ပါမစ်မြေ နဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် သတိပြုစရာ

ပါမစ်မြေ နဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် သတိပြုစရာ
မြေကွက်ပိုင်ရှင် တချို့က �ကိုယ်ပိုင်ဆိုင်တဲ့ ပါမစ်မြေကို ရောင်းချပြီး
� နောက်ထပ် ဂရန်အသစ် ပြန်လျှောက်ကာ
� နောက်ထပ်ဝယ်သူတွေကို ထပ်မံ ရောင်းချတာမျိုးတွေ
� ရှိနေတယ်လို့ သိရပါတယ် ။
“ပိုင်ရှင်တွေက လောဘတက်တာ ၊ များသောအားဖြင့် �ပိုင်ရှင် ကိုယ်တိုင်ပဲ လုပ်တာ ၊ ပါမစ်ဝယ်ထားတဲ့ လူက �ဒုက္ခရောက်တာပေါ့၊
ပါမစ်က အရမ်း ခိုင်မာမှု ရှိတယ် ၊ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံနဲ့ �အကုန် မှတ်ထားတာ ၊
� ဂရန်က နာမည်တောင်မပါ ဘဲ ထွက်ထားတာ” လို့
� မြင့်မိုရ် အိမ် ခြံ မြေ အကျိုးဆောင်မှ ဒေါ်သိင်္ဂီမာက ပြောပါ တယ်။
* စာရွက်စာတမ်း သဘောအရ နိုင်ငံတော် အစိုးရက � ချလန်ပေးထားပြီးတော့မှ မြေချပါမစ် ထုတ်ပေးတာ ဖြစ်ပါတယ် ။
* မြေချပါမစ်က သုံးစုံ ရှိပါတယ် ။
�* တစ်စုံကို ပိုင်ရှင်ကိုပေးပြီး ကျန်တဲ့ နှစ်စုံကိုတော့ �သက်ဆိုင်ရာဌာနက သိမ်းထားပါတယ်။
�* ပိုင်ရှင်ကိုပေးထားတဲ့ တစ်စုံမှာ �ပိုင်ရှင်ရဲ့ ဓာတ်ပုံ တစ်ပုံ ၊ � ဝန်ခံကတိပြုတဲ့ စာရွက် သုံးရွက် ပါရှိရမှာ ဖြစ်ပါတယ်။
� အဲဒါဆိုရင် ပါမစ်မြေကို အရောင်းအဝယ် ပြုလုပ်လို့ရပါတယ် ။
* ဂရန် လျှောက်တော့မယ် ဆိုရင်တော့ � ပိုင်ရှင်ဆီမှာရှိတဲ့ ပါမစ် စာရွက်စာတမ်း အပြည့်အစုံကို
� ဌာနကို ပြန်အပ်ပြီးမှ ဂရန် လျှောက်ထားလို့ ရမှာ ဖြစ်ပါတယ် ။
“ အမှန်ဆို နှစ်ခုဖြစ်လို့ မရဘူးလေ ၊ � တချို့က ပါမစ်ကို ပြန်အပ်ရမှာ မအပ်ဘဲနဲ့
� တစ်ယောက်ယောက်ကို ရောင်းတယ်၊
� ဒါမျိုး မဖြစ်အောင် မြေဝယ်တော့မယ် ဆိုရင် မြေစာရင်းရုံးမှာ
� တရားဝင် စစ်လို့ ရတယ် ၊
� ဒါဆိုရင် ပါမစ်စစ်လား မစစ်လား ၊
� ဂရန် လျှောက်ထားလား မထားလား
� တရားဝင် စစ်ပြီးရင် ပြဿနာမရှိနိုင်ပါဘူး”လို့ အိမ် ခြံ မြေ အကျိုးဆောင်မှ
� ဦးအောင်မိုးကျော်က ပြောပါတယ်
တချို့မြေကွက်ပိုင်ရှင်တွေက သူတို့အရင် ရောင်းထားပြီးသား � ပါမစ်မြေကွက်တွေကို နောက်လူကို ထပ်ရောင်းချင်တာ ကြောင့်
� သူတို့ဆီမှာ ရှိနေသေးတဲ့ အထောက်အထားတချို့နဲ့
� နိုင်ငံပိုင် သတင်းစာမှာ ကြော်ငြာတွေ ထည့်ပါတယ် ။
* မြေကွက်ကို ပိုင်ဆိုင်ထားတဲ့ လက်ရှိပိုင်ရှင်က � အဲသည် ၎င်းကြော်ငြာစာကို မတွေ့ခဲ့ရင် ဂရန် ရသွားနိုင်ပြီး
�* အဲသည်အခါမှာ ဝယ်ယူထားတဲ့ မြေကွက်နဲ့ ပတ်သက်ပြီး
� အရှုပ် အရှင်းတွေ ဖြစ်လာနိုင်ပါတယ် ။
“ဒီလိုတွေ မဖြစ်အောင် ပါမစ်နဲ့ ဝယ်ထားတဲ့ စာချုပ် ၊ � - ပါမစ်က အတုလုပ်လို့ ရတာကြောင့်
� - ပါမစ်မူရင်း ဟုတ် မဟုတ် ၊
� - အရောင်းအဝယ် စာချုပ် စစ် မစစ် ဆိုတာကို သက်ဆိုင်ရာဌာနမှာ
� - သွားစစ်ရပါမယ် ၊
တချို့ကတော့ မြေကိစ္စကို နားမလည်ကြတာပေါ့ ၊ � အရပ်ပွဲစားတွေကလဲ နားမလည်တော့
� ပါမစ် အစစ်မှန်း အတုမှန်း မသိရာက ဖြစ်လာကြတာ”လို့
� ကောင်းကောင်း ( ၂ ) အိမ် ခြံ မြေ အကျိုးဆောင်မှ
� ဦးအောင်မိုးကျော်က ပြောပါတယ်။
� ဒါကြောင့် မြေကွက် ဝယ်ယူတဲ့အခါ
�* ပါမစ်မြေ လား ၊ ဂရန်မြေ လား ဆိုတာကို သေချာသိဖို့ လိုအပ်သလို
� စရန် မရိုက်ခင် ရုံးမှာ သွားစစ်သင့်ပါတယ် ။
�* မှန်တယ်ဆိုမှ စရန် ရိုက်ရမှာ ဖြစ်ပြီး
� နာမည်ပေါက် သေချာပြီဆိုရင်တော့
� ငွေအကျေ ချေသင့်တယ်လို့ သိရပါတယ် ။
( အိမ် ခြံ မြေ ဆောင်းပါးများ မွှေနှောက် ဖတ်ရှုရင်း အကျိုးရှိစေမယ့် ဆောင်းပါးများအား ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ် )
# Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...