မြေကွက် ခွဲစိတ် ခြင်း ( ဂရန်ခွဲ ) လျှောက်ထားခြင်း တို့နှင့် စပ်လျဉ်း၍ အောက် ဖော်ပြပါ စာစု ကလေးကို ဖော်ပြ ပေးလိုက် ပါသည် ။

မြေကွက် ခွဲစိတ် ခြင်း ( ဂရန်ခွဲ ) လျှောက်ထားခြင်း တို့နှင့် စပ်လျဉ်း၍ အောက် ဖော်ပြပါ စာစု ကလေးကို ဖော်ပြ ပေးလိုက် ပါသည် ။

မြေကွက် ခွဲစိတ် ခြင်း ( ဂရန်ခွဲ ) လျှောက်ထားခြင်း တို့နှင့် စပ်လျဉ်း၍ အောက် ဖော်ပြပါ စာစု ကလေးကို ဖော်ပြပေး လိုက် ပါသည် ။အတည်ပြု တိုင်းခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ် ခြင်း ) မြေကွက် ခွဲစိတ် ပေးရန် လျှောက်ထား နိုင်သော မြေ အမျိုး အစားများ

# ( ၁ ) ဂရန် မြေ ၊ 

# ( ၂ ) မြေ ပိုင်မြေ ၊

# ( ၃ ) ဂရန်ရှိ မြေပိုင် မြေ ၊

# ( ၄ ) B မြေပိုင် မြေ ၊

# ( ၅ ) Bလ / န ၃ ( ခ ) မြေ ၊

# ( ၆ ) Bလ / န ၃၉ မြေ ၊

# ( ၇ ) ၂၀၁၂ ခုနှစ် ၊ လယ်ယာ မြေ ဥပဒေပုဒ်မ  ၃ ( က )  အရ ဝန်ခံချက် လက်မှတ် ရရှိပြီး မြေ ( သို့မဟုတ် ) ၊ ၃ ( ခ ) လက်မှတ် ရရှိပြီးမြေ ( အိမ်ယာ မြေ သတ်မှတ် ) အမျိုးအစား များကို မြို့ကွက် မြေပုံနှင့် မြို့မြေ စာရင်း တို့တွင် ခွဲစိတ် ပေးနိုင်သည် ။

# မြေကွက် ခွဲစိတ် ရာတွင် အောက်ပါ အချက်များနှင့် ညီညွှတ် ပါက ခွဲစိတ် ပေးမည် ဖြစ်သည်  -

 

( က ) ခွဲစိတ်ရန် လျှောက် ထားသော မြေကွက် အတိုင်း အတာသည် မျက်နှာစာတွင် အနည်းဆုံး ပေ ( ၂၀ ) ရှိရမည် ဖြစ်ပြီး ကျန်ရှိမြေကွက် မျက်နှာစာ မှာလည်း အနည်းဆုံး ပေ ( ၂၀ ) ရှိရပါမည် ။

 

( ခ ) ခွဲစိတ်ရန် လျှောက် ထားသော မြေ တစ်ကွက်၏ စုစုပေါင်း ဧရိယာသည် အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရမည် ။

 

( ဂ ) ခွဲစိတ်မည့် မြေကွက် အသုံးပြု ရန်အတွက် အများ ပိုင်လမ်း ( သို့မဟုတ် ) ကိုယ်ပိုင် လမ်းမရှိပါက ခွဲစိတ်ရန် လျှောက် ထားသောမြေကွက် များသို့ ဝင်ထွက် သွားလာရန် အနည်းဆုံး ၁၀ ပေချန် လှပ်ထား သည့် လမ်းပါ ရှိရမည် ။

 

( ဃ ) မြေကွက်ခွဲ စိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက် အအုံတို့ ကင်းလွတ်မှု ရှိရမည် ။

 

မှတ် ချက် ။

( ၁ ) မြေငှား စာချုပ် ( ဂရန် ) မြေ အမျိုးအစား မှအပ ကျန်မြေ အမျိုးအစား များအား ဧရိယာ ၁၂၀၀ စတုရန်း ပေမပြည့် သော်လည်း ခွဲစိတ် ပေးနိုင် သည် ။

(၂ ) စက်မှုဇုန် မြေများ အတွက် စက်မှုဇုန် အတွင်းရှိ ဧရိယာ အနည်းဆုံး မြေကွက် ဧရိယာ ပြည့်မီမှသာ ခွဲစိတ် ပေးနိုင်သည် ။ တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ သီးခြား ညွှန်ကြား ချက်ရှိပါက ယင်းညွှန် ကြားချက် အတိုင်းခွဲ စိတ်ပေး နိုင်သည် ။

# မြေကွက် ( အတည်ပြု တိုင်းခွဲ ) လျှောက်ထား နိုင်သူများ

( ၁ ) အမည် ပေါက် တစ်ဦးတည်း သို့မဟုတ် မြေအမည် ပေါက်များမှ ၎င်းပိုင် မြေကွက် များကို ( အတည်ပြု တိုင်းခွဲ ) မြေကွက်ပေါင်းစည်း နိုင်သည် ။

(၂ ) အမည်ပေါက် တစ်ဦးတည်း သို့မဟုတ် မြေအမည် ပေါက်များမှ ၎င်းပိုင် မြေကွက် များကို ( အတည်ပြု တိုင်းခွဲ ) မြေကွက် ခွဲစိတ်နိုင်သည် ။

( ၃ ) အမည်ပေါက် တစ်ဦးတည်း သို့မဟုတ် မြေအမည် ပေါက်များမှ ၎င်းပိုင် မြေကွက် များကို ( အတည်ပြု တိုင်းခွဲ ) မြေကွက်ပေါင်းစည်း ခွဲစိတ် နိုင်သည် ။

( ၄ ) မှတ်ပုံတင် စာချုပ် အဆက် အစပ်ဖြင့် အစိတ်အပိုင်း ဝယ်ယူ ပိုင်ဆိုင်သူမှ ၎င်း ပိုင်ဆိုင်သည့် မြေ အစိတ် အပိုင်းအား ( အတည်ပြုတိုင်းခွဲ ) မြေကွက်ကို တစ်ဖက် သတ်ခွဲ စိတ်နိုင်သည် ။ ( မြေကွက် ခွဲစိတ် ခြင်းနှင့် မြေတိုင်း လျှောက်ထား စဉ်ကပင် သီးခြား သတင်းစာတွင် ကြော်ငြာပြီး ဖြစ်ရ ပါမည် ။)

( ၅ ) မှတ်ပုံတင် စာချုပ် အဆက် အစပ်ဖြင့်  ဦးပိုင် မတူညီ သော်လည်း မြေ အမျိုးအစား တူညီသည့် မြေကွက် အစိတ် အပိုင်းများကို ဝယ်ယူ ပိုင်ဆိုင်သူမှ ၎င်းပိုင်ဆိုင် သည့် မြေကွက် အစိတ်အပိုင်း များကို ( အတည်ပြု တိုင်းခွဲ ) မြေကွက် ပေါင်းစည်း ခွဲစိတ် နိုင်သည် ။ (မြေကွက်ခွဲစိတ်ခြင်းနှင့် မြေတိုင်း လျှောက်ထားစဉ်ကပင် သီးခြားသတင်းစာတွင် ကြော်ငြာပြီးဖြစ်ရ ပါမည်။

( ၆ ) အမည်ပေါက် တစ်ဦးတည်း သို့မဟုတ် မြေအမည် ပေါက်များမှ ၎င်းပိုင် မြေကွက်နှင့် အခြားဦး ပိုင် မြေကွက်၏ အစိတ် အပိုင်း သို့မဟုတ် မြေကွက် တစ်ကွက် လုံးအား မှတ်ပုံတင် စာချုပ်ဖြင့် ပိုင်ဆိုင် ပါကလည်း မြေအမျိုးအစား တူညီပါက ( အတည်ပြု တိုင်းခွဲ ) ပေါင်းစည်း /  ပေါင်းခွဲ ခွဲစိတ်နိုင် သည် ။

 

# “မြေကွက် ခွဲစိတ် အတည် ပြုချက်နှင့် မြေကွက် ခွဲစိတ် တိုင်းတာ သည့် မြေပုံ လျှေိာက် ထားခြင်း ”

အတည်ပြု တိုင်းခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ် ခြင်း ) လျှောက်ထား လို သူတို့ သည် ဌာနက သတ်မှတ် ထားသော လျှောက်လွှာနှင့် အတူ အောက်ပါ အထောက် အထား မိတ္တူတို့ကို တင်ပြလျှောက် ထားရမည် -

 

( က ) မြေငှား စာချုပ် ( ဂရန် ) ၊  အမည် ပေါက် စာချုပ် ( သို့ မဟုတ် ) မှတ်ပုံတင် ထားသော စာချုပ် စာတမ်း များ ၊

( ခ ) မြေ ပိုင်ဆိုင် မှုနှင့် ပတ်သက်၍ တရားရုံးမှ ချမှတ် ထားသော စီရင်ချက် အမိန့် နှင့် ဒီကရီ ၊

( ဂ ) နိုင်ငံသား စိစစ်ရေး ကတ်ပြား ( သို့မဟုတ် ) အမျိုးသား မှတ်ပုံတင် ကတ်ပြား ၊

( ဃ ) မြေငှားခ ကြွေးကျန် ကင်းရှင်း ကြောင်း ထောက်ခံချက် သို့မဟုတ် နောက်ဆုံး ပေးဆောင် ထားသော မြေငှားခ ပြေစာ ၊

( င ) ခွင့်ပြုသည့် နေ့မှစ၍  တစ်နှစ် သက်တမ်း ရှိသည့် မှန်ကန် ကြောင်း သက်သေခံ သည့် မြေကွက်ခွဲ စိတ်မြေပုံ ၊ မြေရာဇဝင် မူရင်းနှင့်  အတိုင်းအတာ ပါသည့် မြေတိုင်း မြေပုံ မိတ္တူ ( D - Map ) ၊

( စ ) ကော်မတီ၏ အင်ဂျင် နီယာဌာန ( အဆောက် အအုံ ) မှ အသိအမှတ်ပြု လိုင်စင်ရ အင်ဂျင်နီယာ ရေးဆွဲ ထားသည့် လျှောက်ထားသူ လက်မှတ် ရေးထိုး ထားသော မြေကွက် ခွဲစိတ် အတည်ပြု ပုံစံ ( ၃ )  စုံနှင့် အသေးစိတ် တွက်ချက်မှု ပုံစံ သုံးစုံ မူရင်းများ ၊

စသည် တို့ကို တင်ပြ လျှောက်ထား ရမည် ဖြစ်သည် ။

လျှောက်ထား လာမှု အပေါ်တွင် ဌာနမှ အောက် ဖော်ပြပါ အချက်များကို စိစစ် သွားမည် ဖြစ်သည် -

 

( က ) ဌာနက သတ်မှတ် ထားသော လျှောက်လွှာတွင် ပြည့်စုံစွာ ဖြည့်စွက် ထားခြင်း ရှိ /  မရှိ ၊

( ခ ) လျှောက်ထား သူသည် ဌာနက သတ်မှတ် ထားသော ဝန်ဆောင် ခများကို ပေးသွင်းထား ခြင်း ရှိ / မရှိ ၊

( ဂ ) မြေ ရာဇဝင် နှင့် မြေစာရင်း မှတ်ချက် များကို အစီရင် ခံခြင်း ၊

( ဃ ) တင်ပြ ထားသော မြေဆိုင်ရာ အထောက် အထားများနှင့် မြေစာရင်း ကိုက်ညီမှု ရှိ /  မရှိ ၊

( င ) မြေရာဇဝင် မှတ်ချက် များကို အောက်ပါ အတိုင်း စိစစ် သွားမည် ဖြစ်သည် -

 

( ၁ ) မြေစာရင်း တွင် မြေသိမ်း မှတ်ချက် ရှိ /  မရှိ ၊

( ၂ ) မြေစာရင်း တွင် မြေတန်ဘိုး ဖြတ် မှတ်ချက် ရှိ / မရှိ ၊

( ၃ ) မြေစာရင်း တွင် အစိုးရ ဌာန ဆိုင်ရာများ သို့မဟုတ် အစိုးရ အသိအမှတ် ပြု အဖွဲ့ အစည်း များ၏ ကန့်ကွက် တားမြစ် ချက် ရှိ / မရှိ ၊

( ၄ ) မြေစာရင်း တွင် တရားရုံး တစ်ခုခုမှ တားဝရမ်း သို့မဟုတ် မြေပိုင် ဆိုင်မှုနှင့် ပတ်သက် သည့် တရားရုံးတွင် စစ်ဆေး ဆဲအမှု ရှိ /  မရှိ ၊

( ၅ ) မြေ စာရင်းတွင် အခြား ကန့်ကွက် ချက်များ ရှိ / မရှိ ၊

( ၆ ) မြေ စာရင်းတွင် ဂရန် စည်းကမ်း ပျက် မှတ်ချက် ရှိ /  မရှိ ၊

( ၇ ) မြေ စာရင်းရှိ မှတ်ချက် များသည် တင်ပြ ထားသည့် အထောက် အထားများနှင့် သက်ဆိုင်မှု ရှိ / မရှိ ။

( စ ) ၁၉၈၇ ခုနှစ် မရွှေ့ မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်း ခြင်းကို ကန့်သတ် သည့် ဥပဒေ နှင့် ငြိစွန်းမှု ရှိ /  မရှိ ၊

 

အထက် ဖော်ပြပါ အချက်များကို စိစစ်ပြီး ပြည့်စုံ မှန်ကန်ပါက -

မြေကွက်ခွဲ အတည်ပြု ပုံစံ ခွင့်ပြုရန်နှင့် မြေကွက် ခွဲစိတ် တိုင်းတာသည့် မြေပုံ ထုတ်ပေးရန် ဌာနသည် အောက်ပါ အတိုင်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်သည် -

 

( က ) အတည်ပြု တိုင်းခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ်ခြင်း ) လျှောက်ထားမှု များအား မြေတိုင်းမှ ကွင်းဆင်း တိုင်းတာ စစ်ဆေးရန် ခွင့်ပြုချက် တောင်းခံခြင်း နှင့် မြေတိုင်း တာခြင်း ၊

( ခ ) မြေပြင်သို့ ကွင်းဆင်း တိုင်းတာ စစ်ဆေးရာတွင် အောက်ပါ အချက် အလက်များကို အခြေခံ၍ စိစစ် သွားမည် ဖြစ်သည်  -

( ၁ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြု ပုံစံတွင် ပါရှိသည့် ဧရိယာ စုစုပေါင်းနှင့် မြေစာရင်း ဧရိယာ စုစုပေါင်းတို့ ကိုက်ညီမှု ရှိ / မရှိ ၊

( ၂ ) အဆိုပြု မြေကွက် ခွဲစိတ် ပုံစံတွင် ဝင် ၊ ထွက် လမ်းသုံးစွဲ မှုနှင့် ပတ်သက်၍ လမ်း အကျယ်အဝန်း လုံလောက် မှု ရှိ /  မရှိ နှင့် လမ်းပေးမှု မှန်ကန်မှု ရှိ / မရှိ ၊

( ၃ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြု ပုံစံ ( ၃ ) စုံနှင့် အသေးစိတ် တွက်ချက်မှု ပုံစံ ( ၃ ) စုံတို့တွင် မြေကွက် ခွဲစိတ်လိုသည့် မြေပိုင် ရှင်များ သိရှိ သဘောတူ ကြောင်း လက်မှတ် ရေးထိုး ထားခြင်း ရှိ / မရှိ ၊

( ၄ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြု ပုံစံနှင့် အသေးစိတ် တွက်ချက်မှု ပုံစံတို့အား တွက်ချက်မှု မှန်ကန်မှု  ရှိ /  မရှိ ၊

( ၅ ) အဆိုပြု မြေကွက် ခွဲစိတ် အတည်ပြုမှု ပုံစံတွင် ပါရှိသည့် မူလ မြေကွက် နှင့် ခွဲစိတ် မည့် မြေကွက် များ၏ အတိုင်း အတာနှင့်မြေပြင် ရှိ အတိုင်း အတာတို့ ကိုက်ညီမှု ရှိ /  မရှိ ၊

( ၆ ) အဆိုပြု မြေကွက် အတည်ပြု ပုံစံတွင် ပါရှိသည့် မြေကွက် ခွဲစိတ် မျဉ်းသည် မြေပြင်ရှိ အဆောက်အအုံ များနှင့် ကင်းလွတ်မှု ရှိ / မရှိ ၊တို့ကို စိစစ် သွားမည် ဖြစ်သည် ။

 

စိစစ်ချက် များပြည့်စုံ မှန်ကန်ပါက ဆက်လက် ဆောင်ရွက် ပေးမည်မှာ  -

( ဂ ) အတည်ပြု တိုင်းခွဲ / ပေါင်းခွဲ ( မြေကွက် ခွဲစိတ်ခြင်း ) လျှောက်ထား မှုအပေါ် တာဝန်ခံ မြေတိုင်း ဌာနခွဲမှူးမှ ( Check by me ) တံဆိပ်နှင့် လက်မှတ် ရေးထိုး၍ တင်ပြ အတည်ပြု ခွင့်ပြု မိန့်ကို ရယူခြင်း နှင့် ခွင့်ပြုခြင်း ၊

( ဃ ) မြေကွက် ခွဲစိတ် သည့် မူလ မြေကွက်အား မြို့ကွက် မြေပုံနှင့် မြို့မြေ စာရင်း တို့တွင် ဦးပိုင် အသစ်ဖြင့် မြေတိုင်းမှ ခွဲစိတ်သတ်မှတ်ပြီး မြေကွက် ခွဲစိတ် တိုင်းတာသည့် မြေပုံ ( ၃ )  ပုံတို့ကို ရေးဆွဲ၍ တာဝန်ရှိသူ အဆင့် ဆင့်က စိစစ် လက်မှတ် ရေးထိုးပြီး ရေးဆွဲခြင်း ၊

( င ) လိုင်စင်ရ အဆိုပြု အင်ဂျင်နီယာ ပုံစံ ( ၃ ) စုံတွင် ထပ်ဆင့် လက်မှတ်ရေး ထိုးရန် နှင့် ဌာနမှ သတ်မှတ် ထားသည့် ခွင့်ပြု ပုံစံတို့တွင် မြေကွက် ခွဲစိတ် ခွင့်ပြု ရန်အတွက် ဌာနမှူးထံ အဆင့်ဆင့် တင်ပြ၍ အတည်ပြု လက်မှတ် ရေးထိုး ခြင်း ၊

( စ ) ဌာနမှူးမှ အတည်ပြု လက်မှတ် ရေးထိုး ပြီးပါက မြေကွက် ခွဲစိတ် အတည်ပြု ပုံစံ ( ၁ ) နှင့် မြေကွက် ခွဲစိတ် တိုင်းတာ သည့် မြေပုံ ( ၁ ) ပုံကို လျှောက်ထား သူထံ သို့ထုတ် ပေးခြင်း ၊ မြေကွက်ခွဲ အတည်ပြု ပုံစံ ( ၁ ) စုံနှင့် ခွဲစိတ် တိုင်းတာ မြေပုံ ( ၁ ) ပုံကို မြေတိုင်း အဖွဲ့တွင် ထားရှိပြီး ၊ ကျန်မြေ ကွက်ခွဲ အတည်ပြု ပုံစံ ( ၁ ) စုံနှင့် ခွဲစိတ် တိုင်းတာ မြေပုံ ( ၁ ) ပုံကို အမှုတွဲ တွင် ထားရှိ ခြင်းနှင့် အမှုတွဲ ထိန်းခန်း၌ သိမ်းဆည်း ခြင်း ။

 

ကိုးကား - ရန်ကုန် တိုင်းဒေသ ကြီး စည်ပင် သာယာရေး ကော်မတီ ၊ မြို့ပြ စီမံကိန်း နှင့် မြေယာ စီမံခန့်ခွဲမှု လုပ်ထုံး လုပ်နည်းများ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate