ပါမစ် အတု ရဲ့ အင်္ဂါရပ်လေးတွေ ဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။

ပါမစ် အတု ရဲ့ အင်္ဂါရပ် လေးတွေဗဟုသုတ အဖြစ် ရေးသားပေး ပါမယ်။
အခုလက်ရှိ ပါမစ်တွေ ကတော့ ဝယ်လိုက် အမြတ်နည်းနည်း ရရင် ပြန်ရောင်း လိုက်နဲ့ သူ့ဟာသူတော့ လည်ပတ် နေတာပါဘဲ။
အခြား မြေအမျိုးအစား တွေထက်လဲ အရောင်းသွက်တဲ့ မြေအမျိုးအစား တစ်ခုဖြစ် နေပါတယ် ။
အဲ့တော့ အရောင်းသွက်တဲ့ မြေတစ်ခုဖြစ်တဲ့ ပါမစ်မြေကို အဝယ်မမှားအောင် သိထားစေချင်ပါတယ်။
အတုကို အကြမ်းအားဖြင့် (၃) မျိုး ရှိပါမယ်။
နံပတ် ( ၁ ) အနေနဲ့ကတော့ လုပ်ရိုး လုပ်စဉ်အတိုင်း စာရွက်အတုရိုက် ၊ တံဆိပ်အတုထု ၊ လက်မှတ်အတုထိုး ထားတဲ့ ပါမစ်မျိုး ဖြစ်ပါတယ်။
နံပတ်( ၃ ) အမျိုးအစားကတော့ မိတ္တူကူး ၊ Scan ဖတ်ခြင်းပါ ။ အိီလကထြရောနဈ စက်ပစွည်းတွေ
ခေတ်မှီ တိုးတက်လာ တဲ့အတွက် မူရင်းနဲ့မခြား မိတ္တူပွားတဲ့ သဘောပါ ။ ဒါပေမဲ့ ထူးခြားတာက မူရင်းစာရွက်နဲ့ မတူတဲ့ အချက်ပါ ။ စာရွက်သား မတူသလို မင်ကျ မင်န လည်းမတူပါဘူး ။ ဒါပေမဲ့ အမွတ္တမဲ့ဆို မခွဲနိုင်ပါဘူး ။
မကြာခဏ လည်း ရောင်းမှား ဝယ်မှား ဖြစ်ကြပါတယ် ။ တစ်ခါတစ်လေ လည်း မြေကွက်ရှင် တစ်ဦးဦးကို မိတ္တူပေးပြီး ရောင်းပေးဖို့အပ်ထားရာက
သူလည်းရောင်း ၊ ကိုယ်လည်းရောင်း ဆုံတတ်လို့ မိတ္တူနဲ့ စပ်တဲ့သူကို အတုရောင်းတယ် လို့လည်း မှားတတ်ကြပါတယ် ။
မှားတတ်တာ တွေကတော့ အများကြီးရှိပါတယ် ။
သို့သော် ယခုဖော်ပြသော အကြောင်းအရာ အပေါ်မှာ ရောင်းမှားဝယ်မှား မဖြစ်ကြစေရန်
သိထားစေလိုပါသည်။
Credit - ဥပဒေရေးရာ
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...