မြေငှါးစာချုပ် ( ဂရန် ) ပျောက်သွားလို့ ပြန်လျှောက်မယ်ဆိုရင် ဘယ်လို ပြန်လျှောက်ရမလဲ ။ စာရွက်စာတန်းတွေက ဘာတွေ လိုအပ်မလဲ။ ဘာမှစိတ်မပူပါနဲ့ ပြန်လည်လျှောက်ထားဖို့အတွက် နည်းလမ်းတွေကို စနစ်တကျပြောပြပေးပါမယ်

မြေငှါးစာချုပ် ( ဂရန် )ပျောက်သွားလို့ ပြန်လျှောက်မယ်ဆိုရင် ဘယ်လို ပြန်လျှောက်ရမလဲ ။ စာရွက်စာတန်းတွေက ဘာတွေ
လိုအပ်မလဲ ။ ဘာမှစိတ်မပူပါနဲ့ ပြန်လည် လျှောက်ထားဖို့ အတွက် နည်းလမ်းတွေကို စနစ်တကျ ပြောပြပေးပါမယ်
ကဲ …. ဒါဆို အောက်က အချက်လေးတွေကို တချက် ကြည့်လိုက်နော်
မြေငှားစာချုပ် ( ဂရန် ) ပျောက်ဆုံး / ပျက်စီးလျှင် မြေငှားဂရန် စာချုပ်မူရင်း ပျောက်ဆုံးလျှင် သော်လည်းကောင်း ၊ ပျက်စီးလျှင် သော်လည်းကောင်း မြေငှားဂရန် စာချုပ် မိတ္တူ လျှောက်ထားနိုင်ပါသည် ။
ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင် မြေငှားစာချုပ် ( ဂရန် ) မိတ္တူမှန် ထုတ်ပေးပါမည် ။ နိုင်ငံသားစီစစ်ရေး ကတ်ပြား ၊ မြေငှားဂရန် စာချုပ် အမှန်တကယ် ပျောက်ဆုံး ပျက်စီးကြောင်း
တရားရုံး ကျမ်းကျိမ်လွှာ ၊ ပျောက်ဆုံးခြင်းကြောင့် ဖြစ်ပါက မြို့နယ်ထွေ / အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက် ၊ ရဲစခန်းသို့ တိုင်ကြားချက် ၊
မှတ်ပုံတင် စာချုပ်စာတမ်း ( သို့မဟုတ် ) တရားရုံး စီရင်ချက်နှင့် ဒီဂရီအရ လျှောက်ထားခြင်း ဖြစ်လျှင် ယင်းအထောက်အထားများ ၊
နောက်ဆုံး ပေးဆောင်ထားသည့် မြေခွန်ပြေစာ ( မူရင်း ) တို့နှင့်အတူ ဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။
# စီစစ်ထုတ်ပေးခြင်း
...................................
- ဋ္ဌာနမှ ကွင်းဆင်း စစ်ဆေးခြင်း
- မြို့နယ်ထွေ / အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးများတွင် ( ၁၄ ) ရက်အတွင်း
- ကန့်ကွက်နိုင်ကြောင်း ကြေငြာခြင်း နှင့် သတင်းစာများတွင် သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
- ကန့်ကွက်သူ မရှိ ၊ တရားရုံး အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာ တစ်စုံတရာ မရှိပါက ဂရန်သစ် ထုတ်ပေးစဉ်
သကဲ့သို့ပင်
- သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေငှားဂရန် မိတ္တူ ထုတ်ပေးပါသည် ။
- မြေငှားဂရန် စာချုပ် အမှန်တကယ် ပျောက်ဆုံး ပျက်စီးကြောင်း တရားရုံး ကျမ်းကျိမ်လွှာ ဂရန်မိတ္တူတွင် အခွန်တံဆိပ်ခေါင်း
ကပ်ရန် မလိုပါ။
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...