စွန့်လွှတ် စာချုပ်နှင့် အပိုင်ပေး စာချုပ် ကွာဟချက်

စွန့်လွှတ် စာချုပ်နှင့် အပိုင်ပေး စာချုပ် ကွာဟချက် မိမိ၏ ပိုင်ဆိုင်မှုကို သူတစ်ပါးကို စွန့်လွှတ် လိုက်သည် ဆိုတာလည်း ပေးကမ်းခြင်း ပါပဲ ။ မိမိ၏ ပိုင်ဆိုင်မှုကို သူတစ်ပါးကို ပေးလိုက်သည် ဆိုတာလည်း ပေးကမ်းခြင်း ပါပဲ ။ ပေးကမ်းခြင်း အတူတူဘာကြောင့် စာချုပ်ချုပ် ဆိုတဲ့ နေရာမှာ ကွဲပြားသလဲ ဆိုတာ ကိုတော့ ရှင်းပြလို ပါတယ် ။
စွန့်လွှတ် စာချုပ်
မြေ တစ်ကွက်ကို A နှင့် B အမည်နှင့် ဝယ်လိုက်သည် ဆိုပါစို့ ။ A က B ကို မေတ္တာ သက်ဝင် လို့သော် လည်းကောင်း ၊ အလျော်ပေးလို၍ သော်လည်း ကောင်း အကြောင်း အမျိုးမျိုးကြောင့် ပေးကမ်း လိုပါက အပိုင်ပေး စာချုပ် ချုပ်စရာ မလိုအပ်ဘဲ A က ယင်းမြေကွက်၏ ပိုင်ဆိုင်မှုကို စွန့်လွှတ် လိုက်ရုံနှင့် B ကိုပေးကမ်း ပြီးသား ဖြစ်သွား ပါသည် ။ စွန့်လွှတ် စာချုပ် ချုပ်ဆို ရန်အတွက် ပိုင်ရှင်နှစ်ဦး စလုံးဖြစ်သော A နှင့် B က စွန့်လွှတ် လိုသောအိမ် ၊ မြေနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထား များကိုယူ၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေးနှင့် မြို့ပြ မြေယာ ဌာနတွင် မြေပုံ ၊ မြေရာဇဝင် အား ရေးကူး လျှောက်ထား ရမည် ။ ဌာနမှ လိုအပ်သည် များကို ကွင်းဆင်း စစ်ဆေး၍ ကန့်ကွက်သူ မရှိပါက မြေပုံနှင့် မြေရာဇဝင် ထုတ်ပေး ပါသည် ။ ထိုအခါ မြေကွက် ပိုင်ရှင်များဖြစ်သော A နှင့် B က ရန်ကုန် မြို့တော် စာချုပ် စာတမ်းများ မှတ်ပုံတင် ရုံးသို့ သွား၍ A နှင့် B ပူးတွဲ ပိုင်ဆိုင်သော မြေကွက်အား A မှ B ကို စွန့်လွှတ် ကြောင်း စာချုပ်အား ချုပ်ဆို၍ မှတ်ပုံတင် ရပါမည် ။ ကပ်နှိပ် ရမည့် တံဆိပ်ခေါင်း ခွန်မှာ ၄၀၀၀ိ / - ကျပ် ဖြစ်ပါသည် ။
မှတ်ချက် ။ ။ ပူးတွဲ ပိုင်ဆိုင်သော A နှင့် B ကသာ အပြန်အလှန် စွန့်လွှတ်ခွင့် ရှိပြီး A နှင့် B မှလွဲ၍ အခြားတစ် ယောက်အား စွန့်လွှတ်ခြင်းမရှိပါ ။
ပေးကမ်း စာချုပ်
မြေကွက် တစ်ကွက်ကို “A” နှင့် “B” က ပူးတွဲ ပိုင်ဆိုင် ထားပြီး “ A ” က ၎င်း၏ ပိုင်ဆိုင်သော အစုအား ညီမဖြစ်သူ “ C ” အား ပေးကမ်း လိုပါသည် ။ ထိုအခါ စွန့်လွှတ် စာချုပ် မချုပ် ရဘဲမေတ္တာနှင့် အပိုင်ပေး စာချုပ်ကို ချုပ် ဆိုရပါသည် ။
အပိုင်ပေး ရာတွင် ဆွေမျိုးတော် စပ်သည့် အနေအထား ရှိမှသာ အပိုင်ပေးကမ်း လို့ရပါသည် ။ စာချုပ် ချုပ်ဆိုပုံ အဆင့်ဆင့်မှာ စွန့်လွှတ်စာချုပ်နှင့် ပုံစံတူ ဖြစ်ပြီး ထမ်းဆောင် ရသည့် တံဆိပ်ခေါင်း ဖိုးသာ ကွာခြား ပါသည် ။
Credit - OriginalUploder
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...