လုပ်စား ရှာစား ရခက်လာတော့ လိမ်နည်း တွေကလည်း ပေါလာတာပေါ့ ။

လုပ်စား ရှာစား ရခက်လာတော့ လိမ်နည်း တွေကလည်း ပေါလာတာပေါ့။
အင်တာနက် ပေါ်မှာ postလေး တစ်ခုတွေ့ လိုက်တယ်
အမကြီး တစ်ယောက်က သိန်း ( ၅၀၀ ) တန် အိမ်ခြံဝိုင်းလေး ရောင်းတာကို
ဝယ်သူ ဆိုသူက စျေးတောင် မဆစ်လဲ တန်လိုက်တာ ဆိုပြီး သိန်း ( ၁၀၀ ) စရံချ သွားပါတယ် ။
စာချုပ်စာတမ်းနဲ့ စရံချ လိုက်တာပါ ။
စာချုပ်မှာက ရောင်းသူက မရောင်းဖြစ် တော့ပါက သိန်း ( ၃၀၀ ) ပြန်လျော်ပြီး ဝယ်သူက မဝယ်ဖြစ်ရင် စရံကအရှုံး ဆိုတာလေးပါ ။
စာချုပ်တော်တော် များများ မှာတော့ အရောင်းအဝယ် မဖြစ်ရင် စရံငွေနှစ်ဆ တို့ပါရှိ ပါတယ် ။
တစ်နေ့တော့ နောက်ထပ် ဝယ်လက်တစ်ယောက် ရောက်လာတယ် ဆိုပါတယ် ။ နောက်ဝယ်လက် တစ်ယောက်က " အမရဲ့ အိမ်ခြံကိုသိန်း ( ၁၀၀၀ ) ပေးမယ် သူ့ကို ရောင်းပါတဲ့ စရံငွေ သိန်း ( ၁၀၀ ) ချေခဲ့မယ်ပေါ့ "
အဲဒါနဲ့ ရောင်းမယ် ဆိုတဲ့ အမလည်း လောဘတက်ပြီး ပထမဝယ်သူ ချေခဲ့တဲ့ စရံ ( ၁၀၀ ) နှင့် ဒုတိယဝယ်သူ ချေခဲ့တဲ့ စရံ ( ၁၀၀ ) ပြီးတော့ သူ့မှာရှိတဲ့ ( ၁၀၀ ) ပါထပ် ပေါင်းပြီး ပထမဝယ်သူကို စရံ ( ၃၀၀ ) ပြန်လျော် လိုက်ပါတယ် ။
( ၁၀၀ ) စိုက်ပြီး ( ၃၀၀ ) လျော်လိုက် ရပေမယ့် ( ၉၀၀ ) တောင်ပြန် ရမှာဆိုတော့ သူ့အတွက်က ကိစ္စမရှိပါဘူး ။
ရက်လေး ကြာလာတဲ့ အခါမှာတော့ ဒုတိယ ဝယ်မယ်ဆိုတဲ့ သူက စရံအရှုံးခံပြီး ကျန်ငွေ ( ၉၀၀ ) ကို မချေတော့ဘူး လို့ဆိုလာ ပါတယ် ။ရောင်းတဲ့ အမလည်း ပိုရမလားဆိုပြီး လောဘတက်ကာ စိုက်ထုတ်လိုက်မှ ဆုံးရှုံး ရလေတော့တယ် ။
ဒီအကြောင်းအရာလေးကို ဖတ်မိသွားတော့ စိတ်မကောင်းဖြစ်သလို တရားလည်း ရစရာကောင်းလွန်း လှပါတယ် ။
ဘောင်ထဲ အတွင်းထဲ ကနေ လိမ်သွားတဲ့ လိမ်နည်းတွေ
ဘာပုဒ်မမှ လည်းတပ်လို့မရ ၊ တရားစွဲလို့လည်းမရ
ဘယ်သူ့မှ လည်းယုံလို့မရ ပညာပါတဲ့ လိမ်နည်းတွေ
လူတိုင်း ခက်ခဲတဲ့ အချိန်မှာမှာ ဒီလိုလိမ် တာဟာ တစ်ခါလိမ်ပဲ ရမှာပါ ။ဘောင်ထဲ ကပဲဘယ်လောက် လုပ်လုပ်တစ်ဖက် နစ်နာခြင်းဟာလည်းမကောင်းခြင်း တစ်မျိုးမို့ ကိုယ့်လုပ်ရပ်ဟာ ဘယ်လိုမှ လှပနေမှာ မဟုတ်ပါဘူး ။
အိမ်ခြံမြေ ရောင်းတဲ့ သူများလည်း အခုလိုမျိုး ကြုံလာရင် လောဘ မတက်မိစေဘဲ သတိထားကာ ကျွမ်းကျင်သူ နှင့် တိုင်ပင်ပြီးမှ
အရောင်းအဝယ် ကိစ္စဆောင်ရွက် ကြပါလို့ တိုက်တွန်း လိုပါတယ်
( အင်တာနက် ပေါ်မှတွေ့သည့် လိမ်ခံရသည့် အကြောင်းအရာ အားပြန်လည် ရေးသား ဖော်ပြထား ပါသည် ။)
-----------------------------------------------
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...