စလစ်မြေ အကြောင်း မေးမြန်းတာ များလာ တာကြောင့် ဖော်ပြ ပေးလိုက် ပါတယ် ။

စလစ်မြေ အကြောင်း မေးမြန်းတာ များလာ တာကြောင့် ဖော်ပြ ပေးလိုက် ပါတယ် ။ ယနေ့ ခေတ်မှာ ဂရန်မြေက စျေးများတာ ရယ် အမည်ပြောင်း ဝယ်ခွန် ဆောင်ရ တာရယ် ကြောင့်အချို့က စလစ် မြေကို ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ် ။စလစ် မြေဆိုတာ တိုးချဲ့ မြို့မြေ , လယ်ယာမြေ အစား အစားထိုး ချပေးတဲ့မြေ နဲ့ မြို့နယ် မြေစာရင်း က စလစ်ထုတ်ပေးပြီး အမည်ပေါက်နေထိုင်ခိုင်းတဲ့ မြေပဲ ဖြစ်ပါတယ်.. မြေပြေစာ ထွက်ပါတယ်။အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။အဲ့ဒီစလစ် စာရွက် နောက်ကျောမှာ မြေကွက် ချထား ပေးတဲ့ဌာန ၊ ဥပမာ - မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ရုံးအမည်တံဆိပ် အဝိုင်းနှင့် တာဝန်ခံ အရာရှိရဲ့ လက်မှတ် ပါရှိပါတယ် ။
( အောက်တွင် ဖော်ပြ ပေးထား ပါတယ် ။)
စလစ်မြေ မဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် မည်သူမည်ဝါ နဲ့ ရောင်းသူနဲ့ မည်သို့ တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့ လိုပါတယ် ။ စလစ် ဟောင်းများ ၊ မိတ္တူ ကူးထား သော စလစ်များ နှင့်စလစ် အမည်ပေါက်သူ မဟုတ်ဘဲ တစ်ဆင့်ခံ ရောင်းချ ခြင်းများ ရှိနေသော ကြောင့် နစ်နာမှု မရှိစေရန် ပိုင်ဆိုင်မှု အထောက်အထား ၊ စာရွက်စာတန်းများကို သေချာစိစစ် ဝယ်ယူ သင့်ပါတယ် ။ စလစ်သည် အတုဟုတ် မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက် ပိုင်ဆိုင်ခြင်း ရှိ မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ် ။
စလစ် မြေကို လွှဲပြောင်း ရောင်းချသည့် အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင် အရောင်း အ၀ယ် စာချုပ်ချုပ်ဆိုခွင့် မရပါ ၊ အရပ်စာချုပ် ( အရောင်း အ၀ယ် ကတိစာချုပ် ) ဖြင့်သာ ချုပ်ဆိုပြီး အရောင်း အ၀ယ် ပြုလုပ် နိုင်ပါတယ် ။ စလစ်မြေကို အမည် တိုက်ရိုက် ပြောင်းလို့ မရပါ ပါမစ်မြေ ၊ ဂရမ်မြေ စသည့်မြေ အမျိုးမျိုးကို အရင် လျှောက်ထား ရပါတယ် ၊ အရောင်း အ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်း ကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲရေးဌာနမှာ အရင်သွားရောက် လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့် ထပ်လျှောက်ထား နိုင်ပါတယ် ။
စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လိူ့ ထုတ်နုတ် ဖော်ပြ အပ်ပါတယ်
Credit (မူရင်းရေးသားသူ အာဘော်အားအနည်းငယ်ဖြည့်စွက်ရေးသားထားပါသည်။)
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...