မြေဌားဂရန် ဘယ်လိုလျှောက်ရပါသလဲ မေးမြန်းလာသူများအတွက်

မြေဌားဂရန် ဘယ်လိုလျှောက်ရပါသလဲ မေးမြန်းလာသူများအတွက်
နည်းဥပဒေ ၉ တွင် မြေငှားဂရန် ထုတ်ပေးခြင်း အတွက် မည်သူတို့အား ပေးအပ်ချထားရန် နှင့် ၊ မည်သူက မည်သို့ လုပ်ပိုင်ခွင့် ရှိခြင်း ကို အောက်ပါအတိုင်း ပြဌာန်းထားပါသည်
“၉ ။ ခရိုင်အုပ်ချုပ်ရေးမှူးသည် လူတစ်ဦး ၊ သို့မဟုတ် လူတစ်စုအား မြေငှား ပေးအပ်ချထားခြင်းကို အောက်ပါအတိုင်း ခွင့်ပြုခွင့်ရှိသည်-
� ( က ) တစ် ဧက အထိရှိသော မြေတစ်ကွက်ကို ယင်း၏ အခွင့်အာဏာ ဖြင့် ၊
� ( ခ ) မြေဧရိယာသည် တစ်ဧက ထက်ပို၍ ၊ ငါးဧကထက် မကျော်လွန်ပါက တိုင်းဒေသကြီး ၊ သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး ထံ ကြိုတင်၍ တင်ပြ ခွင့်ပြုရရှိမှုဖြင့် ၊
� ( ဂ ) အကယ်၍ မြေ ငါးဧကထက် ကျော်လွန်ပါက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ထံ ကြိုတင်၍ တင်ပြ ခွင့်ပြုရရှိမှုဖြင့် ။
� ထို့နောက် မြေငှားဂရန် အတွက် လျှောက်လွှာ နှင့် လျှောက်လွှာတွင် ဖေါ်ပြရမည့်အချက်များတို့ အပြင် ၊ လုပ်ငန်းဆောင်ရွက် မည့် အစီအစဉ်ကို ပူးတွဲလျှောက်ထားရန် လိုအပ်ကြောင်း နည်းဥပဒေ ၁၁ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်-
“၁၁ ။ လူနေထိုင်ရန် ၊ သို့မဟုတ် စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အဆောက်အဦး ဆောက်လုပ်ရန်အလို့ငှာ အစိုးရ က စီမံချထားနိုင်သည့် မြေတစ်ကွက်ကို မြေငှားပေးအပ် ချထားမှု ရယူလိုသူသည် ၊ ထိုမြေ တည်ရှိရာအရပ် ခရိုင်အုပ်ချုပ်ရေး မှူး ၊ သို့မဟုတ် မြို့နယ် အုပ်ချုပ်ရေးမှူးထံ စာဖြင့်ရေးသား၍ လျှောက်ထားနိုင်သည် ။
ယင်းသို့သော လျှောက်လွှာတွင် အောက်ပါအချက်များ ပါရှိစေရမည် -
� ( က ) လျှောက်ထားသူ၏ အမည် ၊ နေရပ် နှင့် အလုပ်အကိုင် ၊
� ( ခ ) လျှောက်ထားသည့် မြေတည်ရှိရာ ရပ်ကွက် အမည် ၊ လမ်း နှင့် တည်နေရာ ဖေါ်ပြချက် ၊
� ( ဂ ) ထိုမြေကွက်၏ နယ်နိမိတ် အနားလေးဘက် အလားအလာများ ၊
� ( ဃ ) ဆောက်လုပ်မည့် အိမ်၏ ခန့်မှန်းချေ အရွယ်အစား နှင့် အိမ်ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများ ၊
� ( င ) မြေငှားပေးအပ်ချထားမှုကို ရယူလိုခြင်း၏ ရည်ရွယ်ချက် ၊ အဆောက်အဦး ဆောက်ရန် ၊ လူနေထိုင်ရန် ၊ သို့မဟုတ် စက်မှု လက်မှုလုပ်ငန်းလုပ်ရန် အစရှိသည်ဖြင့် ၊
� ( စ ) ထို့အပြင် ယခုလျှောက်ထားသည့် မြေကို တိုင်းတာသတ်မှတ်ခြင်း မပြုရသေးကြောင်း ဝန်ခံချက် ၊
� အကယ်၍ အစိုးရက ထိုမြေကွက်ကို တိုင်းတာပြီး ဖြစ်လျှင် ၊ အစိုးရ မြေပုံမှ ကူးယူထားသည့် မြေပုံကို ပူးတွဲ တင်ပြရမည်။
အဆောက်အဦးပုံစံ နှင့် တန်ဖိုး တွက်ချက်မှုများ ၊ ထို့အပြင် အဆောက်အဦး ဆောက်လုပ်မည့် နေရာကို ဖေါ်ပြသည့် မြေပုံ ၊ တို့ ကို ခရိုင်အုပ်ချုပ်ရေးမှူးက မြေငှား ပေးအပ် ချထားရာတွင် အထူး စည်းကမ်းချက်များ အဖြစ် ထည့်သွင်းရန် အလိုမရှိလျှင် ၊ ပူးတွဲ တင်ပြရန် မလိုပါ။”
ယင်းသို့ မြေငှားဂရန် လျှောက်ထားရာတွင် အဆောက်အဦး ပုံစံ နှင့် ဆောက်လုပ်မည့် ပစ္စည်းဖေါ်ပြချက်သည် လွန်စွာ အရေးကြီး ပါသည် ။ အဘယ့်ကြောင့်ဆိုသော် တာရှည်ခံသည့် အဆောက်အဦးဆောက်လုပ်ရန် ရည်ရွယ်ချက်ရှိသူကိုသာ နှစ် ၉၀ မြေငှားဂရန် ထုတ်ပေးမည်ဖြစ်ကြောင်း နည်းဥပဒေ ၇ ပါ အောက်ပါ ပြဌာန်းချက်ကို သတိပြုရန် လိုအပ်ပါသည်-
“ ၇ ။ ခိုင်ခန့်၍ တာရှည်ခံသည့် အဆောက်အဦးကို ဆောက်လုပ်ရန် ရည်ရွယ်သည့် လျှောက်ထားသူအား မြေငှားပေးအပ် ချထားမှုသည် နှစ်ပေါင်း ၃၀ ထက် လျှော့နည်းသည့် အတွက် သာမန်အားဖြင့် မြေငှား ပေးအပ်ချထားခြင်း မပြုရ ။ ယင်းသို့သော ကိစ္စရပ်များ အားလုံးတွင် မူလပေးအပ် ချထားမှု သက်တမ်း ကုန်ဆုံးသည့်နေ့ ၊ သို့မဟုတ် တည်ဆဲဖြစ်သော ဘဏ္ဍာတော်မင်းကြီး၏ အမိန့်နှင့် အကျုံးဝင်သော ကိစ္စရပ်များ စတင်သည့်နေ့ တစ်ရပ်ရပ်မှ နှစ်ပေါင်း ၉၀ ကာလ တိုင်အောင် မြေငှား ပေးအပ်ချထားခြင်းကို သက်တမ်း တိုးမြင့် လဲလှယ်ခွင့် ရှိသည်။”
အထူး ဂရန် လျှောက်လျှင်လည်း အထက်ပါ နည်းအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါတယ်။
အထူး ဂရန် ပေးရာမှာ မြေဧရိယာဟာ ( ၁၀၀၀၀ ) စတုရန်းပေထက် မကျယ်စေရပါ ။ ( ၁၂၀၀ ) စတုရန်းပေထက် မကျဉ်းရပါ။ ( ၁၂၀၀ ) စတုရန်းပေထက် ကျဉ်းသော်လည်း အမှန်တကယ် အိမ်ရှိပြီး နေထိုင်နေပါက ခြွင်းချက်ဖြင့် ခွင့်ပြုပေးနိုင်ပေမယ့် ( ၁၀၀၀၀ ) စတုရန်းပေထက် လုံးဝကျယ်လို့ မရပါဘူး။
လူနေရပ်ကွက်များ အတွင်း နောင်တချိန် ကစားကွင်း ၊ ပန်းခြံ ၊ ဓမ္မာရုံ ၊ စျေး ၊ Recreation Center တည်ဆောက်ရန် ချန်ထားတဲ့ မြေကွက်လွတ်များ မဖြစ်ရပါ ။ Public Utilities များ ထည့်သွင်း မြှုပ်နှံရန် ချန်လှပ်ထားတဲ့ မြေများ မဖြစ်ရပါ။ ပြင်ဆင် ထိန်းသိမ်းရန်အတွက် ကမ်းဖူးမြေ ၊ ဆိပ်ကမ်းမြေ ၊ မြစ်ကမ်းဘေး လူအများ စိတ်ကြည်လင်စွာ ခံစားနိုင်ရန် ချန်လှပ်ထားတဲ့ Free Space များ မဖြစ်ရပါ ။
အချို့က ဒဂုံမြို့သစ် ၊ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ ရွှေပေါက်ကံ မြို့သစ်များ အတွင်း လူနေ ရပ်ကွက်ပေါ်မှာ ကျန်ရှိနေတဲ့ ( ၂ ) ဧက ( ၃ ) ဧက မှ ( ၇ ) ဧက ( ၈ ) ဧက အထိ မြေကွက်လွတ် အကျန်တွေကို မူလပိုင်ရှင် လယ်သမားထံ ကနေ ဝယ်ယူပြီး ၄င်းမြေကွက်ကြီးကို အထူးဂရန်ပေးပါ ဆိုပြီး လျှောက်ထားလာတာတွေ ရှိလာပါတယ်။
ဒါ့အပြင် မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် အကွက်မရိုက်ဘဲ ချန်ထားတဲ့ ကမ်းနဖူး မြေ ၊ ဆိပ်ကမ်း မြေတွေကို အထူးဂရန်လျှောက်ကြတာတွေ ရှိပါတယ် ။ တချို့က တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ သာကေတ ရပ်ကွက်မှာ Free Space အဖြစ် ထားရှိတဲ့ မြေကွက်တွေကို အထူးဂရန် လာရောက် လျှောက်ထားကြသူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ လူနေရပ်ကွက်တွေမှာ ဂရန်မြေမူရင်းရှိ ပေ ( ၆၀ × ၈၀ ) မြေကွက်ဖြစ်ပေမဲ့ အစွန်ဆုံးအိမ်တွေဟာ ဘေးမြေပိုတွေကို ထည့်သွင်း အသုံးပြုထားကြတာ တွေလည်း ရှိပါတယ်။ ၄င်းအခြေအနေမျိုးကိုလည်း ဆက်စပ်မြေပိုကို အထူးဂရန် လျှောက်ထားခွင့်ပြုပြီး အထူးဂရန် လျှောက်ထား ပေးတာမျိုးလည်း ရှိပါတယ်။
#Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...