ဒီနေ့တော့ မီနီကွန်ဒို တိုက်ခန်း စရန်ပေး စာချုပ် ချုပ်ဆို ပေးဖြစ်ခဲ့ ပါတယ် ။

ဒီနေ့တော့ မီနီကွန်ဒို တိုက်ခန်း စရန်ပေး စာချုပ် ချုပ်ဆို ပေးဖြစ်ခဲ့ ပါတယ် ။ မြေပိုင် မြေပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦမို့ မြေပိုင် မြေအကြောင်းကို ဖော်ပြပေး လိုက်ပါတယ် ။ မြေပိုင်မြေ ဆိုသည်မှာ မြို့တော် နယ်နိမိတ် အတွင်း စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ဝယ်ယူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်း ရှိသည့် မြေကို ဆိုပါသည် ။ S.P ပေးလို့ ရသော မြေများ ထဲမှာလည်း မြေပိုင်မြေ ပါဝင်ပါတယ် ။ S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင် အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည် ဖြစ်ပါသည် ။ G.P / S.P တွင် ပေးသူ ၊ လက်ခံသူ ၊ သက်သေ ( ၂ ) ဦး၏ အမည် ၊ အဖအ မည် ၊ မှတ်ပုံတင်အမှတ် ၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်း ကို သေချာစွာ ဖော်ပြ၍ လက်မှတ် ရေးထိုးရမည်ဖြစ်ပါသည် ။
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...