အိမ် ခြံ မြေ ဝယ်သူများ “ မြေချပါမစ် အတု ’’ နဲ့ လွဲစေသား

“ ကိုဗစ် ” ကာလမှာ ကားဈေးကကျ “ အိမ် ခြံ မြေ ဈေးကကြွ ” 

လာတာကို တွေ့ရတယ် ။ ထို့ကြောင့် မြို့သစ် နေအနှံ့အပြား 

လမ်းမတွေပေါ်မှာ “ အိမ် ခြံ မြေ အကျိုးဆောင် လုပ်ငန်း  ” 

တွေလည်း “ မှို ” ပေါက်သလို အထင်သား တွေ့မြင် လာရတယ် ။ 

တကယ် အရောင်း အဝယ်တွေ ဖြစ်မဖြစ် ဗေဒင် မေးစရာမလိုဘဲ

ကြေးမုံ သတင်းစာနဲ့ မြန်မာ့ အလင်း သတင်းစာတွေမှာ ရှေ့နေ

ငှားပြီး မြေကွက် ၊ ခြံကွက် ၊ တိုက်ခန်း ဝယ်တာတွေ ကန့်ကွက်

နိုင်ကြောင်း ကြော်ငြာတွေ ဖတ်ကြည့်ရင် သိနိုင်ပါတယ် ။

ဒီလို ကန့်ကွက် နိုင်ကြောင်း ကြော်ငြာ တာကိုတော့ မောင် 

ကောင်းဖေလည်း လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါတယ် ။ 

မြေကွက်  ကိုင်ထား သူတွေ ဖတ်ကြည့် တာမကြည့် 

တာကတော့ သူတို့အလုပ်လေ ။ နိုင်ငံပိုင် သတင်းစာက 

ကြော်ငြာတဲ့အတွက် တရားဝင် အရောင်း အဝယ် လုပ်တယ် 

ဆိုတာကို တစ်ပိုင်းတစ်စ ဆောင်ရွက်ပြ လိုက်တာဘဲ ။ 

သတင်းစာကြော်ငြာ စာရွက်ဟာ “ စကား မပြောသော 

သက်သေ ” ဖြစ်သွား ၊ သက်သေခံ အထောက် အထား 

ရတာပေါ့ ။

 

ပါမစ် အမည်ပေါက် မှန် ၊ မမှန် စစ်ဆေးရန် စည်ပင်

ပြေးရပြန်

======================

“ မြေချပါမစ် ” အရောင်း အဝယ် တွေဆိုရင်တော့ ဒီလို သတင်းစာ 

ကြော်ငြာရုံနဲ့တင် မလုံလောက် ဘူးလေ  ။ အဲဒီ မြေကွက်ဟာ

 မြို့တော် စည်ပင် မြေစီမံဌာန မြို့မြေ စာရင်းမှာ အမည်ပေါက် ပါ / 

မပါ ၊ ကန့်ကွက်ချက် ရှိ / မရှိ ၊ ဂရန် လျှောက်ထားခြင်း ရှိ / 

မရှိ စသဖြင့် သိနိုင်အောင် အရင်စုံစမ်း သင့်ပါတယ် ။ မြို့မြေ 

စာရင်းမှာ အမည်ပေါက်တယ် ၊ ကန့်ကွက် ချက်မရှိဘူး ၊ ဂရန်လျှောက် 

ထားခြင်း ၊ မြေပုံကူးယူ ထားခြင်း မရှိဘူး ဆိုရင်တော့ စရန် 

ငွေချဖို့ ပြင်ဆင်လို့ ရပြီပေါ့ ။

“ ပါမစ်မြေ ” ကို ဘာကြောင့် ဒီလို စစ်ရသလဲ ဆိုရင် မြို့မြေကွက်

တွေ ဖော်ထုတ်တာက မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန 

ဆောင်ရွက် ပေးတာဖြစ်တယ် ။ အဲဒီလို ဖော်ထုတ် ပြီးနောက်

 မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ မြို့ပြ စီမံကိန်းနှင့် 

မြေစီမံ ခန့်ခွဲမှုဌာနကို လွှဲပြောင်း ပေးလို့ရတယ် ။ အဲဒီလို လွှဲပြောင်း

ပေးတဲ့ အခါမှာ တစ်ချို့ မြေကွက် နံပါတ်တွေက စည်ပင်ကို 

ပါမသွားဘဲ ကွက်လပ် ကျန်ရစ်ခဲ့ တာမျိုးတွေ ရှိတယ် ။ 

အဲဒီအခါမှာ မြေချပါမစ် စာရွက်စာတမ်းတွေ ပြည့်စုံပါလျက် 

မြို့မြေစာရင်းမှာ အမည်ပေါက် မရှိတာ မျိုးတွေလည်း ရှိတယ် ။

 အဲဒါ ဆိုရင်လည်း မြို့တော် စည်ပင်ကနေ အိုးအိမ် ပြန်မေး 

နေရတော့ အချိန်တစ်နှစ် လောက်ကြာ သွားတတ် တာမျိုး 

တွေလည်း ရှိကြတယ် ။

 

ကျွမ်းကျင်သူ ကိုရှာ ပါမစ် မှန် / မမှန် စစ်ဆေးပါ

=======================

အဲဒီထက် အခြေအနေ ဆိုးတာက အခုလို အိမ် ခြံ မြေ 

အရောင်း အဝယ် တွေကောင်း လာတဲ့ အခါမှာ မြေချပါမစ် 

ဝယ်ရတာ အထူး ဂရုစိုက် ရမယ့်ကာလ ဖြစ်လာနေပြီး 

အထက်ကပြောခဲ့သလို သတင်းစာ ကြော်ငြာတာ ၊ စည်ပင် 

မြေကွက် ပြေးစစ်တာနဲ့တင် မလုံလောက် တော့ဘူး ။ ပါမစ် 

မြေကွက် ဝယ်ပြီဆိုရင် ကျွမ်းကျင်သူ ထံမှာ ပြသပြီး ပါမစ် 

အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုချက်ရမှ ဝယ်ယူသင့် 

တဲ့အချိန် ရောက်နေ ပါပြီ ။ ဘာကြောင့်လဲ ဆိုတော့ 

ရှေ့နေကတော့ လာငှားရင် သတင်းစာမှာ ကြော်ငြာ ပေးလိုက် 

မှာဘဲ ။ အဲဒီ အတူဘဲ စည်ပင် မြေစီမံ ဌာနကလည်း အမည်ပေါက် 

မှန် / မမှန် လျှောက် ထားလာရင် မြို့မြေ စာရင်းနဲ့ တိုက်ဆိုင် 

စစ်ဆေးပြီး အကြောင်းပြန် ပေးလိုက်မှဘဲ ။ အခက်ဆုံးက 

စရန်ငွေပေးပြီးူ အပိုင်ဝယ်ယူ တော့မယ် ။ ပါမစ်မူရင်းဟာ 

အတုအစစ် ခွဲခြား သိနိုင်ဖို့အတွက် ဝယ်သူအများစုကတော့ 

အိမ် ခြံ မြေ အကျိုးဆောင်နဲ့ ရှေ့နေတွေကိုဘဲ အားကိုးကြတာဘဲ  ။

အတု အစစ် ခွဲခြားပေးဖို့ဆိုတာ အကျိုးဆောင် ရှေ့နေ 

တွေကလည်း မိမိတို့ရဲ့  လုပ်သက် အတွေ့အကြုံအရဘဲ 

ခန့်မှန်းပေး နိုင်ကြတာလေ ။ ပါမစ်တွေကို တကယ် ထုတ်ပေးခဲ့တဲ့

 မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိ သူလောက် 

ဘယ်သူမှ သိနိုင်ကြမှာ မဟုတ်ဘူးလေ ။ ဒါကြောင့် ပါမစ်မြေကွက် 

ဝယ်ပြီဆိုရင်တော့ အိုးအိမ် ရုံးမှာသွားပြီး ပြေးစစ်တာက 

စိတ်အချရဆုံးပါ ။

 

ပါမစ် အစစ်ရဲ့ သဘော ခန့်မှန်းပြော

=======================

စာရေး သူတို့ သိခွင့် ရတာလေးတွေ ဗဟုသုတက ဖြန့်ဝေရရင် 

၁၉၉၀ ခုနှစ်မှ ၁၉၉၈ ခုနှစ် လောက်အထိ ထုတ်ပေးခဲ့တဲ့ ပါမစ် 

စာရွက် တွေမှာတော့ အိုးအိမ် ဒုတိယ ညွှန်ကြား ရေးမှူး( ၃ ) ဦး 

( သို့ ) ( ၄ ) ဦး ခန့်လောက်ရဲ့ လက်မှတ်နဲ့ ရုံးစည်းတံဆိပ်တွေ 

ရပါတယ် ။ အဲဒီ လက်မှတ် တွေကလည်း မြေကွက်ရသူနဲ့ ရာဇဝင် 

အကျဉ်းချုပ် စာမျက်နှာနဲ့ ဓာတ်ပုံ နောက်ကျောမှာ သာ ရေးထိုး 

ပေးလေ့ ရှိတာကို တွေ့ရပါတယ် ။ အိမ်ရာ ဆောက်လုပ်ခွင့်နဲ့

 မှီခိုသူ စာရင်းစာရွက် တွေမှာတော့ အိုးအိမ် ဦးစီးအရာရှိက 

လက်မှတ်ထိုး စည်းတံဆိပ်အဝိုင်း ရိုက်ထားတာကို တွေ့ရပါတယ် ။

မြေချ ပါမစ် စာရွက်တွေဟာ ဝါကျင့်ကျင့် စစ်တောင်း စက္ကူတွေ

ပေါ်မှာ ပုံနှိပ်ရေသွင်းတာ တွေ့ရပါတယ် ။ အခုဆိုရင် ( ၂၅ ) နှစ် 

( ၃၀ ) နှစ်လောက် ရှိပြီဆိုတော့ ဟောင်းနွမ်းပြီး စာရွက်နှုတ်ခမ်း

သားတွေကို သတိထား ကိုင်ရပါတယ် ။ ရုံးစည်း တံဆိပ် အဝိုင်းတွေ 

ဆိုရင်လည်း " မှုံ ”ဝါးဝါး ဖြစ်နေ ကြပါပြီ ။ ပါမစ် လက်ပြောင်း 

လက်လွှဲများရင် ပိုပြီးသတိထား ကိုင်တွယ်ရတာပေါ့ ။ ဒါက 

မြေချ ပါမစ် အစစ်ရဲ့ သဘာဝကို ခန့်မှန်း ပေးလိုက် ရတာပါ ။

အဲဒီလို မဟုတ်ဘဲ အခု ဈေးကွက်ထဲမှာ မိမိတို့ ဝယ်ယူ တော့မယ့် 

ပါမစ်စာရွက်တွေဟာ ၁၉၉၈ ခုနှစ်လောက်က ထုတ်ပေးထားတဲ့ 

စာရွက်တွေ ဖြစ်ပါလျက် စာရွက် အသစ်ကဲ့သို့ ထူထူထဲထဲ

 ဖြစ်နေမယ် ။ ဝါညစ်ညစ် ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ 

ဖန်တီးထားမယ် ။ ပြီးတော့ ဒုတိယ ညွှန်ကြား ရေးမှူး လက်မှတ် ၊ 

အိုးအိမ် ဦးစီးအရာရှိ တွေရဲ့ လက်မှတ်တွေဟာ ဘောပင်မှင်ရောင် 

ထင်ရှားနေမယ် ။ လက်မှတ် ရေးထိုးနေကျ ပုံစံအတိုင်း 

အဆွဲအရစ် မတူဘဲ ဖြစ်နေမယ်ဆိုရင် သတိထား ရပါတော့မယ် ။

ဒီထက် ပိုဆိုးတာက စာရွက်တိုင်းရဲ့ လက်မှတ်တွေဟာ 

မကြာသေးမီက ထိုးထား သကဲ့သို့ ဘောပင် မှင်ရောင်တွေဟာ 

တောက်ပ နေမယ် ။ ရုံးစည်း တံဆိပ်အဝိုင်းနဲ့ အရာရှိ လက်မှတ် 

အောက်က တံဆိပ်တုံးမှင်ရောင်တွေဟာ အသစ်ကဲ့သို့ လင်းလက် 

တောက်ပနေပြီ ဆိုရင်တော့ အဲဒီ ပါမစ် စာရွက်တွေဟာ ဝယ်ယူဖို့ 

မသင့်ပါကြောင်း ဗဟုသုတမျှဝေ လိုက်ပါတယ် ။

အိမ် ခြံ မြေ ဝယ်သူများ ပါမစ်အတုနဲ့ လွှဲပါ​စေ ။

 

လွှတ်တော် ရှေ့နေ မောင်ကောင်းဖေ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate