မြေချပါမစ် ဝယ်ရင် ဒါမျိုးလေးတွေ သတိထားပါ။

မြေချပါမစ် ဝယ်ရင် ဒါမျိုးလေးတွေ သတိထားပါ။
တလောက အမှုသည်တစ်ယောက်မှ ကျွန်တော်အား မြေချပါမစ် မူရင်းဖြင့် ဂရန်သစ် လျှောက်ရန် အလုပ်အပ်ပါတယ်။
လိူင်သာယာမြို့နယ် မြေကွက်ပါ။ အရင်အချိန်တုံးက လိူင်သာယာမြို့နယ် မြေကွက် တော်တော်များများမှာ မြို့တော်ခန်းမတွင် ဂရန်သစ်မလျှောက်ရပဲ
အိုး အိမ် ရုံးချုပ် ( ဗိုလ်ချုပ်လမ်း ) တွင် လျှောက်ရပါတယ်။
မူလမြေ အမည်ပေါက်မှာ ဦးဘ ( အမည်လွှဲ ) ဖြစ်ပါတယ်။
ဦးဘမှ ဒုတိယလူ ဒေါ်ဖြူ ကိုရောင်းပါတယ် ။ဂရန်လျှောက်မည့်အမက ဒေါ်ဖြူဆီက ဝယ်ပါတယ် ။ ကျွန်တော်ဆီ မရောက်ခင်လွန်ခဲ့သော ခြောက်နှစ်ခန့်က ဝယ်ခဲ့ခြင်း ဖြစ်ပါတယ်။ထိုဝယ်စဉ်က ဝယ်သည့်အမက နားမလည်သဖြင့် မြေအမည်ပေါက် ပိုင်ရှင်ဦးဘနှ
င့် ဒေါ်ဖြူ ချုပ်ထားသည့် အရောင်းဝယ်စာချုပ်ကို မယူခဲ့ပါဘူး ။ မြေချပါမစ် မူရင်း ၊ဒေါ်ဖြူနှင့် ကျွန်တော်မိတ်ဆွေ အရောင်းဝယ်စာချုပ်တို့ကိုသာ ယူခဲ့ပါတယ် ။ထိုအချိန်ကာလ ဝယ်ယူသည့်ငွေမှာ သိန်းသုံးဆယ် ဖြစ်ပါတယ်။
ဂရန်လျှောက်ရန် လာရောက်သည့်အချိန်မှာ အဆိုပါ မြေကွက်မှာ သိန်း၄၀၀ခန့် ပေါက်စျေး ရှိပါတယ်။
မြေကွက် စတင်ဝယ်စဉ် အချိန်က လိူင်သာယာမြို့ တည်ကာစ ဖြစ်သဖြင့် မြေကွက်ပတ်ဝန်းကျင်မှာ အိမ်များ ရှိမနေပါ။အဆိုပါရပ်ကွက်မှာ လူနေအိမ် အနည်းငယ်သာ ရှိပါတယ်လို့ သိရပါတယ်။
မြေချပါမစ်တွင် ပါသော မိသားစုဓာတ်ပုံတွင် သားမိသားဖ သုံးယောက်ပုံ ပါရှိပါတယ်။ မိခင်ဖခင်နှင့် သားဖြစ်သူမှာ မြေချပါမစ် ရစဉ်က တစ်ဆယ့်နှစ်နှစ်ခန့် ရှိပါတယ်။
မြေချပါမစ် မူရင်းဖြင့် ဂရန်သစ်လျောက်ရန် ကျွန်တော်မှ အလုပ် လက်ခံလိုက်ပါတယ်။ စာချုပ် အဆက်ဆက်မိစေရန် အလုပ်အပ်သောအမ ကို ဆောင်ရွက်ခိုင်းပါတယ်။
ဂရန်သစ် လျောက်ပြီး တစ်လခန့် ကြာသောအခါ ဌာနမှ အကြောင်းကြားစာ ပို့ပါတယ်။အဆိုပါ မြေကွက်အား လွန်ခဲ့သော ငါးနှစ်ခန့်က ပါမစ်ပျောက်ဖြင့် မြေချပါမစ် ရရှိသူ ဦးဘကိုယ်တိုင် ဂရန်သစ်လျှောက်ခဲ့ပြီး မြေငှါးဂရန်အား ဦးဘမှ ထုတ်ယူသွားကြောင်း ၊ကျွန်တော်တို့ လျှောက်ထားသည့် ဂရန်သစ် အမူ့တွဲပါ စာချုပ်တွင် ရေးထိုးထားသော ဦးဘ၏လက်မှတ်မှာ မတူကြောင်းအကြောင်းကြားပါတယ်။
ကျွန်တော့်မိတ်ဆွေ အမမှ ဂရန်သစ် လျှောက်သည့် မြေကွက်အား သွားရောက်ကြည့်ရူရာ အဆိုပါမြေပြင်တွင် ဦးဘမှာကွယ်လွန်ပြီး ဦးဘရဲ့သားဖြစ်သူ မြေချပါမစ်တွင် ပါသော ကောင်လေးမှာ မိန်းမနှင့်ခလေးတစ်ယောက်နှင့် မြေကွက်ပေါ်တွင် အိမ်အခိုင်အမာဆောက် နေထိုင်လျက်ရှိကြောင်း တွေ့ရပါတယ်။
ကျွန်တော်မိတ်ဆွေအား ရောင်းချသူ ဒေါ်ဖြူအား လိုက်ရှာဖွေသောအခါ ရှာမတွေ့တော့ပါ။ကျွန်တော်တို့မှာ ဦးဘနှင့်ဒေါ်ဖြူအရောင်းအဝယ် ချုပ်ထားသော စာချုပ်သာရှိလျင် တရားဆွဲဖယ်ခိုင်းလို့ ရပါတယ်။ အခုတော့ ပါမစ်မူရင်း ကိုင်ထားပြီး ပိုင်ရှင်ဟု မဆိုနိုင်တော့ပါ။
ကျွန်တော် အကြံပြုလိုသည်မှာ
1- ပါမစ်မူရင်းနှင့်တကွ စာချုပ်အဆက်ဆက် ရအောင် တောင်းပါ။
2- မြေချပါမစ်တွင် ပါသော ပါမစ်အမည်ပေါက် ပိုင်ရှင်ရဲ့ လက်မှတ်အား တူ မတူ စစ်ဆေးပါ ။ အရပ်ကတိ အရောင်းဝယ်စာချုပ် အဆက်ဆက်ပါ လက်မှတ်များ သေချာစစ်ဆေးပါ။
3- မြို့တော်စည်ပင် အိုး အိမ် ရုံး အမူ့တွဲခန်း မြေယာရုံးခွဲများတွင် ပါမစ်အတုအစစ် ကန့်ကွက်ထားခြင်း မြေရာဇဝင် ရှင်း မရှင်း စစ်ဆေးပါ။
4- မြေကွက်အား မကြာခဏ ကျူးကျော်နေထိုင်သူ
ရှိ မရှိ စစ်ဆေးပါ။
5- ကျွမ်းကျင်သူ ရှေ့နေနှင့် ဝယ်လျှင်တော့
အကောင်းဆုံးပါ။
မိတ်ဆွေများ ရောင်းမှား ဝယ်မှား ကင်းကြပါစေ
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...