မြေဝယ်မကျ ဆိုသည်မှာ... မြေဝယ်မကျ ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ/မြေ နှင့် ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမမခံ နိုင်ပါ။ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။

မြေဝယ်မကျ ဆိုသည်မှာ... မြေဝယ်မကျ  ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ/မြေ နှင့် ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမမခံ နိုင်ပါ။ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။

         မြေဝယ်မကျ ဆိုသည်မှာ ...  မြေဝယ်မကျ  ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ / မြေ နှင့် ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမ မခံ နိုင်ပါ ။ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို ၊ လုံးဝ မဝယ်သင့်တဲ့ ခြံမျိုးလည်း ရှိပါသည် ။ မြေပိုင်ဆိုင်မှု စာချုပ်စာတန်း အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုး ရှိပါသည် ။ ဝယ်ထားသော ခြံသည် ပိုင်ဆိုင်မှု့  ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။

 

        မြေ အရောင်းဝယ်မှာ မြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို ဝယ်ယူခြင်း ဖြစ်ပါသည်။ ဂရံမြေ  လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ ပိုသဘောကျ နှစ်သက်ကြသည် ။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ ။ ▪သစ်တော ဂရံမြေ  ▪ စိုက်ပျိုး ဂရံမြေ ▪ စက်မှုဇုံ ဂရံ မြေ ▪ လူနေထိုင်အိမ် ဂရံမြေ အမျိုးမျိုးရှိသည် သစ်တော ဂရံမြေ သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး ၊  မိသားစု တစ်အိမ်စာ ဆောက်လုပ်ခွင့် မှ အပ အခြားစီးပွားရေး ပြုလုပ်ရန် ( သို့မဟုတ် ) ခြံပိုင်း၍ ရောင်းဝယ်ရန် မလွယ်ကူပါ ၊ ခွင့်ပြုချက် အဆင့်ဆင့် လျှောက်တင်ရပါမည် ။ 

 

          စိုက်ပျိုး ဂရံမြေ အစိုးရမှ တိုက်ရိုက် ထုတ်ပေးသော ဂရံ ( စလစ် ) မြေအငှားစာချုပ် ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ် ပြုလုပ်ခွင့် ၊ အကွက်ရိုက် ရောင်းချခြင်း လုံးဝ ပြုလုပ်ရန် မသင့် ၊ ထို့သို့ ပြုမည် ဆိုပါက အစိုးရမှ အချိန်မရွေး ပြန်သိမ်းနိုင်သည် ။ စက်မှုဇုံ ဂရံမြေ က - ( ၃၀ ) ဖြင့် ခွင့်ပြုချက် ကျပြီး ၊ စက်မှုလုပ်ငန်းမှ အပ ။ ( 3 ) ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည် ။ လူနေထိုင်အိမ်ဂရံ ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက် လုပ်ရန် ဥပဒေ အရ သော်၄င်း ၊ အရောင်းဝယ် ပြုရန်မှာ အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည် ။

 

           စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်း ဖြင့် ။ ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည် ၊ မခိုင်မာသော ဂရံ မြေများလည်း ရှိသည့် နည်းတူ ၊ အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံမြေ များလည်း ရှိသည် ။ မှတ်ချက် - ဂရံမြေ များသည် အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းပါက အချိန်မရွေး သိမ်းယူ နိုင်ပါသည် ။ ပြည်သူရွေးကောက် တင်မြှောက်ထားသော အစိုးရ ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည် ။ ပါမစ်မြေ ဂရံ ပြောင်းလျှောက်မည် ဆိုပါက လွယ်ကူပြီး ခိုင်မာမှု့ ရှိသော မြေ ပါ ၊ သို့သော် ပါမစ်မြေ ဝယ်ယူမည် ဆိုပါက သတိထားပါ ၊ အကောင်းဆုံးရှေ့နေ ငှားရမ်းပြီး စီစစ်ပါ ၊ စရံချပြီး သတင်းစာတွင် ကြေငြာ ထည့်ပါ ။ ပါမစ်မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှု စာရွက်စာတမ်း / အိမ်ထောင်စု စာရင်းကဲ့သို့ မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက် ပါရှိရပါမည် ။ မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည် ။ ပြေစာ ( စလစ် ) ပြေစာ စလစ် ဖြင့် ပြသနိုင်သော မြေ များသည် အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည် ။ 

 

       သို့သော် စည်ပင် ဧရိယာ အပြင်ဘက်မှ မြေမျိုးများ ဖြစ်ပြီး မြို့မြေ ဧရိယာအတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်နိုင်ပါသည်။       ▪ Gပြေစာ ( စလစ် )  ▪  R / G ပြေစာ ( စလစ် ) ▪  L ပြေစာ ( စလစ် ) ▪  စ / ပြေစာ ( စလစ် ) ▪  ပုံစံ ( 5 ) ပြေစာ ( စလစ် ) ▪ ရွာမြေ          ပြေစာ ( စလစ် ) ▪   R4 ပြေစာ ( စလစ် ) G ပြေစာ ( စလစ် ) အရောင်းဝယ် အတွက် စိတ်ချရပြီး (  ခြံမြေ ) ဟု ခေါ်ဝေါ် ကြသည်။      အရှုပ်ရှင်း အနည်းငယ်သာ ရှိမည် ( အမွေဆိုင် ) အိမ်ဆောက်လုပ် / လူနေထိုင် နိုင်သည် ။ သို့သော် ဥပဒေ အရ ပိုမို တရားဝင် လိုလျှင်     သ / အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ ထိုင်နိုင်ပါသည် ။  R / G ပြေစာ ( စလစ် ) လယ်မှ ပုံစံပြောင်းထားသော မြေ       ဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစု နေအိမ် အတွက် ( လယ်အိမ် ) ပြောင်းလျှောက် ပြီး ။ G ပြေစာ ( စလစ် ) သို့မဟုတ် /က ၃၀ အဖြစ်            ပြောင်း လျှောက်နိုင်သော မြေ ဖြစ်သည် ။

 

    L ပြေစာ ( စလစ် ) သစ်တောမှ မြေအငှား / ဂရံ ( သို့ ) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး ( အခြား ) ပြောင်းလျှောက်ခွင့် မှာ     ရရင် ရ ၊ မရရင် မရ ပါ ။ ဝယ်မည် ဆိုပါက ဌာနဆိုင်ရာ သို့ အကြောင်းကြား၍ လုပ်သင့်သည့် အရာများ ၊ ညွန်ကြားချက် အတိုင်း           လိုက်နာ၍ ပြောင်းလွဲရပါမည် ။ အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း ။ စ / ပြေစာ ( စလစ် ) အရောင်းဝယ် မပြုလုပ်လျှင် ပို           ကောင်းမည် ။ အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ  ( သို့မဟုတ် ) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန် အတွက် သီးသန့်သာ           ဖြစ်ပြီး တစ်မိသားစုမှ အပ အခြားအိမ်များ ဆောက်လုပ်ခွင့် မရှိပါ ၊ အခြား မြေသို့ ပုံစံပြောင်း လျှောက်၍ မရပါ ။ အလွန် ခက်ခဲ            မည် ။ အရှုပ်ရှင်း ဖြေရှင်းရမည် ။ အကွက်ရိုက် ရောင်းချခြင်း မရှိပါ ၊ အစိုးရမှ အလွယ်တကူ ပြန်လည် သိမ်းယူနိုင်ပါသည် ။

 

     ပုံစံ ( 5 ) ပြေစာ  ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး ၊ စက်မှု့ဇုံ ၊ လူနေအိမ် ၊ အကွက်ရိုက်ရောင်း စသည့် အရာ     များ ခွင့်ပြုချက် လျှောက်၍  ပြုလုပ် နိုင်ပါသည် ။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း ၊ မြို့ဧရိယာ တိုးချဲ့ ခြင်း စသည့် အရာများ ပြု            လုပ်နိုင်သည် ။ ( အရှုပ်ရှင်း မရှိပါ / အဓိက မြေစာရင်းရုံးပါ ) ရွာမြေ ပြေစာ ( စလစ် ) မြေ အမျိုးအစားတွင် ခိုင်မာမှု ရှိပြီး Google       Map  တွင်လည်း Singnal ပြသမည် ။ Singnal မပြသ သော်လည်း R4 ( or ) G မြေ ဖြစ်နေပါက ရွာမြေ  / ခြံမြေ အမျိုးစားတွင် 

    ထည့်သွင်း နိုင်ပါသည် ။ အစိုးရ စီမံကိန်း ရှိသော်လည်း မပယ်ဖျက်နိုင် ၊ စက်မှုဇုံလည်း ဝင်လာ၍ မရနိုင် ၊ ပြန်သိမ်းယူမည့် စိုးရိမ်မှု့          မျိုး အရှင်း မရှိ ။ 

 

     R4 ပြေစာ ( စလစ် ) ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည် ။              အစိုးရ မဖျက်သိမ်းပါ ။ လူနေခွင့် ရှိပါသည် ။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစား သို့ ပြောင်းလျှောက်ရန်          လွယ်ကူပါသည် ။ လယ် ဧရိယာအတွင်းတွင် မပါဝင်ရန်သာ လိုသည် ။ ( အရှုပ်ရှင်း ကင်းရှင်းပါသည် ) လယ်မြေ ပေမယ့် အ                ရောင်းဝယ် ပြုလုပ်ရာတွင် လွယ်ကူပါသည် ။ ( R1 ) ( R2 ) ( R3 ) လယ်များသာ အရောင်းဝယ် မပြုလုပ်ရန် သတိထားရပါမည်။ 

 

    လမ်းမ ဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့မဟုတ်) ပုံစံ ( 5 ) သို့ ပြောင်းလျှောက်နိုင်သည် ။ တစ်ခု သိထားရမည်မှာ       မြန်မာနိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး  မြို့နယ် ( ရပ်ကွက် ) တိုးချဲ့ခြင်း လုပ်ငန်းမှာ  လယ်မြေကိုသာ အသုံးများဆုံး ဖြစ်     ပါသည် ။ ဘိုးဘွားပိုင်မြေ မျက်မြင် အထောက်ထား တွေ့ရန် အလွန်  ခက်ခဲပါသည် ။ Admin မတွေ့ဖူး၍လဲ ဖြစ်နိုင်ပါသည် ။               ဘိုးဘွားပိုင်မြေသည် ကတ္ထီပါအသားဖြင့် ပိတ်ပေါ် တွင် စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်စာတမ်း အမျိုးစား            ဖြစ်သည် ။

 

    ခိုင်မာမှု့ တွင် ဂရံမြေ ထက် အဆများစွာ သာသည် ။ ခေတ်အဆက်ဆက် အမွှေဆက်ခံခွင့် ရှိပြီး ၊ အရောင်းဝယ် ပြုလုပ်ရာ ၌                 အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည် ။ အရှုပ်ရှင်းဆိုသည်မှာ မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ၊ ပေါင်နှံထားခြင်း ၊ အစိုးရ စီမံကိန်း နှင့်     မလွတ်ကင်းခြင်း ၊ သစ်တောမြေ များအား ပိုင်းရောင်းခြင်း ၊ အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးမြေဂရံများ ရောင်းချခြင်း ၊ ပုံစံ      ( 7 ) သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်းများ ဖြစ်ပါတယ် ။ 

 

     မြေဝယ်ယူမည် ဆိုပါက ထိုအရာများ နှင့် မသက်ဆိုင်သော မြေများမှာ အရှုပ်ရှင်းကင်း သည်ဟု ဆိုရပါမည် ။ မြေဝယ်ယူမည် ဆိုပါ     က မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ ၊ အမွေဆိုင်များ ရှိပါက ထိုသူများအား ရောင်းရန် သဘောတူ     ကြောင်းအား မိမိ ( ရှေ့နေ  ) အရှေ့တွင် ခံဝန် လက်မှတ် ရေးထိုးခိုင်းပါ ။ ပေါင်နှံထားခြင်း ရှိ မရှိအား စစ်ဆေးပါ ၊ ဘဏ် ( သို့မဟုတ်)      ရပ်ကွက် အုပ်ချုပ်ရေးမှုး သို့ စစ်ဆေးနိုင်ပါသည် ။ သစ်တောမြေ ဟုတ် /မဟုတ် ကြောင်းကို ပြေစာ ( စလစ် ) တွင် စစ်ဆေးနိုင်            ပါသည် ။ သစ်တောမြေ ဆိုပါက မြေဦးပိုင်မှာ ( L ) စာလုံးပါမည် ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်) စိုက်ပျိုးမြေ ဆိုပါ         က ပြေစာ ( စလစ် ) တွင် ( စ ) စာလုံးပါမည် ။ မဝယ်ပါက ပို၍ ကောင်းမည် ။ လယ်မြေဝယ်ယူမည် ဆိုပါက ပုံစံ ( 105 ) စစ်ဆေး          ပါ ၊ ပုံစံ ( 7 ) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည် ။ ကူးယူ ဖော်ပြပါသည် ။

 

Credit (  ဥပဒေရေးရာ )

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!