မြေပုံမြေရာဇဝင် နဲ့ ပတ်သက်တဲ့ ဆရာ Kyi Soe (I.C) ရဲ့ မှတ်သားစရာ လက်ရာလေးတစ်ခုပါ

မြေပုံမြေရာဇဝင် နဲ့ ပတ်သက်တဲ့ ဆရာ Kyi Soe ( I . C ) ရဲ့ မှတ်သားစရာ လက်ရာလေးတစ်ခုပါ
မြေပုံမြေရာဇဝင် ဆိုသည်မှာ
မရွှေ့ ဖြစ်တဲ့ မြေကို အရောင်းအဝယ် လုပ်ပြီ ဆိုတာနဲ့ မြေပုံမြေရာဇဝင် ဆိုတာ ပါလာပါပြီ ။
မြေတစ်ကွက်ကို ဝယ်မယ်ဆိုရင် “ မြေပုံမြေရာဇဝင် ” ကို အရင်စစ်ဆေးရမယ်လို့ ဥပဒေတွေမှာ ပါပါတယ် ။
“ မြေပုံ စာရွက်ရယ် ” ၊ “ မြေရာဇဝင် စာရွက်ရယ် ” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို့ ခေါ်ကြတာပါ ။
မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာ ပုံစံအမျိုးအမျိုး ရှိပါတယ် ၊ လူသိ အများဆုံးကတော့ အိမ် ခြံ မြေ အရောင်းအဝယ် စာချုပ်
ချုပ်တဲ့ အခါ ပေါ့ ။
စာချုပ်စာတမ်း မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ( ၂၁ ) တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ်
စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆိုလျှင် “ မြေပုံမြေရာဇဝင် ” မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ် ။
မြေပုံမြေရာဇဝင် ဆိုသည်မှာ နှစ်စဉ်အမြဲ ပြောင်းလဲ အတည်ပြု ရေးဆွဲနေရပါသော “ မြို့ပြမြေစာရင်း ” မှ ကောက်နုတ်ချက် မိတ္တူ သာ ဖြစ်ပါ၍ မှန်ကန်မှု ရှိ / မရှိ ဆိုတာကို အိုးအိမ်ဦးစီးဌာန ( သို့ ) မြို့တော်စည်ပင်တို့တွင်သာ တိုက်ဆိုင် စစ်ဆေးနိုင်ပါသည် ။
မြို့နယ်မြေစာရင်းက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ ။ ပုံစံ ၁၀၆ ကမှ မြေရာဇဝင် ၊ အဲဒီ ( ၂ ) ရွက်ပေါင်းကို မြေပုံမြေရာဇဝင်လို့ ခေါ်ပါ တယ် ။ မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံကလေး ပါတာကို မြေပုံ ။ မြေရာဇဝင်ပါတဲ့ စာရွက်ကို မြေရာဇဝင်လို့ ခေါ် ပြီး ( ၂ ) ရွက် ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ် ။
အောက်ပါ ကိစ္စရပ်များ အတွက် သက်သေခံ မြေပုံ - မြေရာဇဝင် ( Certified Map ) လျှောက်ထားနိုင်ပါသည် ။
- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်
- အဆောက်အအုံ အကြီးစား ပြင်ဆင်ခွင့် လျှောက်ထားရန်
- ခြံစည်းရိုး ကာရံခွင့် လျှောက်ထားရန်
- အဝီစိတွင်း တူးခွင့် လျှောက်ထားရန်
- ဘဏ်ငွေချေးခွင့် လျှောက်ထားရန်
- မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်
- ကျူးလွန်ခြင်းပြ မြေပုံ လျှောက်ထားရန်
- အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- စွန့်လွှတ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရန်
- မေတ္တာဖြင့် အပိုင်ပေး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မြေကွက်လဲလှယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမှားပြင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မှတ်တမ်းအဖြစ် ထားရှိရန် ဒီလို အကန့်အသတ်တွေ ရှိတယ်
ရွာမြေ ၊ ဉယျာဉ်ခြံမြေ ၊ စိုက်ပျိုးမြေမှအပ ကျန် မြေအမျိုးအစားများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည် ။ မြေတိုင်းတာပေးသည်။
လိုင်စင်မြေ နှင့် ပါမစ်မြေကို အဆောက်အဦး ဆောက်လုပ်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန် နှင့် အဝီစိတွင်း တူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည် ။
အဆောက်အဦး ဆောက်ရန် ၊ အကြီးစား ပြင်ဆင်ရန် ၊ ခြံစည်းရိုး ကာရန် ၊ အဝီစိတွင်း တူးရန် ၊ ဘဏ်ငွေချေးရန် အတွက် မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည် ။
စွန့်လွှတ်စာချုပ် ချုပ်ဆိုရန် ၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက် ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည် ။
ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံ ရရှိပြီးသူကသာ လျှောက်ထားခွင့် ရှိသည်။
မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ ၊ ဘိုးဘွားပိုင် မြေ ( အိမ်ယာမြေ ) ၊ ဂရန်ရှိမြေပိုင်မြေ နှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည် ။
သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန် အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့် ရှိသည် ။ ဆောင်ရွက်ရပုံခြင်း မတူပါ
အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆိုရန် မြေပုံ နှင့် မြေရာဇဝင်မှ အပ ကျန် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ် ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား ၊ မြေပိုင်မြေ ဖြစ်ပါက မှတ်ပုံတင်စာချုပ် ၊ ဂရန်မြေ ဖြစ်ပါက မြေငှားဂရန် စာချုပ် နှင့် နောက်ဆုံး ထမ်းဆောင်ထားသော မြေခွန်ပြေစာ ၊ အမည်ပေါက်သူက လျှောက်ထားခြင်းမဟုတ်လျှင် ပိုင်ဆိုင်မှု အထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထား ရပါသည် ။ ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။
တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထား မှန်ကန်ပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လိုအပ်ပါက သတင်းစာတွင် (၁၄) ရက် ကြော်ငြာခြင်းများ ဆောင်ရွက်ပါသည် ။ ကန့်ကွက်သူ မရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည် ။
အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ် ပုံစံနှင့်အတူ အထက်ပါ အထောက်အထားများ အပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သေစာရင်း ၊ အမွေရှင် နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ပြီး ဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့် ရှိကြောင်း ပြည့်စုံစွာ ဖော်ပြရေးသားထားသည့် လျှောက်ထားသူ ကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ၊ တစ်မြို့နယ်တည်းတွင် နေထိုင်သူ ( ၂ ) ဦး က လျှောက်ထားသူအား သိရှိကြောင်း နှင့် မှန်ကန်ကြောင်း ထောက်ခံသည့် တရားရုံး ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ ( ၂ ) စောင်၏ မူရင်းများပါ တင်ပြ လျှောက်ထားရပါမည် ။ ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည် ။
တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါ အထောက်အထားများ ကိုက်ညီမှု ရှိပါက ကွင်းဆင်း စစ်ဆေးခြင်း ၊ လျှောက်ထားသည့် မြေကွက်နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည် ။
သတင်းစာ ကြော်ငြာပြီး (၁၄) ရက် ပြည့်သည် အထိ ကန့်ကွက်မှု တစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည် ။
မြေပုံမြေရာဇဝင် သက်တမ်း
သက်တမ်းကို တစ်နှစ်အတွင်းဟု သတ်မှတ်လေ့ရှိသည် ။ သို့သော် လက်ရှိမြေကွက်ကို ခွဲစိတ်တာ ၊ အခြားနည်း အသုံးပြုတာတွေ ပြုလုပ်ပါက မြေပုံမြေရာဇဝင်ရဲ့ သက်တမ်း ပျက်ပြယ်ပါသည် ။ အသစ်ပြန် လျောက်ရပါသည် ။
Credit : Kyi Soe (I.C)
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...