ဂရန်မြေ ဘယ်လို ဝယ်ယူ ရမလဲ မသိသေး သူတွေ အတွက် ဂရန်မြေ ဝယ်ယူ နည်းကို အနှစ်ချုပ် ဖော်ပြ ပေးလိုက် ပါတယ် ။ ဂရန်မြေ တရားဝင် ဝယ်ယူနည်း

ဂရန်မြေ ဘယ်လို ဝယ်ယူရမလဲ မသိသေးသူ တွေအတွက် ဂရန်မြေ ဝယ်ယူ နည်းကို အနှစ်ချုပ် ဖော်ပြပေး လိုက်ပါတယ် ။
ဂရန်မြေ တရားဝင် ဝယ်ယူနည်း
ဂရန်မြေ ဝယ်ယူလျှင် အောက်ပါ အဆင့်များ လုပ်ဆောင်မှ ပြည့်စုံ ပါတယ် ။
အရောင်း အဝယ် စရန်ကြီး ( စရန်ငွေ ) မပေးမီ ( ၃ ) ဆင့် လုပ်ဆောင် ရပါမည်...
1 ။ ဘယ် လောက်ပင် ရင်းနှီး ကြပါစေ ဂရန်မိတ္တူ ကိုယူ၍ စည်ပင် / ထွေအုပ် စတဲ့ ဌာန တွေမှာ စစ်ဆေးပါ ။
2 ။ စရန်ကြီး ပေးခါနီး မူရင်း ဂရန်ကို မြင်တွေ့ရ မှသာ စရန်ချပါ ။
3 ။ စရန် ချပြီး သည်နှင့် တပြိုင်နက် နိုင်ငံပိုင် သတင်းစာတွင် ကန့်ကွက်ရန် ရှိ / မရှိ ကြော်ငြာ ထည့်ပါ ။
၄ ။ မျိုးရမှ ငွေအပြေ ချေပါ ။
1 ။ အရောင်း အဝယ် ပြုလုပ် ရန်အတွက် ထုတ်ယူ ထားသော မြေပုံ မြေရာဇဝင် ။
( အောက်တွင် ပုံတွဲပြီး ဖော်ပြ ထားပါတယ် )
2 ။ မူရင်း ဂရန် အမည် ပေါက်ထံမှ SP ။
3 ။ မူရင်း ဂရန် နှင့် ဆက်စပ် စာချုပ်များ ။
4 ။ မြေကွက် နှင့် တိုက် လက်ရောက် ရယူပါ ။
ဝယ်ယူပြီး နောက် ၃ - ဆင့် ။
1 ။ တန်ဘိုး လျော့ ချုပ်သည့် စာချုပ် တစ်ဆောင်နှင့် မြေပုံ မြေရာဇဝင်ကို “ ရာဖြတ် ” တင်ပါ ။
2။ “ ရာဖြတ် ” ၏ ၊ သတ်မှတ် တန်ဖိုးအရ “ အခွန်တော်ခေါင်း ” နှင့် “ မှတ်ပုံတင် ကြေး ” တို့ဖြင့် မှတ်ပုံတင် စာချုပ်ချုပ် ဆိုပါ ။
3။ အားလုံး ပြီးမှ မြို့တော်စည်ပင် / ခရိုင်ထွေ အုပ်တွင် “ ဂရန် ” နှင့် “ မြေကွက် ” အမည် ပြောင်းပါ ။
အသေး စိတ်ကို ထပ်မံ ဖော်ပြ ပေးပါမည် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...