အရပ်ကတိစာချုပ်နှင့် ဝယ်ယူခြင်း

အိမ် မြေ တွေကို အရပ်စာချုပ်နဲ့ ဝယ်ခြင်း ဟာ အပြည့်အဝ
ဆောင်ရွက်ခြင်း ၊ ဝယ်ယူခြင်း မဟုတ်ဘူး ။ တရားဝင်
ဝယ်ယူခြင်း မမြောက်ဘူး ။ အကြောင်းက -( ၁ )
စာချုပ်ဟာ မှတ်ပုံတင်စာချုပ် မဟုတ်ဘူး။
(၂) တံဆိပ်ခေါင်းခွန် ထမ်းဆောင် မထားဘူး ။
(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်
မထားဘူး ။ ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့ စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့
မရဘူး ။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး ။ ( ၅ )
မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး ။
ဒီလို အရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို -တစ်ပိုင်း တစ်စ
ဆောင်ရွက်ခြင်း ” PART PERFORMANCE လို့ခေါ်တယ် ။
အပြည့်အဝ ဆောင်ရွက်ထားခြင်း မဟုတ်တဲ့အတွက် ပိုင်ဆိုင်
ခွင့်မရနိုင်ဘူး ။ တစ်ပိုင်းတစ်စ အခွင့်အရေးသာ ရနိုင်တယ် ။
မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး ။
အကြောင်းကတော့ တရားဝင် ဝယ်ယူခဲ့ခြင်း မဟုတ်လို့ တရားဝင်
ပိုင်ရေး ဆိုင်ခွင့်မရဘူး ။
ပိုင်ဆိုင်ခွင့်ကို အကြောင်းပြုပြီးတော့ အိမ်မြေအပေါ်
ကျူးကျော်သူကို နှင်ထုတ်လို့ မရဘူး ။
ကိုယ်ကအခြားသူ ကို တရားဝင် ပြန်လည်ရောင်းချ လို့မရဘူး။
ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင် အဆင့် မရနိုင်ဘူး။
ဒါပေမဲ့ ရောင်းသူက ကိုယ့်ကို ဒီမြေပေါ်က နှင်ထုတ်လိုမှု ဆိုလာရင်တော့ -
သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိ စာချုပ်ကို ရုံးတော်ကို တင်ပြပြီး
( ဒိုင်း )အဖြစ် ခုခံကာကွယ် နိုင်တယ် ။ ကိုယ့်ကို နင်ထုတ်လို့မရဘူး။
ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း ၊ ဝယ်ယူခြင်းဟာ ဓားအဖြစ်
ထိုးခုတ်လို့ မရဘူး ။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။
(PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေ
ဆိုရိုးစကား ရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌာန်းချက်ကို တင်ပြလိုက်ပါတယ်။
crd: ဥပဒေရေးရာ
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...