မြန်မာနိုင်ငံရှိ ပိုင်ဆိုင်မှုပြ မြေအမျိုးအစားများအကြောင်း

မြန်မာနိုင်ငံရှိ ပိုင်ဆိုင်မှုပြ မြေအမျိုးအစားများအကြောင်း

1. ဂရံမြေ

 

      အရောင်းအဝယ် လုပ်ဖို့ လွယ်ကူတဲ့ အတွက် မြေဝယ်မယ်ဆိုရင်

ဂရံမြေကို ပိုနှစ်သက် ကြပါတယ် ။ ဒါကြောင့် လူတိုင်း နှစ်သက်တဲ့

မြေအမျိုးအစားလို့ လည်းပြောလို ရပါတယ်။

(ဈေးလည်း တော်တော်ကောင်းပါတယ်)

ဂရံမြေ အမျိုးအစား ၄ မျိုးကတော့

၁။ သစ်တော ဂရံ မြေ

၂။ စိုက်ပျိုး ဂရံမြေ

၃။ စက်မှုဇုံ ဂရံ မြေ

၄။ လူနေထိုင်အိမ် ဂရံမြေ

 

2. ပါမစ်မြေ

 

      ဂရံ ပြောင်းလျှောက်မယ်ဆိုရင် လွယ်ကူပြီး

ခိုင်မာမှု ရှိသော မြေ ပါ၊ တစ်ခုတော့ရှိပါတယ်

ပါမစ် မြေ ဝယ်ဆိုရင် အထူးသတိထားဖို့ လိုအပ်ပြီး

- အကောင်းဆုံးရှေ့နေ ငှားရမ်းပြီး စီစစ်ပါ၊

- စရံချပြီး သတင်းစာ ကြေငြာထည့်ပါ။

- ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော

ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို

မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ်တွဲလျက်ပါရှိရပါမယ်။

မှတ်ချက် - အတုပေါ ဆုံးမြေ - ပါမစ်မြေ

 

3. ပြေစာ (စလစ်)

 

       စည်ပင် ဧရိယာ တွေရဲ့ အပြင်  ဘက်မှ မြေ မျိုး အစားတွေ

ဖြစ်ပြီး ပိုင်ဆိုင်မှု ခိုင်မာတာ များပါတယ်။

မြိုမြေ ဧရိယာ အတွင်း ဖြစ်နေတယ်ဆိုရင်တော့ ဂရံ အထိ

လျှောက်နိုင်ပါတယ်။

 

4. လယ်မြေ

 

       အရောင်းဝယ် ပြုလုပ်တဲ့နေရာမှာ

လွယ်ကူပါတယ်။ ( R1 ) ( R2 ) ( R3 )  လယ်များသာ

အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမယ်။

လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း

R4(သိုမဟုတ်) ပုံစံ(5) သို ပြောင်းလျှောက် နိုင်ပါတယ်

တစ်ခု သိထားရမှာက မြန်မာ နိုင်ငံမှာ အများဆုံးက လယ်မြေဖြစ်ပြီး

မြိုနယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းတွေလုပ်ကိုင်တဲ့ အခါမှာ

လယ်မြေကိုသာ အသုံးများဆုံးပါ။

 

5. ဘိုးဘွားပိုင်မြေ

 

       ဘိုးဘွားပိုင်မြေဆိုတာက ကတီပါအသားဖြင့် ပိတ်ပေါ် တွင်

စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်

စာတမ်း အမျိုးစားပါ ။ ခိုင်မာမှုရှိတဲ့နေရာ မှာတော့ ဂရံ မြေ

ထက် အဆ များစွာ သာပါတယ်။ ခေတ် အဆက်ဆက်

အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌

အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

 

6. သစ်တောမြေ 

 

           ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်

( ပြင်ဦးလွင် ကဲသို ပြန်လည် သိမ်းယူ ခံရမည်)

စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး

ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်

ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ

ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး

ခွင့်သာ ရှိပါသည်။

 

7. အစိုးရမြေ (State Land) ဆိုတာ

 

         ‘’အစိုးရကိုယ်တိုင် ဖြစ်စေ ၊ အစိုးရကိုယ်စား ဖြစ်စေ ပြုလုပ် သည့်၊

အသိအမှတ် ပြုထားသည့် သိုမဟုတ် အသိအမှတ်ပြု

ထားဆဲ ဖြစ်သည့်  အခွန်လွတ်ဂရန် ( Revenue Free Gra- nt ) သို့မဟုတ်

အပိုင်ပေးဂရန် ထုတ်ပေးထားခြင်းမရှိသည့် မြေ နှင့် မည် သူကိုမျှ

မချထားရသေးတဲ့ မြေတွေသာမက ယခင်က

မြန်မာ ဘုရင်တွေ ပိုင်ခဲ့တဲ့မြေ ( Royal Land ) တွေ ၊  အမှုထမ်း များအတွက်

အစိုးရက ဆုလက်ဆောင်အဖြစ် ချီးမြှင့်ပေး ကမ်းထားတဲ့မြေတွေ၊

အများပြည်သူ နဲ့ဆိုင်တဲ့ အဆောက်အအုံ ၊ ရုံး ဆောက်လုပ်ရန်

ပေးထားတဲ့မြေတွေ ၊ မြစ်ချောင်းများ အတွင်းကပေါ်လာတဲ့

မြေနုကျွန်းတွေနဲ့ သောင်ထွန်းမြေတွေ ၊ မြေလွတ်မြေရိုင်း တွေနဲ့

သစ်တော ကြိုးဝိုင်းမြေတွေ ၊ စိုက်ပျိုးလုပ် ကိုင်လက်ရှိ ထားခဲ့တဲ့

မြေဖြစ်သော် လည်း မြေရှင်က မြေ ကို စွန့်လွှတ်ထွက်ခွာ

မပတ်သက်တော့ သည်မှာ တစ်ဆက် တည်း

နှစ်နှစ်တိုင်တိုင် ရှိသွားပြီဖြစ်သော မြေတွေဟာ

အစိုးရ မြေမှာ ပါဝင်တယ်’’လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

 

8. ရွာမြေ

 

        ကနဦးအနေနဲ့ ဘယ်လိုရွာမြေလဲ စိစစ်ရပါမယ်။

(၁) အဲ့ဒီရွာမြေသည် မြေပုံပေါ်မှာ စကားဝါရောင်ဆေးနဲ့

အနားသတ်ထားတဲ့ မူလကပင် တည်ရှိနေသည့် ရွာမြေလား၊

(၂) မူလက လယ်ယာမြေဖြစ်ပြီး လန၃၉ သို့မဟုတ်

လယ် ၃၀ ခွင့်ပြုမိန့် ကျထားတဲ့ ရွာမြေလား၊

(၃) တစ်မြို့မှာ တစ်

ရွာကို ကျေးရွာဂရန် ပေးရမည်ဆိုသော

စီမံချက်နဲ့ဂရန် ချထားသည့် ရွာမြေလား၊

(၄) မူလက လယ်ယာ မြေဖြစ်ပြီး ရပ်ရွာတိုးချဲ့အသုံးပြုမှု

ကြောင့် ခုမှ အကွက်ရိုက် ထားသည့် ရွာမြေလား စီစစ်ကြည့်ရပါ့မယ်။

ရွာမြေအမျိုးအစား ကွဲတာနဲ့အမျှ တရားဝင်မှု၊ မဝင်မှု သုံးသပ် ကြည့်နိုင်

ပါတယ်။

        မူလစာရင်းမြေပုံအရ တည်ရှိသည့် ရွာအတွင်းက မြေကွက်

သိုမဟုတ် လန ၃၉ (လယ ၃၀) ကျပြီး ရွာမြေထဲမှ အကွက်ဖြစ်ရင်တော့

အဲ့ဒီမြေတွေက လယ်ယာမြေဆိုတဲ့ စကားရပ်မှာ မပါတော့သည့်အတွက်

ဂရန်လျှောက်ခွင့် ရှိသလို တရားဝင် စာချုပ်ချုပ်

ဆို မှတ်ပုံတင်ပြီး ရောင်းဝယ် လွှဲပြောင်းခွင့်လည်း ရှိပါတယ်။

ခိုင်မာမှုရှိနိုင်တယ်လို့ ပြောရမှာပါ။ ကျေးရွာတွေ ဂရန်ပေးရေး စီမံချက်မှာပါတဲ့ မြေ

ကွက်ဆိုလျှင် ဂရန်ပါရပြီးဖြစ်လို့ အကောင်းဆုံးပါဘဲ။

သို့သော် လန ၃၉ လည်း မရသေး၊ လယ ၃၀ လည်း ခွင့်ပြုချက်မရှိသည့် လယ်ယာမြေ

ကို အကွက်ရိုက် ရောင်းတာဆို ပြဿနာနည်းနည်းရှိပါ့မယ်။

 

9. စကွာတာမြေ

 

      ဆိုတာ မြေငှားစာချုပ် မယူခဲ့၍ သော်လည်းကောင်း၊

မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက်

အသစ်လဲလှယ်ခြင်း မပြု၍သော်လည်းကောင်း

မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်

ဖျောက်ဖျက် ၍သော်လည်းကောင်း မြေအဆင့်အတန်းနှိမ့်ချ

သတ်မှတ် ထားတဲ့မြေကို ဆိုလိုပါတယ်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate