲ့ လက်ရန်းတွေက စတီးလား  ဟော်လိုလား ကြည့်ရမယ်..
စတီးဆို မဆွေးဘူး ဟော်လိုဆိုရင် သံချေးကိုက်ပြီး ဆွေးမယ်..
နောက်ဖေး အဝတ်လှမ်းတဲ့ အခါ အရေးပေါ် လှေကားက မဖြစ်မနေ ဆင်းရတဲ့အခါ လက်ရန်း ဆွေးနေရင် အန္တရာယ် ရှိတယ်။
မြေညီစက်ခန်းက ရေလှောင်ကန် ရေ လုံ မလုံ လည်း စုံစမ်းရမယ် ရေ မလုံ လို့တော့လုံးဝ မဝယ်နဲ့ ၊ တစ်ချို့  စေတနာပါတဲ့ ကန်ထရိုက် တွေက မြေအောက် ရေလှောင်ကန်ကို ကြွေပြားပါ ကပ်ပေးတာ ၊ ရေကန်ဆိုတာ ပုံမှန် ရေလှယ် ဆေးကြောရတော့ ကြွေပြားကပ်တာ ကောင်းပါ တယ်။


        နောက် ရေလှောင်ကန် အဖုံး အနားကွပ်က ၆ လက်မလောက် မြင့်ထားရတယ် ၊ ရေမော်တာ ရေစုပ်ပိုက်က ရေထွက်ပေါက်ကို ၂ လက်မ ပိုက်၆ လက်မလောက် စွပ်ပြီးမဆလာနဲ့ ပိတ်ထားရတယ် ၊ ရေကန် ရေပြည့်လို့ ရေလျှံရင် ရေကန် အဖုံးစလပ်က မကောင်းတဲ့ရေတွေ ကန်ထဲ မကျတော့ဘူး ၊ အပြင်ဘက်ကိုလည်း ရေဆင်းကောင်းအောင် လျှောစောက် လုပ် မလုပ် ကြည့်ရတယ်။


         လူနေပြီးသား တိုက်ကို ဝယ်တဲ့အခါ တိုက်ဆောက်လုပ်တဲ့ ရာဇဝင်ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့တော့ ရပါတယ်။
ဘေး ဝဲယာ ၊ ရှေ့နောက် စောင်းမ စောင်းမျက်မြင်နဲ့ ခန့်မှန်းပေါ့  ၊ နောက် မြေညီတိုင် ( Column ) အရွယ်အစား ကိုကြည့် ၊ တစ်ချို့ ၅ ထပ် ၆ ထပ်တိုက်တွေ မြေညီတိုင်ကစ 9"×12 "အရွယ်တွေ လုပ်ထားတာ ၊ နံရံတွေ အက်ကွဲမှု ရှိ မရှိ လည်း မျက်မြင်နဲ့ လေ့လာလို့ ရပါ တယ် ။ ၆ ထပ်တိုက်တစ်လုံး တွေ့ ဖူးတယ် အုတ်စီပြီး ရှေ့ကို ငိုက်သွားလို့ အပေါ်ဆုံး ပါရာပတ်ကနေ ကြိုးဆွဲပြီး ပလာစတာ လုပ်လိုက် တာ တစ်တိုက်လုံး စကွဲယားကျ ဖြစ်သွားတယ် အတွင်း ကော်လာတွေပါ လိုက်ချောပြစ် ရတာပေါ့ ၊ နောက်တိုက်တစ်လုံး ကျတော့ အ ရှေ့နောက်  Level တိုက်တာ ၉"လောက် ကွာနေလို့  ညီအောင် ပြန်ခင်းတာ တွေ့တယ် အဲဒီတော့ တိုက်က ဝန်ပိုတွေ များလာတာပေါ့ ။


         ကွန်ဒို မဟုတ်ပဲ ရိုးရိုးဖေါင်ဒေးရှင်းတိုက်တွေ ဝယ်ရင် သေချာနားလည်တဲ့သူ နဲ့ဝယ်မှ ၊ မင်္ဂလာတောင်ညွန့်ထဲမှာ တိုက်တစ်လုံး မြေထဲကျွံဝင်သွားတာ မြေညီတစ်ထပ်လုံး မြေထဲ ရောက်သွားတယ် ။ အခု ကန်ထရိုက်တိုက်တွေ ဆောက်နေတာ အင်ဂျင်နီယာ မပါဘူး ၊ အင်ဂျင်နီယာ ဆိုတာ လက်မှတ်ထိုးရုံပဲ ၊ ပန်းရံလက်သမားတွေကပဲ ဦးစီးနေတာ ၊ သံချောင်းရယ် ကျောက်ရယ် သဲရယ် ဘိလပ်မြေ ရယ် တွေ့ရင် အာစီ ဖြစ်တာပဲ ဆိုတဲ့ အသိစွဲ နေကြတာ ။


        ၆ လွှာ အပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက် ပေးဝယ်ရတာ ၊ သိန်း၂၀၀ ဆိုတာ ပလုံသွားရင် ပြန်ရှာလို့ မလွယ်တဲ့ ခေတ်ကြီးမှာ တိုက်ခန်းဝယ်မယ်ဆို သေသေချာချာ စဉ်းစားပေါ့။
ပြီးစလွယ် ဆောက်တဲ့ ကန်ထရိုက် တွေ အနေနဲ့ မကျေနပ်လည်း မတတ်နိုင်ဘူး ၊ အမြတ်ကို အဓိက မထားပဲ လူပေါင်းများစွာရဲ့ဘဝ ၊ အသက်တွေ ၊ ချွေးနည်းစာတွေကို မသမာတဲ့နည်းနဲ့ မဖျက်စီးပါနဲ့ မရယူပါနဲ့ ၊ ဆရာဝန် မှားရင် အသက်တစ်ချောင်းပဲ ဆုံးရှုံးမယ် ကန် ထရိုက် ပြီးစလွယ် လုပ်ရင် အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ဆုံးရှုံးမယ်။


        အင်ဂျင်နီယာ အစား ကန်ထရိုက်လို့ ဘာဖြစ်လို့ ပြောရတာလည်းဆိုတော့ အင်ဂျင်နီယာ တာဝန်ယူရတဲ့ တိုက်က ကွန်ဒိုက လွဲရင် မရှိသလောက်ပဲ မို့ လို့ပါ။

Credit - ဥပဒေရေးရာ
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate