ဝါရင့် ပွဲစားတွေ ကိုယ်တိုင်ဂျင်းမိနေတဲ့မြေ ပါမစ်အတုပြသာနာနဲ့ ငွေထုပ်ပိုက်ဟန်းနီးမွန်းထွက်နေပြီဖြစ်တဲ့ အိမ်ခြံမြေ ဆရာကြီးများ

ဝါရင့် ပွဲစားတွေ ကိုယ်တိုင်ဂျင်းမိနေတဲ့မြေ ပါမစ်အတုပြသာနာနဲ့  ငွေထုပ်ပိုက်ဟန်းနီးမွန်းထွက်နေပြီဖြစ်တဲ့ အိမ်ခြံမြေ ဆရာကြီးများ

ဝါရင့် ပွဲစားတွေ ကိုယ်တိုင်ဂျင်းမိနေတဲ့မြေ ပါမစ်အတုပြသာနာနဲ့ 
ငွေထုပ်ပိုက်ဟန်းနီးမွန်းထွက်နေပြီဖြစ်တဲ့ အိမ်ခြံမြေ ဆရာကြီးများ
**********************

    နှစ်သောင်းတန် ဂယက် မတိုင်ခင်ကပင် ဒဂုံ   အိမ်ခြံမြေ 

ဈေးတွေ တက်ရိပ်ပြပြီး သို့လော သို့လော သတင်း တွေ

ကြောင့် အဝယ်တွေ မြေပြင် ဆင်းပြီး အလုအယက် ဝယ်ခဲ့

ကြပါတယ် ၊ တကယ် မထွတ် လာသေးတဲ့ 

ကျပ် နှစ်သောင်းတန် ငွေစက္ကူ အကြောင်းပြ နိုင်ငံရေး ထိုးနှက်မှု

တွေကြားမှာ အကြီးအကျယ် အမြတ်ထွတ် တာကတော့ 

ငွေထုပ်ပိုက် ပြီး လတ်တလော ပေါ်ပင် ဝင်လာတဲ့ အိမ်ခြံမြေ

ဆရာကြီးတွေ ဖြစ်ပါတယ် ။


    မြေချပါမစ်နဲ့ ဂရန်ဆိုရင် မြေချပါမစ်က ဆက်စပ် စာချုပ်

အဆက်ဆက် ရှိမယ် ဂရန် မပြောင်းသရွှေ့ အခွန်ဆောင်စရာ 

မလိုလို့  ဝယ်ရောင်း သမားတွေ  ပွဲစားတွေက အလုပ်ရှုပ်တဲ့ 

ဂရန်မြေ အစား မြေချပါမစ် ကိုဘဲ လက်လွှဲ လက်ပြောင်း 

ရောင်းဝယ် ကြပါတယ် ၊ မြင်ဖူးတဲ့ အရှေ့ဒဂုံက  မြေချပါမစ် 

တစ်စောင် ဆိုရင် အရောင်းအဝယ် ဆက်စပ် စာချုပ် ၈ 

ဆက်မြောက် အထိ လက်လွှဲ လက်ပြောင်း လုပ်တာ မြင်ဖူး

ပါတယ် ။ ဂရန်မြေ ဝယ်မယ်ဆိုရင် မူလပိုင်ရှင် အမည်ပေါက်

ဆီက ဝယ်မှ  စပါယ်ရှယ် ပါဝါလို့ ခေါ်တဲ့SP ရမှာဖြစ်ပြီး 

အမည်ပြောင်းဖို့ ဆိုရင်လည်း  အခွန်ဆောင်ရမှာ ရုံးလုပ်ငန်း 

အဆင့်ဆင့် တွေကြောင့် အချိန် ၆ လလောက် ကြာမြင့်ပါတယ် ၊

ဒါကြောင့်  ဝယ်ရောင်း သမားကြီးတွေ ပွဲစားတွေ က အိုးအိမ်က 
ထုတ်တဲ့ စာရွက်လေးရွက် ပါတဲ့ မြေချပါမစ်ကိုဘဲ  လက်လွှဲ

လက်ပြောင်း ရောင်းဝယ် နေကြတာ ဖြစ်ပါတယ် ။ 

 

    မြေချပါမစ်နဲ့ မြေဂရန် ဆိုရင် အနည်းဆုံး သိန်း ၅၀ ကနေ
၁၀၀ လောက်ထိ စျေးနှုန်းတွေ ကွာဟလေ့ရှိပြီး အရောင်းအဝယ် 

လွယ်တဲ့ မြေချပါမစ်က စျေးကွက်မှာ လူကြိုက်များ စျေးပိုရပါတယ်
မြေဝယ်ရောင်းသမားကြီးတွေ ဘယ်လောက်ထိ လက်စွမ်းတွေ 

ထက်ခဲ့ သလဲဆိုရင် ခြောက်လ အတွင်းမှာတင် ဘိုးဘိုးအောင် 

တန်ခိုးနဲ့ သုံးဆ မကတိုးပြီး မန်းမှုတ်လိုက် တာကြောင့် ဒဂုံအရှေ့

 / ဒဂုံဆိပ်ကမ်း / တောင်ဒဂုံ မြို့နယ်က လူမနေသေးတဲ့ ကွင်းထဲ 
အကွက်တွေ / ရေမရှိ မီးမရှိ လမ်းမရှိ ရေပြင်ဖွေးဖွေး အကွက်

တွေတောင်  အရင် သိန်း ၁၅၀ ဝန်းကျင်ကနေ သိန်း ၁၀၀၀ လောက်

အထိ  အဆင့်ဆင့် လက်ပြောင်း လက်လွှဲ မြေပုံကြည့်ပြီး အလုပ်လုပ်

ခဲ့ကြပါတယ်. အသူခံလည်သူစံ စျေးကွက်မှာ သားကောင်ဖမ်း အချဥ်

ထည့်တာ ကတော့ သူတို့ အတွက် လုပ်ရိုး လုပ်စဥ်ပါ ။


      အိမ် ခြံ မြေ ဈေးတွေ မတရား ဈေးဆွဲတင်နေတဲ့ ကာလ မှာ 

တစ်ဖက်က ရွှေဈေးကလည်း ၁၆ ပဲရည် အခေါက်ဈေးက 

တစ်ကျပ်သား ၃၂ သိန်းကနေ  ၃၈ သိန်းထိ မြင့်တက် လာပါတယ် ၊ 

ကားဈေးကလည်း ဟွန်ဒါဖစ် အနိမ့်တောင် သိန်း ၅၀၀ မပေးရင် 

မရတော့တဲ့ အနေအထားထိ ဇူလိုင် နောက်ဆုံးပတ်နဲ့ သြဂုတ်လ

 အတွင်းမှာ ဖြစ်ခဲ့ပါတယ် ။ အခုတော့ ဈေးတွေ ပြန်ကျလာလို့ 

 အိမ်ခြံမြေ ဈေးကွက် ထဲမှာလည်း အဝယ်ပျောက် ၊ 

ကားဈေးကွက်ထဲမှာလည်း ဈေးတွေ တန့်နေသလို ဈေးကစားတဲံ 

ရွှေသမားကြီးတွေ ကိုလည်း နိုင်ငံတော်က ထမင်းစားဖိတ် ထားလို့

 ဈေးကွက်က အကျဘက်ကို ရောက်လို့ လာပါပြီ ။ အခုဆိုရင် 

အခေါက်ရွှေ တစ်ကျပ်သားက ၃၆ သိန်းနဲ့ ၃၇ သိန်းကြားမှာ လွန်းထိုး

နေပါပြီ ထားကောင်း / ရောင်းစွံ့တဲ့ လူနေ မီးရတဲ့ မြေကွက်တွေ

တင်မက  အမှတ်မရှိ လမ်းမရှိ စပါးခင်းထဲက 

မြေကွက်တွေတောင် မြေပုံကြည့်ပြီး ဝယ်ရောင်းအချင်းချင်း 

လှည့်ပတ်ရောင်း လော်ဘီလုပ် ပြီး ဈေးတွေ ဆွဲတင်ခဲ့တဲ့ 

အကျိုးဆက်တွေ ရဲ့ရလာဒ် အဖြစ် အခုအခါ လယ်ကွင်း မြေကွက်

တွေတောင် သိန်း ၁၀၀၀ လောက်ခေါ်နေလို့ ဝင်ငွေနည်း မိသားစုတွေရဲ့ 

အိုးအိမ် ပိုင်ဆိုင်ခွင့် အိမ်မက်လေးတွေ အငွေ့ပျံခဲ့ ရပါပြီ ။

 ဝင်ငွေနည်း မိသားစု တွေရဲ့ အိမ်မက်တွေကို လုယူရိုက်ချိုး

ခဲ့တဲ့ ပါးနပ်တဲ့  ဝယ်ရောင်း အိမ်ခြံမြေ ဆရာကြီးများ ဝါရင့်ပွဲစားကြီး 

များလည်း အခုအချိန်မှာ  တော်တော်များများက ငွေထုတ်ပိုက် 

ဘေးထွတ်ထိုင်နေပြီး အခြေအနေကို စောင့်ကြည့်နေကြပြန်ပါပြီ ၊

လာမည့် သီတင်းဝါလ ကျွတ်တဲ့ အောက်တိုဘာလ ကုန်မှာ 

ပြန်အလုပ်လုပ်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြံဆ နေကြပါပြီ ။


          အိမ်ခြံမြေဈေးတွေ မြင့်တက်လာတဲ့ အကျိုးဆက်အဖြစ်

 ဝိသမလောဘသားတွေက  လူမှုကွန်ယက် စာမျက်နှာက အိမ်ခြံမြေ

ဂရုတွေထဲမှာ  သားကောင်ရှာရင်း အစစ်နဲ့ ခွဲမရအောင်တူနေတဲ့

မြေချပါမစ်အတုတွေ နဲ့  အရောင်းအဝယ်တွေလုပ်လာ ကြပါတယ် ၊

တစ်ချို့မြေချပါမစ် အတုတွေဆိုရင် အစစ်နဲ့ ခွဲမရအောင် တူလို့ 

သာမာန်လူ မဆိုထားနဲ့ ဝါရင့် ပွဲစားကြီး တွေတောင် ဝယ်မိပြီး အဲဒိပါမစ် 

အတုတွေ ကို အမြတ်တင် တဆင့်ခံ  ပြန်ရောင်းမိကြလို့  တိတ်တိတ်လေး 

ပြန်လျော်ရတဲ့ သတင်းတွေ ထွတ်လို့ လာပါပြီ ၊တစ်ချို့တွေ အမှတ်မှား

နေကြတာက ရှေ့နေနဲ့ ဝယ်တဲ့ မြေချပါမစ် အချို့လည်း အတုတွေ

မိနေလို့ ရှေ့နေနဲ့ ဝယ်သူတွေပါ ပြသနာ တက်လာတာ အခုတလော

တွေ့လာနေရ ပါတယ်။ အမှန်တကယ်တော့  မြေချပါမစ် အတုအစစ်ကို 

အမှန်တကယ် ခွဲခြမ်းပေး နိုင်တာကတော့ မြေချပါမစ်ကို ထုတ်ပေးတဲ့

အိုးအိမ် ဦးစီးဌာနကသာ ရာနှုန်းပြည့်ခွဲခြမ်းပေးနိုင်တာ ဖြစ်ပါတယ်၊ 

 မြေချပါမစ် ထုတ်ပေးတဲ့ ခုနှစ်မှာ လက်မှတ်ထိုးတဲ့ အရာရှိ 

အမှန်တကယ် တာဝန်ထမ်းဆောင်ခဲ့ခြင်း 
ရှိမရှိ ၊ စာရွက်အနေအထား ၊ ရုံးတံဆိပ်တွေကို ခွဲခြမ်းပေးနိုင်တာက 

အိုးအိမ်ဦးစီးဌာန မှ အရာရှိတွေသာဖြစ်ပါတယ် ။

 

          အိမ်ခြံမြေရှေ့နေ တွေဆိုတာကတော့ ဥပဒေ ပညာအရ 
အရောင်းအဝယ်ပြုလုပ်တဲ့ အခါမှာ တရားဝင်ဖြစ်အောင် ကိုယ့်ရဲ့ ဝယ်သူ 

နစ်နာမှု မရှိအောင်  ဥပဒေ နဲ့အညီဆောင်ရွက် ပေးကြရတာ ဖြစ်ပါတယ်

မြို့ကွက်သစ် တစ်ကွက်မှာ  ဝန်ထမ်း မြေကွက် တစ်ကွက်ကို ချပေးမယ် 

ဆိုရင် အိုးအိမ် ဦးစီးဌာနက မြေချပါမစ် သုံးစောင်  ရေးသား ရပါတယ် ၊ 

တစ်စောင်က မြေရရှိတဲ့ ဝန်ထမ်း ၊ တစ်စောင်က မြေချပါမစ်ရ
ဝန်ထမ်း တာဝန် ထမ်းဆောင်တဲ့ ဝန်ကြီးဌာနနဲ့ တစ်စောင်ကတော့ 

အိုးအိမ်ဦးစီးဌာနက ရုံးလက်ခံ အနေနဲ့ သိမ်းထားရပါတယ် ။
အိမ်ခြံမြေ ရှေ့နေတွေဆိုတာကတော့ ဥပဒေ ပညာအရ  အရောင်း

အဝယ်ပြုလုပ်တဲ့ အခါမှာ တရားဝင်ဖြစ်အောင် ကိုယ့်ရဲ့ ဝယ်သူ နစ်နာမှု 

မရှိအောင်  ဥပဒေ နဲ့အညီဆောင်ရွက်ပေးကြရတာဖြစ်ပြီး မြေချပါမစ် 

အတုအစစ် ခွဲခြားဖို့ ဆိုတာ အိုးအိမ် ဦးစီးဌာနရဲ့ တာဝန်ရှိ သူတွေကသာ 

အတိအကျ ဆုံးဖြတ်ပေးနိုင်တာဖြစ်ပါတယ် ၊
လောလောဆယ်  အိုးအိမ်မှာ တရားဝင် မြေချပါမစ် အတုအစစ် ခွဲခြားတဲ့ 

ကိစ္စတွေကို ရပ်ဆိုင်းထားပေမယ့်  အားလုံးကတော့ သူ့နည်းသူ့ဟန် 

သူ့အဆက်အသွယ်တွေနဲ့  စစ်ဆေးနေကြဆဲဖြစ်ပါတယ် ။


         အစစ်နဲ့ ခွဲမရအောင် တူနေတဲ့ မြေချပါမစ် အတုတွေ ထွတ်လာရတဲ့ 

အကြောင်းရင်းများစွာလည်း ရှိပါတယ် ၊ လက်လှမ်းမီ သလောက် စုံစမ်းရသမျှ

 ပြောရရင် မြေတန်ဖိုးတွေ တက်လာတဲ့ အတွက် ဝိသမ လောဘကို အခြေခံပြီး 

ထွတ်လာတာဖြစ်ပါတယ် ၊  အချို့လူလည် လူလိမ်တွေက မြေဝယ်မယ် 

ဟန်ဆောင်ပြီး  ရောင်းမယ့် သူဆီက မြေချပါမစ်ကို တောင်းကြည့်ပြီး 
ဓါတ်ပုံရိုက်ယူထားကြပါတယ် ၊ ပြီးတော့မှ ပါမစ်က အသစ် အဟောင်း ဖျတ်ရာ

ပြင်ရာပါတယ်ဆိုပြီး ပွဲဖျတ်ပါတယ် ၊ မြေရှင်ကတော့ ပွဲပျက်တယ်ဆိုပြီး  

ကိစ္စပြီးဆုံးပြီ ထားလိုက်ပေမယ့် တစ်ဖက်လူလိမ်ရဲ့ လက်ထဲမှာ တော့ 

ကိုယ့်မြေကွက်နဲ့ ပက်သက်တဲ့ အချက်အလက်တွေ ရောက်ရှိလို့ သွားပါပြီ။


          မသမာသူတွေ အနေနဲ့ ဒီအချက်အလက်တွေကို အသုံးပြုပြီး မြေချပါမစ် 

အတုတွေ လုပ်ပြီး  ဈေးသက်သက်သာသာ နဲ့ သားကောင်ရှာပြီး အချဉ်ဖမ်းကြတာ

ဖြစ်လို့ ဘုမသိ ဘမသိ ဝယ်မိတဲ့ လူတွေအနေနဲ့ ငါးပါး မက သံဃာစင်ပါ 

မှောက်မှာသေချာပါတယ် ။ အိုးအိမ်မှာ တိုက်စစ်ရင်လည်း အချက်အလက်တွေက 

အကုန်မှန်နေလို့  အချက်အလက်တွေ မှန်တယ်လို့်ဘဲ ပြန်ကြားမှာဖြစ်ပါတယ်၊ 
တကယ်စစ်ရမှာက  အရာရှိလက်မှတ် ၊ စာရွက်စာတမ်း အနေအထား ၊ ရုံးတံဆိပ်

 တွေ ကသာ အတုအစစ် ခွဲခြမ်းနိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် မြေဝယ်ပြီဆိုရင်

 အိုးအိမ်ရုံးကို လူကိုယ်တိုင်သွားပြီး စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ် ။
အခုနောက်ပိုင်း  မြေချပါမစ် အတုတွေ အများကြီးထွတ်လာနေတဲ့ သတင်း

တွေကြောင့် အိမ်ရှင်တွေကလည်း အမှန်တကယ် စရံငွေပေးနိုင်မှသာ ကိုယ့်ရဲ့

မြေချပါမစ် မူရင်းကို ထုတ်ပြ ဓာတ်ပုံ အရိုက်ခံတော့တဲ့ အထိ တစ်ဦးနဲ့ တစ်ဦး

 သံသယတွေ ကြီးမားလာပါတယ် ၊ တစ်ချက်မှားရင် တစ်သက်စာပလုံ သွားမယ့် 
အရေးဖြစ်တာကြောင့်  အိမ်ရှင်တွေ စိုးရိမ်တာကလည်း အပြစ်တော့ ပြောလို့

မရပါဘူး ၊ ငွေပိုငွေလျှံလေး ရှိလို့ မြေချပါမစ် နဲ့ မြေဝယ်မယ် ဆိုရင်တော့ 

သတင်းစာ ကြော်ငြာထည့်တာ ၊ ကိုယ်အချိန်မရွေး မြင်တွေ့နေရတဲ့ ရင်းနှီးတဲ့

လူတွေဆီကသာ ဝယ်တာ ၊ အိုးအိမ်မှာ သေသေချာချာ စစ်ဆေးတာ၊ 

စာချုပ်စာတမ်း တွေ အတွက် အိမ်ခြံမြေ ကျွမ်းကျင်တဲ့ ရှေ့နေနဲ့ တဆင့် ဝယ်ယူ

စေတာကသာ ဝယ်ယူသူတွေ အတွက် အသင့်တော်ဆုံး အမှန်ကန်ဆုံး 

ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်း လိုက်ပါတယ်၊ လူလိမ်လူညာ လူယုတ်မှာ

 ဝိသမ လောဘသား တွေရဲ့ ဘေးမှ လူတိုင်း ကင်းဝေး ကြပါစေ ။


ရာဇာအောင်
မြန်မာလူထုမီဒီယာ

Credit- ဥပဒေရေးရာ။

 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate