စလစ်မြေ အကြောင်း မေးမြန်းတာ များလာတာကြောင့် ဖော်ပြပေး လိုက်ပါတယ် ။

စလစ်မြေ အကြောင်း မေးမြန်းတာ များလာတာကြောင့် ဖော်ပြပေး လိုက်ပါတယ် ။

စလစ်မြေ အကြောင်း မေးမြန်းတာ များလာတာကြောင့် 

ဖော်ပြပေး လိုက်ပါတယ် ။ ယနေ့ခေတ်မှာ ဂရန်မြေက 

စျေးများတာရယ် အမည်ပြောင်း ဝယ်ခွန်ဆောင် ရတာရယ်

ကြောင့် အချို့က စလစ်မြေကို ရွေးချယ် ဝယ်ယူကြတာတွေ 

လည်း ရှိကြပါတယ် ။  စလစ်မြေဆိုတာ တိုးချဲ့ မြို့မြေ , 

လယ်ယာမြေ အစားအစားထိုးချ ပေးတဲ့မြေနဲ့  မြို့နယ်

မြေစာရင်း က စလစ်ထုတ်ပေးပြီး အမည်ပေါက် နေထိုင်ခိုင်းတဲ့ 

မြေပဲ ဖြစ်ပါတယ်။ မြေပြေစာ ထွက်ပါတယ် ။ အရွယ်အစား 

ကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့် အရောင်ပါ ။ 
အဲ့ဒီ စလစ်စာရွက် နောက်ကျောမှာ မြေကွက် ချထားပေးတဲ့ 

ဌာန ၊ ဥပမာ - မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန 

ရုံးအမည် တံဆိပ်အဝိုင်း နှင့် တာဝန်ခံ အရာရှိရဲ့ လက်မှတ်ပါရှိ

ပါတယ် ။ ( အောက်တွင် ဖော်ပြပေးထားပါတယ် ။)စလစ်မြေ 

မဝယ်ခင် စလစ်မှာပါတဲ့ အမည်ပေါက် မည်သူ မည်ဝါနဲ့ ရောင်းသူနဲ့ 

မည်သို့တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ် 

အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ် ။


စလစ် ဟောင်းများ ၊ မိတ္တူကူး ထားသော စလစ်များနှင့်စလစ် 

အမည်ပေါက်သူ မဟုတ်ဘဲတစ်ဆင့်ခံ ရောင်းချခြင်းများ ရှိနေ

သောကြောင့် နစ်နာမှု မရှိစေရန် ပိုင်ဆိုင်မှု အထောက်အထား ၊

စာရွက်စာတန်း များကို သေချာစီစစ် ဝယ်ယူ သင့်ပါတယ် ။ 
စလစ်သည် အတုဟုတ်မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ 

စစ်ဖို့လိုသလို ရောင်းသူ လက်ရောက် ပိုင်ဆိုင်ခြင်း ရှိ မရှိ 

သွား စစ်ဆေးဖို့လည်း လိုပါတယ် ။ စလစ်မြေကို လွှဲပြောင်း 

ရောင်းချသည့် အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ 

မှတ်ပုံတင် အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုခွင့် မရပါ ၊ 

အရပ်စာချုပ် ( အရောင်းအ၀ယ် ကတိစာချုပ် ) ဖြင့်သာ 

ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင် ပါတယ် ။ စလစ်မြေကို 

အမည်တိုက်ရိုက် ပြောင်းလို့မရပါ ပါမစ်မြေ ၊ ဂရမ်မြေ စသည့် 

မြေအမျိုးမျိုးကို အရင်လျှောက် ထားရပါတယ် ၊  အရောင်းအ၀ယ် 

စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာ 

မြေစီမံခန့်ခွဲရေး ဌာနမှာ အရင်သွားရောက် လျှောက်ရပါတယ် ။ 

ထို့မှတဆင့် ပါမစ်မြေ ဂရမ်မြေ အဖြစ် အဆင့်ဆင့် ထပ်လျှောက်

ထား နိုင်ပါတယ် ။ စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လို့ 

ထုတ်နုတ် ဖော်ပြအပ်ပါတယ်


Credit ( မူရင်းရေးသားသူ အာဘော်အား အနည်းငယ် ဖြည့်စွက် 

ရေးသား ထားပါသည် ။)

 

Credit - ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate