အရောင်း အဝယ် သမား တွေရဲ့ လက်စွဲ စကားကတော့ " ယုံကြည်မှု နဲ့ အလုပ် လုပ်တာ " ပြဿနာ ဖြစ်လို့ အမှု ရင်ဆိုင် ရရင် မယုံ ကြည်ရ တဲ့ သူကြောင့် ဖြစ်တာ မဟုတ်ပဲ ယုံကြည်လို့ လုပ်ခဲ့တဲ့ သူတွေပဲ အမှုဖြစ် ကြပါတယ် ။

အရောင်း အဝယ် သမား တွေရဲ့ လက်စွဲ စကားကတော့ “ ယုံကြည် မှုနဲ့ အလုပ် လုပ်တာ ” ပြဿနာ ဖြစ်လို့ အမှု ရင်ဆိုင် ရရင်
မယုံ ကြည်ရတဲ့ သူကြောင့် ဖြစ်တာ မဟုတ်ပဲ ယုံကြည် လို့ လုပ်ခဲ့တဲ့ သူတွေပဲ အမှု ဖြစ်ကြ ပါတယ် ။ နှစ်ဦး သဘောတူ ကတိပြုစာချုပ် လုပ်တဲ့ အခါ သတ်မှတ် ထားတဲ့ ဥပဒေသ တွေ ၊ စည်းကမ်း တွေကို မလိုက်နာ ၊ မထည့်သွင်း ထားရင် ပဋိဥာဉ်ဟာ ပျက်ပြယ် နိုင်တဲ့ ပဋိဥာဉ် ဖြစ်သွား ပါတယ် ။
စာချုပ် ချုပ်တိုင်း မှာ ရှေ့နေ မခေါ် ချင်ဘူး ဆိုရင် တော့ မိမိဘက် က လေ့လာပါ။
ကိုယ့်ဘက် က ဘာမှ မဆုံးရှုံး သေးခင် မှာ ခိုင်မာ ပါစေ ။ အဲဒီ တော့ ရောင်းသမား တွေ အနေနဲ့ စာချုပ် ချုပ် မယ် ဆိုရင် အကြမ်းဖျင်းလေး တော့ ဒီ အချက် လေး တွေ သတိထားရင် ပိုကောင်း ပါလိမ့်မယ် ။
၁ ။ နေ့စွဲ တပ်ပါ ။
၂ ။ ရောင်း သူ ဝယ် သူ နေရာ မှန်စွာနဲ့ အမည် ၊ မှတ်ပုံတင် ၊ လိပ်စာ ဖြည့်စွက်ပါ ။ မှတ်ပုံ တင် ၊ လိပ်စာ ဟာ မှန်ကန် တိကျစွာ ပါမှ နောင် တစ်ချိန် အမှု အခင်း ဖြစ်တဲ့အခါ မျိုးမှာ အချို့အမှု မျိုးဟာ တရားခံ ရဲ့ လိပ်စာကို ရှာဖွေ ပေးရမဲ့ တာဝန်က ကိုယ့် တာဝန် ဖြစ်လာ နိုင်ချေ ရှိလို့ပါ ။
၃ ။ သက်သေ ၂ ယောက် ပါရ ပါမယ် ။ စာချုပ် အောက်ဆုံး မှာ သက်သေ ၂ ယောက် အမည် ၊ လက်မှတ် ၊ နေရပ် လိပ်စာ ပြည့်စုံစွာ ဖြည့် ပေးပါ။
၄ ။ ဖြည့် စွက်ရမဲ့ အချက် တွေများ လို့ စာရွက် ၂ရွက် ၃ရွက် ဖြစ်သွားတဲ့ အခါမျိုးမှာ ရောင်းသူ ဝယ်သူ ၂ ယောက်လုံး ဟာ စာမျက်နှာတိုင်း ရဲ့ အောက်ခြေ မှာ လက်မှတ် ထိုး ရပါမယ် ။ ပြဿနာ ဖြစ်လာ တဲ့အခါ ဒီနောက်က စာရွက်တွေက သူတို့ ဘာသာ ဖြည့်လိုက်တာပါ ကျွန်တော် မသိဘူး ဆိုပြီး ငြင်းလာ လို့ မရအောင် လို့ပါ။
၅ ။ စာချုပ် မှာ ပါဝင် သူတိုင်း လက်မှတ် ထိုးရ ပါမယ် ။ ရောင်းသူ ကို ( က ) ဝယ်သူ ကို ( ခ ) ဆိုရင် ၂ယောက် လုံးရဲ့ လက်မှတ် ထိုးရပါမယ် ။
၆ ။ သဘောတူ ကတိ စာချုပ် အတွက် တံဆိပ် ခေါင်း ခွန်က ၃၀၀ကျပ် ဆောင် ရပါမယ် ။ ၃၀၀တန် တံဆိပ် ခေါင်း ပါတဲ့ စာချုပ်နဲ့ ချုပ်ရ ပါမယ် ။ ၃၀၀အထက် ပိုလို့ ရပါတယ် ။ လျော့လို့ မရဘူး ။ အမှု ဖြစ်ခဲ့ရင် တံဆိပ် ခေါင်းခွန် မပြည့်တဲ့ အတွက် လျှောက်ရ အခွန် အတွက် ဒဏ် ၁၀ဆ ဆောင်ရ အခါ မသင့်ရင် နေပြည်တော် တက်ရ ၊ တဖက်က မကျေနပ်ရင် အထက် တက် ရနဲ့ အလုပ်ရှုပ် တတ်လို့ ခု ကတည်းက ရှင်းအောင် လုပ်ဖို့ လိုပါ တယ် ။
၇ ။ စရံ ပေး တဲ့ငွေ ၊ ရောင်း တဲ့ ငွေပမာဏ ကို စာနဲ့ ရော ဂဏာန်းနဲ့ ရော တိကျ ရှင်းလင်း စွာ ရေးပါ ။
၈ ။ လက်ရောက် အပ်ပါ ၊ လက်ရောက် ယူပါ ။ ရောင်းသူ မအား လို့ သူများကို စာချုပ် ချုပ်ခိုင်း လိုက်တယ် စသဖြင့် လုံးဝ လက် မခံပါနဲ့ ။လက်ရှိ ပိုင်ဆိုင်သူ လက်ဝယ် မှ ၂ဦး သဘော တူညီ တဲ့ ပမာဏ နဲ့ အရောင်း အဝယ် ဖြစ်ပြီး ဝယ်သူက လက်ရောက် ယူတာမျိုး ယူပါ ။ ကျန် အသေးစိတ် အချက်တွေ အများကြီး ရှိသေး ပေမဲ့ လက်တန်း ချုပ် နေကြတဲ့ မိတ်ဆွေ တွေအတွက် ဒီ အချက်လေးတွေ သတိပြု လိုက်ရင်ပဲ တော်တော် အထောက် အကူ ဖြစ်နေ ပါပြီ ။
အားလုံး အဆင် ပြေ ကြပါစေ ။ Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...