ကျွန်တော်က မိတ်ဆွေ တစ်ဦးထံက ပုံစံ ၇ မရသေးတဲ့ လယ်ယာ မြေကို အရပ်စာချုပ် နဲ့ ဝယ်ထား ပါတယ် ။ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လို လျှောက်ထား ရမလဲ ဆိုတာကို သိပါရစေ ။

- ကျွန်တော်က မိတ်ဆွေ တစ်ဦးထံက ပုံစံ ၇ မရသေးတဲ့ လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထား ပါတယ် ။ ကိုယ့်အမည် နဲ့ ပုံစံ ၇ ရအောင် ဘယ်လို လျှောက်ထား ရမလဲဆိုတာကို သိပါရစေ ။
==========================
ပုံစံ ၇ အမည်ပေါက်ရန်အတွက် မြေ အခြေအနေကို မူတည်ပြီး နည်းလမ်း အမျိုးအစား ကွဲပြား ပါတယ် ။ ပုံစံ ၇ ရပြီး လယ်ယာမြေတွင် ဆောင်ရွက်သည့် နည်းလမ်း နှင့် ပုံစံ ၇ မရသေးသည့် လယ်ယာ မြေတွင် ဆောင်ရွက် သည့်နည်းလမ်း မတူပါဘူး ။ ပုံစံ ၇ ရပြီး လယ်ယာမြေ ဖြစ်ပါက မိမိ ဝယ်ယူထားသည့် လယ်ယာ မြေကို မိမိ အမည်ဖြင့် ပုံစံ ၇ အမည် ပြောင်းရန် လုပ်ငန်းစဉ် ၆ ဆင့် ရှိပါတယ်။
( က ) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ ခြင်း ၊ ပေါင်နှံ ခြင်း ၊ ငှားရမ်း ခြင်း ၊ လဲလှယ်ခြင်း နှင့် ပေးကမ်း ခြင်း ကိစ္စရပ် များအတွက် မြေစာရင်း ပုံစံ ၁၀၅ ရေးကူး ရရှိရေး အတွက် လျှောက်ထား ဆောင် ရွက်ခြင်း ။ ( စာချုပ် ချုပ်ဆို ဆောင်ရွက်မည့် ဧရိယာကို မြေတိုင်း တာစိစစ်ပြီး သက်သေခံံ မြေပုံ ထုတ်ယူနိုင်ရန် အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ၏ ( ၂၀ - ၅ - ၂၀၁၉ ) ရက် စွဲပါ စာအမှတ် ၆၁၂၄ / မပ ( မြေပုံ ) - ထွေ -၂ ( ၁၉ ) ဖြင့် ညွှန်ကြား ချက်များအရ လိုက်နာ ဆောင် ရွက်ရန် ဖြစ်ပါသည် )။
( ခ ) လွှဲပြောင်းသော လယ်ယာ မြေအား ဆီလျော်သော ဒေသန္တရ တန်ဘိုး သတ်မှတ်ပေးရန် လျှောက် ထားခြင်း။
ဗဟိုလယ်စီ၏ ညွှန်ကြားချက် ( ၂ / ၂၀၁၉ ) အရ ကျေးရွာ လယ်စီမှ အဆိုပြု တင်ပြ၍ မြို့နယ် လယ်စီမှ တန်ဘိုး အတည်ပြု သတ်မှတ်ရန် ဖြစ်သည် ။
( ဂ ) မြို့နယ် လယ်စီမှ သတ်မှတ် ပေးလိုက်သော လယ်ယာမြေ တန်ဘိုးအရ ထိုက်သင့် တံဆိပ်ခေါင်းများ ကပ်နှိပ်၍ စာချုပ်ချုပ် ဆိုနိုင်ရန် အခွန်ဦးစီး ဌာနတွင် စာချုပ်ခေါင်း ဝယ်ယူခြင်း ၊ ( တန်ဘိုး၏ ၄ % )
( ဃ ) ထိုက်သင့် တံဆိပ်ခေါင်း ကပ်နှိပ်ပြီး ဖြစ်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ ခြင်း ၊ ပေါင်နှံ ခြင်း ၊ ငှားရမ်း ခြင်း ၊ လဲလှယ် ခြင်း ၊ ပေးကမ်းခြင်း စာချုပ်များကို ရပ်ကျေးလယ်စီအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆို လက်မှတ်ထိုးခြင်း။ (ဗဟိုလယ်စီ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ ခြင်း ၊ ပေါင်နှံ ခြင်း ၊ ငှားရမ်း ခြင်း ၊ လဲလှယ် ခြင်း ၊ ပေးကမ်း ခြင်း များအတွက် စာချုပ်များ ချုပ်ဆိုရန် တင်ပြ ဆောင်ရွက်ရာ တွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ( ညွှန်ကြားချက် အမှတ် ၃ / ၂၀၁၉ ) အရ ဆောင် ရွက်ရန် ဖြစ်သည်။
( င ) ချုပ်ဆို ပြီးသော လယ်ယာ မြေလုပ် ပိုင်ခွင့်ကို ရောင်းချ ခြင်း ၊ လဲလှယ် ခြင်း ၊ ပေးကမ်း ခြင်း ၊ ပေါင်နှံ ခြင်း ၊ ငှားရမ်းခြင်း တို့နှင့် ပတ်သက်သော စာချုပ်များကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံး ( မြို့နယ် လယ်ယာ မြေ စီမံခန့် ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန ) တွင် မှတ်ပုံတင် ခြင်း ၊ ( ယင်း စာချုပ်များ မှတ်ပုံတင် ဆောင်ရွက် ရန်အတွက် နည်းလမ်း များကို လယ် / စီ / အင်း ဦးစီးဌာန မှ ( ၁၇ - ၅ - ၂၀၁၉ ) ရက်စွဲပါ စာအမှတ် ၆၀၂၅ / ၄န - ၃ ( ၂၀၁၉ ) ဖြင့် ထုတ်ပြန်ထားသည့်အပြင် အဆိုပါ စာချုပ်များ မှတ်ပုံတင်ရာတွင် ထမ်းဆောင်ပေး သွင်းရမည့် တံဆိပ် ခေါင်းခွန် နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ အခ ငွေစာရင်း ကိုလည်း ထုတ်ပြန် ညွှန်ကြားပြီး ဖြစ်သည့်အတိုင်း လိုက်နာရန် ဖြစ်သည် ။
( စ ) မှတ်ပုံတင် ပြီးသော စာချုပ်စာ တမ်းများ နှင့် ပူးတွဲ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်အား အမည်ပြောင်း လျှောက် လွှာ တင်သွင်းခြင်း လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်း လဲပေးခြင်း ။ ( ဗဟိုလယ်စီ ၏ ညွှန်ကြား ချက်အမှတ် ၄ / ၂၀၁၉ အရ ဆောင်ရွက်ရန် ဖြစ်ပါသည် ။ )
အထက်ပါ အချက် ( က ) ၊ ( ခ ) ၊ ( ဂ ) ၊ ( ဃ ) နှင့် ( င ) တို့ ပြည့်စုံစွာ ဆောင်ရွက်ပြီး နောက် အချက် ( စ ) ပါ ပုံစံ ၇ အမည် ပြောင်းကိစ္စကို ဆောင်ရွက် ပေးပြီး သည့်အခါ ဝယ်ယူထားသော လယ်ယာမြေ၏ လုပ်ပိုင် ခွင့်ပြု လက် မှတ် မိမိ အမည်ဖြင့် ရရှိမည် ဖြစ်ကြောင်း ဖြေလိုပါတယ် ။- ယခု မေးခွန်းပါ ပုံစံ ၇ မရသေးသည့် တနည်းဆိုသော် မလျှောက် ထားရ သေးသည့် လယ်ယာမြေ ဖြစ်ပါက ဝယ်ယူထား သူသည် ပထမ လယ်ယာမြေ အဖြစ် သတ်မှတ် ထားသည့် မြေနှင့် ကွင်းတိုင်းတာ မြေပုံ ထုတ်ပြီးမြေ ဖြစ်ရပါမယ် ။ ဒုတိယ လက်ရောက် လွှဲပြောင်း ရယူထားပြီး လက်ရှိ လက်ငုတ်အဖြစ် လုပ်ကိုင် နေသူ ဖြစ်ရပါမည် ။ သို့မှသာ ပုဒ်မ ၆ ၊ ( က ) ( ၂ ) ပါ ပြဌာန်းချက်အရ လက်ရှိ လုပ်ကိုင် နေသူအဖြစ် လျှောက်ထားခွင့် ရရှိမည် ဖြစ်ပါတယ် ။ ကာယကံရှင် အနေဖြင့် လယ်ယာမြေ နည်းဥပဒေ အခန်း ( ၂ ) ပါ ပြဌာန်း ချက်များအရ ရပ် ကျေးလယ် စီထံမှ ပုံစံ ( ၁ ) တောင်းခံ ဖြည့်သွင်း၍ ရပ်ကျေးလယ်စီ မှတဆင့် မြို့နယ် ဦးစီးဌာနသို့ လျှောက် ထားနိုင်ပါတယ် ။ မြေပေါ်အမှန် လုပ်ကိုင်နေသူ ဖြစ်ကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူး နှင့် လယ်နီးချင်း သက်သေ ၂ ဦး ၏ ထောက်ခံချက် ပါရှိရပါမယ် ။
ထိုလျှောက် ထားမှုကို ဦးစီးဌာနမှ ကန့်ကွက်လွှာ ခေါ်ယူခြင်း စိစစ်ခြင်းများ ဆောင်ရွက်ပြီးနောက် အမှုတွဲကို သဘောထား မှတ် ချက်နှင့်အတူ မြို့နယ်လယ်စီကို တင်ပြပေး ပါမည် ။ မြို့နယ် လယ်စီမှ ဆက်လက် စိစစ်ပြီး သဘောထား မှတ်ချက် နှင့်အတူ ခရိုင်လယ်စီသို့ တင်ပြပါမည် ။ ခရိုင်လယ်စီမှ အမှုတွဲလက်ခံ ရရှိသည့်အခါ ထပ်မံ စိစစ်၍ လျှောက်ထားမှုကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပါယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ် ဦးစီးဌာနသို့ အကြောင်းကြား ပါမည် ။ ဦးစီးဌာနသည် ခရိုင်လယ်စီမှ ခွင့်ပြု သည့် အကြောင်း ကြားစာ ရရှိပါက လျှောက် ထားသူအား မှတ်ပုံတင် ကြေး ၅၀ဝိ ပေးသွင်းခြင်း ၊ မှတ်ပုံတင် စာရင်း ပုံစံ ၅ တွင် မှတ်တမ်း တင်ခြင်းများ ဆောင်ရွက်ပြီး မြီု့နယ်လယ်စီသို့ တင်ပြ၍ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြု လက်မှတ် ပုံစံ ၇ ထုတ်ပေးမည် ဖြစ်ပါတယ် ။ ယခု မေးမြန်းသူ အနေဖြင့် အထက်ပါအတိုင်း လိုက်နာ လျှောက်ထား ဆောင်ရွက်၍ ပုံစံ ၇ အမည်ပေါက် ရရှိနိုင်ပါတယ်။
#DVBLawlab #DVBtvnews #လယ်ယာမြေ #ပုံစံ၇
#Crd to owner
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...