အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆိုရန် မြေပုံကူး လျှောက်ထားခြင်း

အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားခြင်း
မြေပိုင်မြေ ၊ ဘိုးဘ ပိုင်မြေ ၊ ဂရန်ရှိ မြေပိုင်မြေ ၊ မြေငှားစာချုပ် ( ဂရန် ) မြေ ၊ စကွာတာ မြေ ၊ ဂရန် သက်ကုန်မြေ နှင့် လယ်ယာမြေ နှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃ ( ခ ) သို့မဟုတ် ၃ ( က ) ရရှိပြီး မြေများနှင့် ပတ်သက်၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆိုရန်အတွက် မြေအမည်ပေါက် ကွယ်လွန်၍ ဥပဒေအရ ဆက်ခံခွင့်ရှိသူ သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ရရှိပိုင်ဆိုင်လာသူ ကွယ်လွန်၍ ဥပဒေအရ အမွေ ဆက်ခံခွင့်ရှိသူ သို့မဟုတ် ပြည်ထဲရေး ဝန်ကြီးဌာန ၊ ၁၉၈၇ခုနှစ်
မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပိုင်ဆိုင်သူနှင့် ကိတ္တိမမွေးစား စာချုပ်ဖြင့် ပိုင်ဆိုင်သူတို့မှ လျှောက်ထား နိုင်ပြီး သက်သေခံ မြေပုံ နှင့် မြေရာဇဝင် လျှောက်ထားရယူလိုသူသည် ဤဌာန၏ သတ်မှတ် ပုံစံနှင့်အတူ အောက်ပါအတိုင်း အထောက်အထားများကို တင်ပြလျှောက်ထားရမည် -
( က ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသား မှတ်ပုံတင် ကတ်ပြားမိတ္တူ ၊
( ခ ) မြေငှားစာချုပ် ( ဂရန် ) ၊ စကွာတာ မြေ နှင့် သက်ကုန်မြေ ဖြစ်ပါက မြေငှားခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ ၊
( ဂ ) မြေငှားစာချုပ် ( ဂရန် ) မြေ နှင့် ဂရန် သက်ကုန်မြေ ဖြစ်ပါက မြေငှားစာချုပ် ( ဂရန် ) မိတ္တူ ၊
( ဃ ) ကွယ်လွန်သူ၏ သေစာရင်း ၊ သချိုင်း လက်မှတ် နှင့် သေစာရင်း တင်ပြနိုင်ခြင်း မရှိပါက မြို့နယ် ကျန်းမာရေးဦးစီးဌာန နှင့် ရပ်ကွက် နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တို့မှ သေဆုံးကြောင်း ထောက်ခံချက် မိတ္တူ ၊ အမွေဆက်ခံခွင့် ရှိသူက တရားရုံးတွင် ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ မူရင်း ၊
( င ) အထက် အပိုဒ် ( ဃ ) ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူ လူပုဂ္ဂိုလ် ( ၂ ) ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင် ပြုလုပ်ခဲ့သည့် ထောက်ခံ ကျမ်းကျိန်လွှာ ( ၂ ) စောင် မူရင်း ၊
( စ ) မြေပိုင်မြေ ၊ ဘိုးဘပိုင်မြေ နှင့် ဂရန်ရှိ မြေပိုင်မြေများ ဖြစ်ပါက အမည်ပေါက်စာချုပ် သို့မဟုတ် မှတ်ပုံတင်ထားသော စာချုပ်စာတမ်း နှင့် ပိုင်ဆိုင်မှု နှင့် ပတ်သက်သည့် တရားရုံး မှ ချမှတ်ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ ၊၊
( ဆ ) ၁၉၈၇ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့၏ ဆောင်ရွက်မှု အပေါ် ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်မိတ္တူ ။
အထက်အပိုဒ် ၃၅ လျှောက်ထားမှုများတွင် သက်သေခံ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးရန် အတွက် ဌာနမှ အောက်ပါအတိုင်းစိစစ်ရမည် -
( က ) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ရေးဖြည့်ထားခြင်း ရှိ ၊ မရှိ ၊
( ခ ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ ၊ မရှိ ၊
( ဂ ) မြေငှားစာချုပ် ( ဂရန် ) မြေ ဖြစ်ပါက မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေး ဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်း နှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှိ ၊ မရှိ ၊
( ဃ ) မြေငှားစာချုပ် ( ဂရန် ) မြေ ဖြစ်ပါက မြေငှားစာချုပ် ( ဂရန် ) မိတ္တူကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် မှတ်ပုံတင်စာချုပ် အဆက်အစပ် ရှိပါက ၎င်းစာချုပ်များကို မူရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ ၊ မရှိ ၊
( င ) ကွယ်လွန်သူ၏ သေစာရင်း မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ ၊ မရှိ ၊
( စ ) မြေပိုင်မြေ ၊ ဘိုးဘပိုင်မြေ နှင့် ဂရန်ရှိ မြေပိုင်မြေ ၊ လယ်ယာမြေ နှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃ ( ခ ) သို့မဟုတ် ၃ ( က ) ရရှိပြီး မြေများ ဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ်စာတမ်း မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပိုင်ဆိုင်မှု နှင့် ပတ်သက်သည့် တရားရုံးမှ ချမှတ်ထားသည့် အမိန့်ဒီကရီမိတ္တူတို့ကို မူရင်း နှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှိ ၊ မရှိ ၊
( ဆ ) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့၏ ဆောင်ရွက်မှု အပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့် မိတ္တူအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ ၊ မရှိ ၊
( ဇ ) ဝန်ဆောင်ခ ပေးသွင်းခြင်း ရှိ ၊ မရှိ ၊
( ဈ ) တင်ပြထားသည့် မြေဆိုင်ရာ အထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှု ရှိ ၊ မရှိ စိစစ်ခြင်းနှင့် မြေပုံမြေရာဇဝင် ရေးဆွဲခြင်း ၊
( ည ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ခြင်း -
( ၁ ) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ ၊ မရှိ ၊
( ၂ ) မြေစာရင်းတွင် မြေသိမ်း ရှိ ၊ မရှိ ၊
( ၃ ) မြေစာရင်းတွင် မြေတန်ဖိုးဖြတ် မှတ်ချက် ရှိ ၊ မရှိ ၊
( ၄ ) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ ၊ မရှိ ၊
( ၅ ) မြေစာရင်းတွင် တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ ၊ မရှိ ၊
( ၆ ) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ ၊ မရှိ ၊
( ၇ ) မြေစာရင်းတွင် ဂရန် စည်းကမ်းပျက် မှတ်ချက် ရှိ ၊ မရှိ ၊
( ၈ ) ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကန့်ကွက် ထားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ ၊ မရှိ ၊
( ၉ ) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများနှင့် ဆက်စပ်မှု ရှိ ၊ မရှိ ၊
( ဋ ) ၁၉၈၇ ခုနှစ် မရွေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ ၊ မရှိ ၊
( ဌ ) မြေပြင် ကွင်းဆင်း စစ်ဆေးခြင်း ၊ မြန်မာ့ အလင်း ၊ ကြေးမုံနှင့် မြို့တော် သတင်းစာတို့တွင် သီးခြားသတင်းစာ ကြော်ငြာခြင်း ၊
( ဍ ) သီးခြားသတင်းစာ ကြော်ငြာပြီး ကန့်ကွက်ချက်များ မရှိပါက လျှောက်ထားပါ မြေပုံ နှင့် ပတ်သက်၍ အဆင့်ဆင့် စိစစ်ပြီး ခွင့်ပြု
မိန့်ရယူခြင်း နှင့် မြေပုံ၌ လက်မှတ်ရေးထိုးခြင်း ၊ ထုတ်ပေးခြင်း နှင့် ထုတ်ပေးပြီးကြောင်း မြို့မြေ စာရင်းတွင် မှတ်သားခြင်း ။
* * မှတ်ချက် ။ * *
( ၁ ) မှတ်ပုံတင် စာချုပ်ဖြင့် ပိုင်ဆိုင်သူ ၊ တရားရုံး ဒီကရီရရှိသူ နှင့် ၁၉၈၇ခုနှစ် မရွေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့် သတ်သည့် ဥပဒေဖြင့် ပိုင်ဆိုင်သူများမှ လျှောက်ထားလာပါက မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင် လက်ရောက်ရရှိမှု မရှိ ကြောင်း စစ်ဆေး တွေ့ရှိရပါက လျှောက်ထားမှု တစ်ခုချင်းစီ အလိုက် သီးခြား စိစစ်ဆောင်ရွက်ရန် ။
( ၂ ) မူလ ( ၂ ) ဦး နှင့် အထက် ပူးတွဲအမည်ပေါက်များနှင့် စပ်လျဉ်း၍ အမည်ပေါက်တစ်ဦးမှ တရားရုံး စီရင်ချက် အထောက်အထား
နှင့် မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားခြင်း ကိုသာ အပြန်အလှန် စွန့်လွှတ်စာချုပ် ချုပ်ဆိုရန် မလိုဘဲ တစ်ဖက်သတ်ခွဲစိတ်ခွင့်ပြု နိုင်သည် ။ မြေစာရင်းတွင် တရားရုံးစီရင်ချက်ပါ တောင်းဆိုသည့် သက်သာခွင့် နှင့် ပစ္စည်းစာရင်းကို အပြည့်အစုံ မှတ်သားထားရှိရ မည် ။ ( ကျန်ပူးတွဲ အမည်ပေါက် တစ်ဦးဦးမှ မြေစီမံခန့်ခွဲမှု လျှောက်ထားလာလျှင် ကျန်အစိတ်အပိုင်း အသီးသီးကို လျှောက်ထား သူက ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီးမှ ဆက်လက် ဆောင်ရွက်ပေးရမည်။ )
ကိုးကား
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ( ၂၃ . ၁ . ၂၀၁၇ ) ရက်စွဲပါ ကော်မတီဝင်များ အစည်းအဝေး မှတ်တမ်း
( ၃ / ၂၀၁၇ ) ဆုံးဖြတ်ချက် အပိုဒ် ( ၆ ) ( က / ၄၂ ) အရ ယာယီအတည်ပြုထားသည့် မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
ဆရာကြီး မိုးထက် ( ၂၄ . ၇ . ၂၀၂၀ ) ရက်နေ့
Credit ( ဥပဒေရေးရာ )
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...