စာချုပ်ချုပ်ရာတွင် စာချုပ်တွင်ရေးသားထားသော ဥပဒေနဲ့ညီသော အချက်အလက်များထည့်သွင်းချုပ်ဆိုခြင်းနှင့်တခြားဆောင်ရွက်ရမည့်အချက်များ

စာချုပ်ချုပ်ရာတွင် စာချုပ်တွင်ရေးသားထားသော
ဥပဒေနဲ့ညီသော အချက်အလက်များထည့်သွင်းချုပ်ဆိုခြင်းသည်
အရေးကြီးတာမှန်ပေမယ့်တခြားဆောင်ရွက်ရမည့်အချက်များမှာ
မိမိဝယ်ယူထားသော မြေကွက် အဆောက်အအုံကို
လက်ဝယ်ရရှိထားရန် အထူးလိုအပ်ပေသည်။
ဝယ်ထားပြီးမြေကွက်ကိုပစ်ထား၍မဖြစ်ပါ။
မြေကွက်ကို ရှင်းလင်း ခြင်း ၊
သက်ဆိုင်ရာရက်ကွက် အာဏာပိုင်များထံ
မိမိဝယ်ယူလက်ရှိဖြစ်ကြောင်း အကြောင်းကြားထားခြင်း ၊
မကြာခဏ သွားရောက်ကြည့်ရှုခြင်း ၊
ဘေးခြံနီးချင်းအား မိမိပိုင်ဖြစ်ကြောင်း အသိပေး၍
စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန် လိုအပ်ပေသည်။
သို့မှသာ ထပ်မံရောင်းချခြင်း ကိစ္စရပ်များမှ ရှောင်ရှားနိုင် မည်ဖြစ်သည်။
ပါမစ်မြေဆိုလျှင်လည်း စာရွက်စာတမ်းစုံလင်ခြင်းရှိမရှိ ၊
မြေကွက်ပါမစ် စာရွက်စာတမ်းများသည် အမှန်အကန်
ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်းဌာနတွင်
စုံစမ်းပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်သည်။
စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင် မြေအဆောက်အအုံ
ပိုင်ဆိုင်ခွင့်ကို ဦးစွာပဋိညာဉ်ပြုဝယ်သူအား
ဦးစားပေးဆုံးဖြတ်ရမည် " ဟု စာချုပ်စာတမ်းမှတ်ပုံတင်
အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင်
မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော
အချိန်မှာမှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ
မှတ်ပုံတင်ရန်လိုအပ်သည့် စာချုပ် စာတမ်းဖြစ်စေ ၊
မှတ်ပုံတင်ရန်မလိုအပ်သည့် စာချုပ်စာတမ်းဖြစ်စေ
စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည်ဟုပြဋ္ဌာန်းထားသည်။
ထို့ကြောင့် မိမိချုပ်ဆိုထားသော မြေအရောင်းအဝယ်
စာချုပ်သည် အခြားသူကဝယ်ယူထားသည်ဆိုသော
အရောင်းအဝယ်စာချုပ်ထက် စောသည့်နေ့ရက်၌
အရောင်းအဝယ်ပြုချုပ်ဆိုထားပါက အခွင့်အရေးရပိုင်ခွင့် ရှိပါသည်။
သို့ဖြစ်၍အိမ်ခြံမြေတိုက်ခန်းဝယ်ရာတွင် အဝယ်ထပ်နေပါက ဦးစွာ
စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ
ရပိုင်ခွင့်ရှိကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...