“အိမ်ရွှေ့ဖိုအတွက် ပစ္စည်းတွေ သေချာစုံအောင်ထည့်ထားသိမ်းထားလိုက်နော် ဒီမှာကြာကြာနေတော့မှာ မဟုတ်ဘူး “
“အိမ်ရွှေ့ဖိုအတွက် ပစ္စည်းတွေ သေချာစုံအောင် ထည့်ထားသိမ်းထားလိုက်နော် ဒီမှာကြာကြာနေတော့မှာ မဟုတ်ဘူး “
ဦးလေးကနေပြီး အန်တီ့အား ပြောနေတဲ့စကားကို ကျွန်မ (၁၄)နှစ်သမီးအရွယ်မှာ ကြားခဲ့ရပါတယ်။
မိဘမရှိ အမေရဲ့ ညီမအရင်းဖြစ်သူ ဆီမှာနေလာရင်း အန်တီတို့ရဲ့ စကားကို နာခံကာ နေလာခဲ့တာ အခုဆိုရင် ကျွန်မအသက်(၂၅)ရှိပါပြီ။
အဲဒီအချိန်တုန်းက ဦးလေးကနေပြီး အန်တီကို နောက်တစ်နေရာ ပြောင်းရွှေ့ရမယ်ပြောတော့ သူတို့နောက်ကို လိုက်ပြီးနေရမယ့် ကျွန်မလည်း အလွန်ဝမ်းနည်းခဲ့ရပါတယ်။
သူငယ်ချင်းတွေ ၊ အိမ်နီးချင်းတွေနဲ့ ခွဲရမယ့်အဖြစ် ဆိုတေ့ာ အဲဒီစကားသံတွေကို စဉ်စားရင်း ပြောင်းရမှာကို ထိတ်လန့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်တီတို့က အိမ်ငှားနဲ့နေလာတဲ့သူဖြစ်ပြီး အိမ်ရှင်က ဆက်မငှားတော့တဲ့အခါ ဆက်နေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
အန်တီရော ဦးလေးရော နောက်ထပ်နေရာအတွက် ငှားနေဖို့ အိမ်ကို ဆက်ရှာကြပါတယ်။
ကျွန်မတို့နေတဲ့နေရာက နယ်မြို့သေးသေးလေးဖြစ်ပြီး အငှားချထားသူတွေက ရှားပါတယ်။
ဒါကြောင့် အန်တီနဲ့ဦးလေးက တခြားမြို့တွေမှာ အိမ်ငှားဖို့အတွက် ရှာခဲ့ကြပါတယ်။
တခြားမြို့တွေမှာလည်း အန်တီတို့ တတ်နိုင်တဲ့ ငွေကြေးနှင့် အိမ်ရဖို့ကလည်း အလွန်ကိုခက်ခဲနေပါတယ်။
နောက်ဆုံးတော့ အိမ်အသစ်ရှာ မတွေ့သေးဘဲ ပြောင်းရဖို့ ဖန်လာတော့ ကျွန်မတို့ဟာ
ဆွေမျိုးအိမ်မှာ (၄)ရက် ဘုန်းကြီးကျောင်းမှာ (၅)ရက်လောက် ခိုလုံခဲ့ရပါတယ်။
ကျွန်မဖြင့် မမေ့နိုင်တဲ့ အမှတ်တရနေ့တွေ အဖြစ်အပျက်တွေပါပဲ။
နောက်တော့ အကျိုးဆောင်တစ်ယောက် ဆီကနေပြီး ပျဉ်ထောင်အိမ် အငှားလေး ငှားဖြစ်သွားခဲ့ကြပါတယ်။
အဲဒီအချိန်တုန်းက အခုခေတ်လိုမျိုး လိုင်းပေါ်မှာရှာရမယ်မှန်း မသိသလို ဘယ်နေရာမှာက အငှားပေါပြီး စီးပွားရေးအခွင့်အလမ်းတွေ သာမယ် ဆိုတာကိုလည်း မသိခဲ့ကြ၊မရှိခဲ့ကြပါဘူး။
အခုခေတ်မှာ ဆိုရင်တော့ အိမ် ခြံ မြေ APP ကနေ ငှားလို၊ ရောင်းလိုတဲ့အိမ်ကို ရှာရင် အလွယ်တကူတွေ့နိုင်ပြီး အချိန်ကုန်လူပင်ပန်း သက်သာလို့နေပါပြီရှင့် ။https://www.yuzanarland.com/my/blog/1306/aeinnghatityawetk-6llawetsakhyaokkhyaokpyi-aeinnghanete6lpyilonawetsaetnepayitteakha-taoakyaosaawinkoakyaosaawinkh-peyame-saotak-pdemhapathla
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...
နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...