မြေကွက်ခွဲစိတ်ခြင်း (ဂရန်ခွဲ) လျှောက်ထားခြင်းတို့နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။ အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ(မြေကွက်ခွဲစိတ်ခြင်း)

မြေကွက် ခွဲစိတ် ခြင်း ( ဂရန်ခွဲ ) လျှောက်ထား ခြင်း တို့ နှင့် စပ်လျဉ်း ၍ အောက် ဖော်ပြပါ စာစု ကလေးကို ဖော်ပြ ပေးလိုက်ပါသည် ။
အတည် ပြု တိုင်းခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ် ခြင်း )
မြေကွက် ခွဲစိတ် ပေးရန် လျှောက်ထား နိုင်သော မြေ အမျိုးအစား များ
# ( ၁ ) ဂရန် မြေ ၊
# ( ၂ ) မြေပိုင် မြေ ၊
# ( ၃ ) ဂရန်ရှိ မြေပိုင် မြေ ၊
# ( ၄ ) B မြေပိုင် မြေ ၊
# ( ၅ ) Bလ / န ၃ ( ခ ) မြေ ၊
# ( ၆ ) Bလ / န ၃၉ မြေ ၊
# ( ၇ ) ၂၀၁၂ ခုနှစ် ၊ လယ်ယာ မြေ ဥပဒေပုဒ်မ ၃ ( က ) အရ ဝန်ခံချက် လက်မှတ် ရရှိပြီး မြေ ( သို့မဟုတ် ) ၊ ၃ ( ခ ) လက်မှတ် ရရှိပြီးမြေ (အိမ်ယာမြေသတ်မှတ်) အမျိုးအစားများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်း တို့တွင် ခွဲစိတ်ပေးနိုင်သည်။
# မြေကွက် ခွဲစိတ် ရာတွင် အောက်ပါ အချက်များ နှင့် ညီညွှတ် ပါက ခွဲစိတ်ပေး မည် ဖြစ်သည် -
( က ) ခွဲစိတ်ရန် လျှောက်ထားသော မြေကွက် အတိုင်း အတာသည် မျက်နှာစာ တွင် အနည်းဆုံး ပေ ( ၂၀ ) ရှိရမည် ဖြစ်ပြီး ကျန်ရှိ မြေကွက် မျက်နှာ စာမှာလည်း အနည်းဆုံးပေ ( ၂၀) ရှိရ ပါမည် ။
( ခ ) ခွဲစိတ်ရန် လျှောက်ထား သော မြေ တစ်ကွက် ၏ စုစုပေါင်း ဧရိယာသည် အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရမည် ။
( ဂ ) ခွဲစိတ်မည့် မြေကွက် အသုံးပြုရန် အတွက် အများ ပိုင်လမ်း ( သို့မဟုတ်) ကိုယ်ပိုင် လမ်းမရှိ ပါက ခွဲစိတ် ရန် လျှောက်ထားသော မြေကွက် များသို့ ဝင်ထွက် သွားလာရန် အနည်းဆုံး ၁၀ ပေချန် လှပ်ထား သည့် လမ်းပါ ရှိရမည် ။
( ဃ ) မြေကွက် ခွဲစိတ် မျဉ်း နှင့် မြေပြင် ရှိ အဆောက်အအုံ တို့ ကင်းလွတ် မှု ရှိရမည် ။
မှတ်ချက်။ ( ၁ ) မြေငှား စာချုပ် ( ဂရန် ) မြေ အမျိုးအစား မှအပ ကျန်မြေ အမျိုးအစား များအား ဧရိယာ ၁၂၀၀ စတုရန်း ပေမပြည့်သော်လည်း ခွဲစိတ်ပေး နိုင်သည် ။
( ၂ ) စက်မှုဇုန် မြေ များအတွက် စက်မှုဇုန် အတွင်းရှိ ဧရိယာ အနည်းဆုံး မြေကွက် ဧရိယာ ပြည့်မီ မှသာ ခွဲစိတ် ပေးနိုင် သည် ။ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ၏ သီးခြား ညွှန်ကြား ချက်ရှိ ပါက ယင်းညွှန် ကြားချက် အတိုင်းခွဲ စိတ်ပေး နိုင်သည် ။
# မြေကွက် ( အတည်ပြု တိုင်းခွဲ ) လျှောက်ထား နိုင်သူ များ
( ၁ ) အမည် ပေါက်တစ်ဦး တည်း သို့မဟုတ် မြေအမည် ပေါက်များ မှ ၎င်း ပိုင်မြေ ကွက်များကို ( အတည် ပြု တိုင်းခွဲ ) မြေကွက် ပေါင်းစည်း နိုင်သည် ။
( ၂ ) အမည် ပေါက်တစ်ဦး တည်း သို့မဟုတ် မြေအမည် ပေါက်များ မှ ၎င်းပိုင် မြေကွက် များကို ( အတည်ပြု တိုင်းခွဲ ) မြေကွက်ခွဲစိတ်နိုင်သည်။
( ၃ ) အမည် ပေါက်တစ်ဦး တည်း သို့မဟုတ် မြေအမည် ပေါက်များ မှ ၎င်းပိုင် မြေကွက် များကို ( အတည်ပြု တိုင်းခွဲ ) မြေကွက် ပေါင်းစည်း ခွဲစိတ် နိုင်သည် ။
( ၄ ) မှတ်ပုံ တင် စာချုပ် အဆက် အစပ်ဖြင့် အစိတ်အပိုင်း ဝယ်ယူ ပိုင်ဆိုင် သူမှ ၎င်း ပိုင်ဆိုင် သည့် မြေ အစိတ်အပိုင်း အား ( အတည်ပြု တိုင်းခွဲ ) မြေကွက်ကို တစ်ဖက်သတ် ခွဲစိတ် နိုင်သည် ။ ( မြေကွက် ခွဲစိတ် ခြင်း နှင့် မြေတိုင်း လျှောက်ထား စဉ်ကပင် သီးခြား သတင်းစာ တွင် ကြော်ငြာပြီး ဖြစ်ရ ပါမည် ။)
( ၅ ) မှတ်ပုံ တင်စာချုပ် အဆက် အစပ်ဖြင့် ဦးပိုင် မတူညီ သော်လည်း မြေ အမျိုးအစား တူညီသည့် မြေကွက် အစိတ်အပိုင်းများကို ဝယ်ယူပိုင် ဆိုင်သူမှ ၎င်း ပိုင်ဆိုင်သည့် မြေကွက် အစိတ်အပိုင်း များကို ( အတည်ပြု တိုင်းခွဲ ) မြေကွက် ပေါင်းစည်း ခွဲစိတ်နိုင်သည် ။ ( မြေကွက် ခွဲစိတ် ခြင်း နှင့် မြေတိုင်း လျှောက်ထား စဉ်ကပင် သီးခြား သတင်းစာ တွင် ကြော်ငြာ ပြီးဖြစ်ရ ပါမည် ။
( ၆ ) အမည်ပေါက် တစ်ဦး တည်း သို့မဟုတ် မြေ အမည်ပေါက် များမှ ၎င်း ပိုင်မြေ ကွက် နှင့် အခြား ဦးပိုင် မြေကွက် ၏ အစိတ် အပိုင်း သို့မဟုတ် မြေကွက် တစ်ကွက် လုံးအား မှတ်ပုံတင် စာချုပ် ဖြင့် ပိုင်ဆိုင် ပါကလည်း မြေ အမျိုးအစား တူညီပါက ( အတည် ပြုတိုင်းခွဲ ) ပေါင်းစည်း / ပေါင်းခွဲ ခွဲစိတ်နိုင် သည် ။
# “ မြေကွက် ခွဲစိတ် အတည် ပြုချက် နှင့် မြေကွက်ခွဲ စိတ်တိုင်း တာသည့် မြေပုံ လျှေိာက် ထားခြင်း ”
အတည် ပြုတိုင်း ခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ်ခြင်း ) လျှောက်ထား လိုသူ တို့သည် ဌာနက သတ်မှတ် ထားသော လျှောက်လွှာ နှင့် အတူ အောက်ပါ အထောက်အထား မိတ္တူ တို့ကို တင်ပြ လျှောက် ထားရမည် -
( က ) မြေ ငှားစာချုပ် ( ဂရန် ) ၊ အမည်ပေါက် စာချုပ် ( သို့မဟုတ် ) မှတ်ပုံတင်ထားသော စာချုပ် စာတမ်းများ၊
( ခ ) မြေ ပိုင်ဆိုင် မှုနှင့် ပတ်သက်၍ တရားရုံး မှ ချမှတ် ထားသော စီရင် ချက် အမိန့် နှင့် ဒီကရီ ၊
( ဂ ) နိုင်ငံသား စိစစ်ရေး ကတ်ပြား ( သို့မဟုတ် ) အမျိုးသား မှတ်ပုံတင် ကတ်ပြား ၊
( ဃ ) မြေ ငှားခ ကြွေးကျန် ကင်းရှင်း ကြောင်း ထောက်ခံချက် သို့မဟုတ် နောက်ဆုံး ပေးဆောင် ထားသော မြေငှားခ ပြေစာ ၊
( င ) ခွင့်ပြု သည့် နေ့မှ စ၍ တစ်နှစ် သက်တမ်း ရှိသည့် မှန်ကန် ကြောင်း သက်သေခံ သည့် မြေကွက်ခွဲ စိတ်မြေပုံ ၊ မြေရာဇဝင် မူရင်းနှင့် အတိုင်း အတာ ပါသည့် မြေတိုင်း မြေပုံမိတ္တူ ( D-Map ) ၊
( စ ) ကော်မတီ ၏ အင်ဂျင် နီယာဌာန ( အဆောက် အအုံ ) မှ အသိအမှတ် ပြု လိုင်စင်ရ အင်ဂျင်နီယာ ရေးဆွဲ ထားသည့် လျှောက်ထားသူ လက်မှတ်ရေးထိုးထားသော မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၃) စုံနှင့် အသေးစိတ်တွက်ချက်မှုပုံစံသုံးစုံမူရင်းများ၊
စသည် တို့ကို တင်ပြ လျှောက်ထား ရမည် ဖြစ်သည် ။
လျှောက်ထား လာမှု အပေါ်တွင် ဌာနမှ အောက်ဖော် ပြပါ အချက် များကို စိစစ် သွားမည် ဖြစ်သည် -
( က ) ဌာနက သတ်မှတ် ထားသော လျှောက်လွှာ တွင် ပြည့်စုံစွာ ဖြည့်စွက် ထားခြင်း ရှိ / မရှိ ၊
( ခ ) လျှောက်ထား သူသည် ဌာနက သတ်မှတ် ထားသော ဝန်ဆောင်ခ များကို ပေးသွင်း ထား ခြင်းရှိ / မရှိ ၊
( ဂ ) မြေ ရာဇဝင် နှင့် မြေ စာရင်း မှတ်ချက် များကို အစီရင် ခံခြင်း ၊
( ဃ ) တင်ပြ ထားသော မြေဆိုင်ရာ အထောက်အထား များ နှင့် မြေ စာရင်း ကိုက်ညီမှု ရှိ / မရှိ ၊
( င ) မြေ ရာဇဝင် မှတ်ချက် များကို အောက်ပါ အတိုင်း စိစစ် သွားမည် ဖြစ်သည် -
( ၁ ) မြေ စာရင်း တွင် မြေသိမ်း မှတ်ချက် ရှိ / မရှိ ၊
( ၂ ) မြေ စာရင်း တွင် မြေ တန်ဘိုး ဖြတ်မှတ် ချက် ရှိ / မရှိ ၊
( ၃ ) မြေ စာရင်း တွင် အစိုးရ ဌာန ဆိုင်ရာများ သို့မဟုတ် အစိုးရ အသိ အမှတ်ပြု အဖွဲ့ အစည်း များ၏ ကန့်ကွက် တားမြစ် ချက် ရှိ / မရှိ ၊
( ၄ ) မြေ စာရင်း တွင် တရားရုံး တစ်ခုခု မှ တားဝရမ်း သို့မဟုတ် မြေပိုင် ဆိုင်မှု နှင့် ပတ်သက် သည့် တရားရုံး တွင် စစ်ဆေး ဆဲအမှု ရှိ / မရှိ ၊
( ၅ ) မြေ စာရင်း တွင် အခြား ကန့်ကွက် ချက်များ ရှိ / မရှိ ၊
( ၆ ) မြေ စာရင်း တွင် ဂရန် စည်းကမ်း ပျက် မှတ်ချက် ရှိ / မရှိ ၊
( ၇ ) မြေ စာရင်းရှိ မှတ်ချက် များသည် တင်ပြ ထားသည့် အထောက် အထားများ နှင့် သက်ဆိုင်မှု ရှိ / မရှိ ။
(စ) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/ မရှိ၊
အထက် ဖော်ပြပါ အချက် များကို စိစစ်ပြီး ပြည့်စုံ မှန်ကန်ပါ က -
မြေကွက် ခွဲ အတည်ပြု ပုံစံ ခွင့်ပြု ရန် နှင့် မြေကွက် ခွဲ စိတ်တိုင်း တာသည့် မြေပုံ ထုတ် ပေးရန် ဌာနသည် အောက်ပါ အတိုင်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည် -
( က ) အတည်ပြု တိုင်းခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ်ခြင်း ) လျှောက်ထား မှု များအား မြေတိုင်း မှ ကွင်းဆင်း တိုင်းတာ စစ်ဆေးရန် ခွင့်ပြုချက် တောင်းခံခြင်း နှင့် မြေတိုင်း တာခြင်း ၊
( ခ ) မြေပြင် သို့ ကွင်းဆင်း တိုင်းတာ စစ်ဆေးရာ တွင် အောက်ပါ အချက် အလက်များကို အခြေခံ ၍ စိစစ် သွားမည် ဖြစ်သည် -
( ၁ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြု ပုံစံတွင် ပါရှိသည့် ဧရိယာ စုစုပေါင်း နှင့် မြေ စရင်း ဧရိယာ စုစုပေါင်း တို့ ကိုက်ညီ မှုရှိ / မရှိ ၊
( ၂ ) အဆိုပြု မြေကွက် ခွဲစိတ် ပုံစံတွင် ဝင် ၊ ထွက်လမ်း သုံးစွဲမှု နှင့် ပတ်သက်၍ လမ်း အကျယ် အဝန်း လုံလောက် မှုရှိ / မရှိ နှင့် လမ်းပေးမှု မှန်ကန် မှုရှိ / မရှိ ၊
( ၃ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြု ပုံစံ ( ၃ ) စုံ နှင့် အသေးစိတ် တွက်ချက် မှုပုံစံ ( ၃ ) စုံတို့ တွင် မြေကွက် ခွဲစိတ် လိုသည့် မြေပိုင် ရှင်များ သိရှိ သဘော တူကြောင်း လက်မှတ်ရေး ထိုးထား ခြင်းရှိ / မရှိ ၊
( ၄ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြု ပုံစံ နှင့် အသေးစိတ် တွက်ချက် မှု ပုံစံတို့ အား တွက်ချက်မှု မှန်ကန်မှု ရှိ / မရှိ ၊
( ၅ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြုမှု ပုံစံတွင် ပါရှိသည့် မူလ မြေကွက် နှင့် ခွဲစိတ်မည့် မြေကွက်များ ၏ အတိုင်းအတာ နှင့်မြေပြင်ရှိ အတိုင်း အတာတို့ ကိုက်ညီမှု ရှိ / မရှိ ၊
( ၆ ) အဆိုပြု မြေကွက် အတည် ပြုပုံစံတွင် ပါရှိသည့် မြေကွက် ခွဲစိတ် မျဉ်းသည် မြေပြင်ရှိ အဆောက်အအုံ များ နှင့် ကင်း လွတ်မှု ရှိ / မရှိ ၊
တို့ကို စိစစ် သွားမည် ဖြစ်သည် ။
စိစစ် ချက်များ ပြည့်စုံ မှန်ကန် ပါက ဆက်လက် ဆောင် ရွက်ပေး မည်မှာ -
( ဂ ) အတည်ပြု တိုင်းခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ် ခြင်း ) လျှောက်ထား မှုအပေါ် တာဝန်ခံ မြေတိုင်း ဌာနခွဲမှူးမှ ( Check by me ) တံဆိပ် နှင့် လက်မှတ်ရေး ထိုး၍ တင်ပြ အတည်ပြု ခွင့်ပြု မိန့်ကို ရယူခြင်း နှင့် ခွင့်ပြုခြင်း ၊
( ဃ ) မြေကွက် ခွဲစိတ် သည့် မူလ မြေကွက်အား မြို့ကွက် မြေပုံ နှင့် မြို့ မြေစာရင်း တို့တွင် ဦးပိုင် အသစ် ဖြင့် မြေတိုင်းမှ ခွဲစိတ်သတ်မှတ်ပြီး မြေကွက် ခွဲစိတ် တိုင်းတာ သည့် မြေပုံ ( ၃) ပုံတို့ကို ရေးဆွဲ ၍ တာဝန်ရှိသူ အဆင့်ဆင့် က စိစစ် လက်မှတ် ရေးထိုး ပြီး ရေးဆွဲခြင်း ၊
( င ) လိုင်စင်ရ အဆိုပြု အင်ဂျင်နီယာ ပုံစံ ( ၃ ) စုံတွင် ထပ်ဆင့် လက်မှတ် ရေးထိုး ရန် နှင့် ဌာနမှ သတ်မှတ် ထားသည့် ခွင့်ပြု ပုံစံ တို့တွင် မြေကွက် ခွဲစိတ် ခွင့်ပြု ရန်အတွက် ဌာနမှူးထံ အဆင့်ဆင့် တင်ပြ ၍ အတည်ပြု လက်မှတ် ရေးထိုး ခြင်း၊
( စ ) ဌာနမှူးမှ အတည်ပြု လက်မှတ် ရေးထိုးပြီး ပါက မြေကွက် ခွဲစိတ် အတည်ပြု ပုံစံ ( ၁ ) နှင့် မြေကွက် ခွဲစိတ် တိုင်းတာ သည့် မြေပုံ ( ၁ ) ပုံကို လျှောက်ထား သူထံ သို့ထုတ် ပေးခြင်း ၊ မြေကွက်ခွဲ အတည်ပြုပုံစံ ( ၁ ) စုံနှင့် ခွဲစိတ် တိုင်းတာ မြေပုံ ( ၁ ) ပုံကို မြေတိုင်း အဖွဲ့တွင် ထားရှိပြီး ၊ ကျန် မြေ ကွက်ခွဲ အတည်ပြု ပုံစံ ( ၁ ) စုံနှင့် ခွဲစိတ် တိုင်းတာ မြေပုံ ( ၁ ) ပုံကို အမှုတွဲ တွင်ထား ရှိခြင်း နှင့် အမှုတွဲ ထိန်းခန်း ၌ သိမ်းဆည်း ခြင်း ။
ကိုးကား- ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးကော်မတီ ၊ မြို့ပြ စီမံကိန်း နှင့် မြေယာ စီမံခန့်ခွဲ မှု လုပ်ထုံး လုပ်နည်းများ
Crd. ဆရာကြီး မိုးထက် (၂၇.၁၂.၂၀၂၁)
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...