ပိုင်ရှင်က ၁၀၅ လို့ပြောတာနဲ့ အိမ်ဆောက်လို့ရမရ သိချင်ပါတယ် ။

ပိုင်ရှင်က ၁၀၅ လို့ပြောတာနဲ့ အိမ်ဆောက်လို့ရမရ သိချင်ပါတယ် ။

မေး ။  ။ ကျွန်တော် နယ်မြို့လေးမှာ အိမ်ဆောက်ပြီး နေချင်လို့ 

မြေကွက်လေး တစ်ကွက်ဝယ်ဖို့ စိတ်ကူး ရှိပါတယ် ။ ကျွန်တော်

နေချင်တဲ့  နေရာလေးမှာ အကွက်ကောင်းလေး တစ်ကွက် 

တွေ့ထားပါတယ် ။ ပိုင်ရှင်ကတော့​ ၁၀၅ လို့ ပြောတာပဲ ။ 

ဒါနဲ့ အိမ်ဆောက်လို့ ရ မရ သိချင်ပါတယ် ။


ဖြေ ။  ။  ၁၀၅ ဆိုတဲ့ ပိုင်ဆိုင်ကြောင်းပြ စာရွက်စာတမ်းမှာက 
            ( 1 ) လယ်မြေ

            ( 2 ) ယာမြေ
            ( 3 )  ရွာမြေ 

            ( 4 ) ဥယျာဉ်ခြံမြေ 

            ( 5 )  မြို့မြေ   

 ဆိုပြီး အမျိုးအစား ( 5 ) မျိုး နဲ့ ဖော်ပြ ပါရှိပါတယ် ။


        ပုံစံ ( ၁၀၅ ) ဆိုတဲ့ စာရွက်စာတမ်း ကို ကြည့်ခြင်းအားဖြင့် 

ဘယ်မြေ အမျိုးအစားထဲမှာ ပါတာလဲ ဆိုတာကို လွယ်လွယ်ကူကူ 

သိ နိုင်ပါတယ် ။ အဲဒီ ပုံစံ ၁၀၅ မှာတွင် ရေးကူးပေးသည့် 

အကြောင်းအရာ များစွာ ပါဝင်ပါတယ် ။ 
 ( 1 ) ဂရန် လျှောက်ထားရန်
 ( 2 )  အုတ်တံတိုင်း ကာရန်
 ( 3 )  နေအိမ် ဆောက်လုပ်ရန်
 ( 4 )  တရားရုံး တင်ပြရန် စသဖြင့် ပါရှိပါတယ် ။


           စာရွက်စာတမ်း ( ၁၀၅ ) မှာ လယ်မြေ ၊ ယာမြေ ၊ ဥယျာဉ်ခြံမြေ 

ဖြစ်ပါက အိမ်ဆောက်လုပ် နေထိုင်ခွင့် မရှိပါဘူး ။ တကယ်လို့ဆောက်လုပ် 

နေထိုင်ချင်တယ် ဆိုရင်တော့ သက်ဆိုင်ရာကို အခြားနည်း အသုံးပြုခွင့် 

လျှောက်ရပါမယ် ။ ခွင့်ပြုပြီဆိုမှသာ ဆောက်လုပ် နေထိုင်ခွင့် ရှိပါတယ် ။


      မြေစရင်း ပုံစံ ( ၁၀၅ ) မြို့မြေ ဖြစ်ပါက ဂရန် ဆက်လက် လျှောက်ထား

နိုင်ပါတယ် ။ ပုံစံ ( ၁၀၅ ) မြို့မြေ ဖြစ်ပါက အိမ်ဆောက်လုပ်နေထိုင်ခွင့်

 ရှိပါတယ် ။ 


      ပုံစံ ( ၁၀၅ ) မြို့မြေ ကို ရောင်းချလျှင် မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ် 

ချုပ်ဆို၍ မရနိုင်ပါ ။ ဒါပေမယ့် ဝယ်သူက သက်ဆိုင်ရာ ဌာနမှာ အမည်ပြောင်းပြီး 

ဂရန် ဆက်လက် လျှောက်ထားနိုင်ပါတယ် ။


 🏡 အိမ် ခြံ မြေ နှင့် ပတ်သက်သော ဗဟုသုတ ပေါင်းများစွာကို လေ့လာပြီး 

အထာကျကျ ရောင်းဝယ်နိုင်ဖို့ အောက်က Linkလေးကိုနှိပ်လိုက်ပါနော်👇🏻


<<https://www.yuzanarland.com/g/aSBIF >>

 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate